Zawgyi

ယေန႔မွာ တရုတ္ျပည္တြင္းမွ သတင္းရင္းျမစ္ေတာ္ေတာ္မ်ားမ်ားက Huawei ဟာ သူတုိ႔ကိုယ္ပုိင္ မုိဘုိင္း OS (HongMeng) ကို အသုံးျပဳထားတဲ့ ဟန္းဆက္မ်ားအား အခုႏွစ္ ေအာက္တိုဘာေလာက္မွာ ထုတ္လုပ္သြားဖို႔ အသင့္ျဖစ္ေနၿပီလို႔ ေဖာ္ျပလာၾကပါတယ္။ HongMeng OS ဟာ ႏုိင္ငံတကာေစ်းကြက္ေတြကိုေတာ့ Ark OS နာမည္နဲ႔ ထြက္လာမွာပါ။

ဒါေပမယ့္ သူတုိ႔ရဲ႕ Flagship စီးရီးျဖစ္တဲ့ Mate 30 ကေတာ့ ကိုယ္ပုိင္ OS နဲ႔ထြက္လာမယ့္အထဲမွာ မပါေသးဘူးလို႔ ဆုိကာ Entry Level ကေန Midrange တန္းဖုန္းေတြမွာ ပါဝင္ဖို႔ေတာ့ ေသခ်ာပါတယ္။ ဂလုိဘယ္တုိင္းမ္ရဲ႕ ေဖာ္ျပခ်က္အရ OS အသစ္ဟာ Tencent ရဲ႕ပူးေပါင္းပါဝင္မႈနဲ႔ ထုတ္လုပ္ထားတာျဖစ္ၿပီး Oppo နဲ႔ Vivo တုိ႔ကလည္း အတူပါဝင္စမ္းသပ္ေပးခဲ့ရာမွာ Google ရဲ႕ Android ထက္ 60% ပိုျမန္တာကို ေတြ႕ခဲ့ရတယ္လို႔ ဆိုပါတယ္။

တရုတ္ျပည္ရဲ႕ျပင္ပမွာ စမ္းသပ္ဖို႔အတြက္ေတာ့ ႏုိင္ငံတကာသုံးစြဲသူေတြရဲ႕ လိုအပ္ခ်က္ေတြကို ခ်က္ခ်င္း ျဖည့္ဆည္းေပးဖို႔ မျဖစ္ႏုိင္ေသးမွာေၾကာင့္ Huawei က ထုတ္လုပ္ဖို႔ကို အနည္းငယ္ေနာက္ဆုတ္ခဲ့တယ္လို႔ ဆုိပါတယ္။ အခ်ိန္ယူၿပီး ေကာင္းမြန္စြာတည္ေဆာက္ၿပီးတဲ့အခါမွာေတာ့ ဂလိုဘယ္ေစ်းကြက္ထဲကို ေပးပို႔မယ့္ Tier အျမင့္ဖုန္းေတြမွာပါ ျမင္လာရမွာျဖစ္ၿပီး P40 စီးရီးေတြမွာပါ ပါဝင္လာႏုိင္ေျခရွိပါတယ္။

ကၽြမ္းက်င္သူေတြကေတာ့ အေမရိကန္ႏုိင္ငံရဲ႕ ပိတ္ဆုိ႔မႈကို ခံေနရေပမယ့္ Huawei ဟာ ၂၀၁၈ ခုႏွစ္က စမတ္ဖုန္း အလုံးသန္း ၂၀၀ တင္ပို႔ခဲ့တဲ့ စံခ်ိန္ကို ထပ္မံေက်ာ္ျဖတ္ကာ ဒီႏွစ္အတြင္းမွာ ၂၁၅ သန္း ကေန ၂၂၅ သန္းအတြင္း တင္ပို႔ႏုိင္မယ္လို႔ အကဲျဖတ္ၾကပါတယ္။ ဒါဟာ ကမာၻ႕ဒုတိယအႀကီးဆုံး စမတ္ဖုန္းထုတ္လုပ္သူ ေနရာကို ျမဲျမံစြာထိန္းထားေစႏုိင္မွာ ျဖစ္ေပမယ့္ သူတုိ႔ရဲ႕ ရည္မွန္းခ်က္ျဖစ္တဲ့ ကမာၻ႕ပထမေနရာအတြက္ကိုေတာ့ ေခတၱလက္ေလ်ာ့ထားရဦးမွာပါ။

