Zawgyi

Huawei ကေန ကုမၸဏီရဲ႕ ပထမဆုံး Foldable ဖုန္းျဖစ္တဲ့ Huawei Mate X ကို လာမယ့္ ႏိုဝင္ဘာလ ၁၅ ရက္ေန႔မွာ တ႐ုတ္ႏိုင္ငံမွာ စတင္ေရာင္းခ်သြားမွာျဖစ္ပါတယ္။ ဒါေပမယ့္လည္း Huawei ကေန အခု Huawei Mate X ထက္ပိုေကာင္းတဲ့ Mate Xs ကို လာမယ့္ ၂၀၂၀ မွာ မိတ္ဆက္သြားဖို႔ အတည္ျပဳလိုက္ပါၿပီ။

အဆိုပါ Huawei Mate Xs စမတ္ဖုန္းအသစ္ဟာ Design ပိုင္းအရေတာ့ လက္ရွိ Huawei Mate X နဲ႔ ဆင္တူတယ္လို႔ ေျပာႏိုင္ၿပီးေတာ့ အဓိကကြာျခားခ်က္အေနနဲ႔ Kirin 980 Processor အစား Kirin 990 Processor ကို ေျပာင္းလဲအသုံးျပဳလာမွာပဲျဖစ္ပါတယ္။ Kirin 990 Processor ဟာ Huawei ရဲ႕ ေနာက္ဆုံးထြက္ Flagship Processor တစ္ခုျဖစ္ၿပီးေတာ့ လက္ရွိမွာ Huawei Mate 30 Series စမတ္ဖုန္းေတြမွာပဲ အသုံးျပဳထားေသးတာျဖစ္ပါတယ္။

Huawei ရဲ႕ CEO Richard Yu ကလည္း အခု Huawei Mate X နဲ႔ Mate Xs ရဲ႕ ကြာျခားခ်က္က Processor ပိုင္း Upgrade လုပ္တာပဲျဖစ္ၿပီးေတာ့ က်န္တဲ့အပိုင္းေတြမွာ ေျပာင္းလဲမႈရွိမရွိကို အတည္ျပဳသြားျခင္းမရွိေသးပါဘူး။ ဘာပဲျဖစ္ျဖစ္ Kirin 990 Processor က 5G Modem Built-in ပါလာတဲ့အတြက္ 5G Network မွာလည္း ပိုၿပီး ျမန္ဆန္လာမွာပါ။

Huawei က အခု Huawei Mate Xs စမတ္ဖုန္းကို လာမယ့္ ၂၀၂၀ ခုႏွစ္ မတ္လမွာ မိတ္ဆက္သြားမယ္လို႔ အတည္ျပဳသြားခဲ့ၿပီး ျဖစ္ႏိုင္တာက Huawei P40 Series ဖုန္းေတြနဲ႔အတူ မိတ္ဆက္လာႏိုင္ဖြယ္ရွိေနပါတယ္။ ဒါေပမယ့္ Google Apps ေတြနဲ႔ Service ေတြပါဝင္မလားဆိုတာကေတာ့ ဆက္လက္ေစာင့္ၾကည့္ရဦးမွာပါ။

Ref – Android Authority

Unicode

Huawei ကနေ ကုမ္ပဏီရဲ့ ပထမဆုံး Foldable ဖုန်းဖြစ်တဲ့ Huawei Mate X ကို လာမယ့် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ တရုတ်နိုင်ငံမှာ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Huawei ကနေ အခု Huawei Mate X ထက်ပိုကောင်းတဲ့ Mate Xs ကို လာမယ့် ၂၀၂၀ မှာ မိတ်ဆက်သွားဖို့ အတည်ပြုလိုက်ပါပြီ။

အဆိုပါ Huawei Mate Xs စမတ်ဖုန်းအသစ်ဟာ Design ပိုင်းအရတော့ လက်ရှိ Huawei Mate X နဲ့ ဆင်တူတယ်လို့ ပြောနိုင်ပြီးတော့ အဓိကကွာခြားချက်အနေနဲ့ Kirin 980 Processor အစား Kirin 990 Processor ကို ပြောင်းလဲအသုံးပြုလာမှာပဲဖြစ်ပါတယ်။ Kirin 990 Processor ဟာ Huawei ရဲ့ နောက်ဆုံးထွက် Flagship Processor တစ်ခုဖြစ်ပြီးတော့ လက်ရှိမှာ Huawei Mate 30 Series စမတ်ဖုန်းတွေမှာပဲ အသုံးပြုထားသေးတာဖြစ်ပါတယ်။

Huawei ရဲ့ CEO Richard Yu ကလည်း အခု Huawei Mate X နဲ့ Mate Xs ရဲ့ ကွာခြားချက်က Processor ပိုင်း Upgrade လုပ်တာပဲဖြစ်ပြီးတော့ ကျန်တဲ့အပိုင်းတွေမှာ ပြောင်းလဲမှုရှိမရှိကို အတည်ပြုသွားခြင်းမရှိသေးပါဘူး။ ဘာပဲဖြစ်ဖြစ် Kirin 990 Processor က 5G Modem Built-in ပါလာတဲ့အတွက် 5G Network မှာလည်း ပိုပြီး မြန်ဆန်လာမှာပါ။

Huawei က အခု Huawei Mate Xs စမတ်ဖုန်းကို လာမယ့် ၂၀၂၀ ခုနှစ် မတ်လမှာ မိတ်ဆက်သွားမယ်လို့ အတည်ပြုသွားခဲ့ပြီး ဖြစ်နိုင်တာက Huawei P40 Series ဖုန်းတွေနဲ့အတူ မိတ်ဆက်လာနိုင်ဖွယ်ရှိနေပါတယ်။ ဒါပေမယ့် Google Apps တွေနဲ့ Service တွေပါဝင်မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

Ref – Android Authority