Ref – GSM Arena

Unicode

ယနေ့မှာ တရုတ်ပြည်တွင်းမှ သတင်းရင်းမြစ်တော်တော်များများက Huawei ဟာ သူတို့ကိုယ်ပိုင် မိုဘိုင်း OS (HongMeng) ကို အသုံးပြုထားတဲ့ ဟန်းဆက်များအား အခုနှစ် အောက်တိုဘာလောက်မှာ ထုတ်လုပ်သွားဖို့ အသင့်ဖြစ်နေပြီလို့ ဖော်ပြလာကြပါတယ်။ HongMeng OS ဟာ နိုင်ငံတကာဈေးကွက်တွေကိုတော့ Ark OS နာမည်နဲ့ ထွက်လာမှာပါ။

ဒါပေမယ့် သူတို့ရဲ့ Flagship စီးရီးဖြစ်တဲ့ Mate 30 ကတော့ ကိုယ်ပိုင် OS နဲ့ထွက်လာမယ့်အထဲမှာ မပါသေးဘူးလို့ ဆိုကာ Entry Level ကနေ Midrange တန်းဖုန်းတွေမှာ ပါဝင်ဖို့တော့ သေချာပါတယ်။ ဂလိုဘယ်တိုင်းမ်ရဲ့ ဖော်ပြချက်အရ OS အသစ်ဟာ Tencent ရဲ့ပူးပေါင်းပါဝင်မှုနဲ့ ထုတ်လုပ်ထားတာဖြစ်ပြီး Oppo နဲ့ Vivo တို့ကလည်း အတူပါဝင်စမ်းသပ်ပေးခဲ့ရာမှာ Google ရဲ့ Android ထက် 60% ပိုမြန်တာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

တရုတ်ပြည်ရဲ့ပြင်ပမှာ စမ်းသပ်ဖို့အတွက်တော့ နိုင်ငံတကာသုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို ချက်ချင်း ဖြည့်ဆည်းပေးဖို့ မဖြစ်နိုင်သေးမှာကြောင့် Huawei က ထုတ်လုပ်ဖို့ကို အနည်းငယ်နောက်ဆုတ်ခဲ့တယ်လို့ ဆိုပါတယ်။ အချိန်ယူပြီး ကောင်းမွန်စွာတည်ဆောက်ပြီးတဲ့အခါမှာတော့ ဂလိုဘယ်ဈေးကွက်ထဲကို ပေးပို့မယ့် Tier အမြင့်ဖုန်းတွေမှာပါ မြင်လာရမှာဖြစ်ပြီး Mate 30 နဲ့ P40 စီးရီးတွေမှာပါ ပါဝင်လာနိုင်ခြေရှိပါတယ်။

ကျွမ်းကျင်သူတွေကတော့ အမေရိကန်နိုင်ငံရဲ့ ပိတ်ဆို့မှုကို ခံနေရပေမယ့် Huawei ဟာ ၂၀၁၈ ခုနှစ်က စမတ်ဖုန်း အလုံးသန်း ၂၀၀ တင်ပို့ခဲ့တဲ့ စံချိန်ကို ထပ်မံကျော်ဖြတ်ကာ ဒီနှစ်အတွင်းမှာ ၂၁၅ သန်း ကနေ ၂၂၅ သန်းအတွင်း တင်ပို့နိုင်မယ်လို့ အကဲဖြတ်ကြပါတယ်။ ဒါဟာ ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်းထုတ်လုပ်သူ နေရာကို မြဲမြံစွာထိန်းထားစေနိုင်မှာ ဖြစ်ပေမယ့် သူတို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ကမ္ဘာ့ပထမနေရာအတွက်ကိုတော့ ခေတ္တလက်လျော့ထားရဦးမှာပါ။

Ref – GSM Arena