Zawgyi

လက္ရွိအခ်ိန္မွာ ဒုတိယေျမာက္ Foldable Phone ျဖစ္တဲ့ Huawei Mate X ဟာ အခ်ိန္အေတာ္ၾကာ Delay ျဖစ္ၿပီးေနာက္ဆုံးမွာေတာ့ ေရာင္းခ်မယ့္ရက္ကို တရားဝင္ေၾကညာလိုက္ၿပီျဖစ္ပါတယ္။

Huawei Mobile ရဲ႕ ေျပာၾကားခ်က္အရေတာ့ ကုမၸဏီရဲ႕ ပထမဆုံးေသာ Foldable Phone ျဖစ္တဲ့ Huawei Mate X ဟာ လာမယ့္ ႏိုဝင္ဘာလ ၁၅ ရက္ေန႔မွာ တ႐ုတ္ႏိုင္ငံမွာ စတင္ေရာင္းခ်သြားမွာျဖစ္ၿပီးေတာ့ ႏိုင္ငံတကာေစ်းကြက္မွာ ေရာင္းခ်ဖို႔ကိုေတာ့ ညႇိႏႈိင္းေနတုန္းျဖစ္တယ္လို႔ သိရပါတယ္။ တ႐ုတ္ႏိုင္ငံမွာ ေရာင္းခ်မယ့္ေစ်းႏႈန္းအေနနဲ႔ကေတာ့ တ႐ုတ္ယြမ္ေငြ ၁၆,၉၉၉ ျဖစ္ၿပီးေတာ့ ျမန္မာေငြက်ပ္ ၃၇ သိန္းဝန္းက်င္က်သင့္မွာပါ။

အခု ေရာင္းခ်မယ့္ Huawei Mate X ဖုန္းဟာ Galaxy Fold လိုမ်ိဳး အတြင္းဘက္ကို ေခါက္ခ်ိဳးတာမ်ိဳးမဟုတ္ဘဲ အျပင္ဘက္ကို ျဖန္႔ခ်တဲ့ Foldable Phone ျဖစ္တဲ့အတြက္ ျဖန္႔လိုက္ရင္ 8″ Display ၊ ေခါက္ထားမယ္ဆိုရင္ 6.6″ Primary Display နဲ႔ 6.38″ Back Display ၂ ခုနဲ႔ အသုံးျပဳႏိုင္မွာပါ။

Performance ပိုင္းအေနနဲ႔ကေတာ့ Kirin 980 Processor ကိုပဲ အသုံးျပဳလာမွာျဖစ္ၿပီး RAM 8GB နဲ႔ Storage 512GB ပါဝင္မွာျဖစ္ပါတယ္။ Balong 5000 5G Modem ပါဝင္တဲ့အတြက္ 5G Network ကိုပါ အသုံးျပဳႏိုင္မွာပါ။ Battery အေနနဲ႔ 4500mAh Battery ပါဝင္မွာျဖစ္ၿပီးေတာ့ 55W Super Charge စနစ္ေၾကာင့္ နာရီဝက္အတြင္း 85% အထိ ျပန္လည္အားသြင္းႏိုင္မွာလည္းျဖစ္ပါတယ္။

Huawei ကေတာ့ အခု Huawei Mate X ကို ႏိုင္ငံတကာမွာ ေရာင္းခ်ျဖစ္တယ္ဆိုရင္ Google App နဲ႔ Services ေတြပါ ပါဝင္မလားဆိုတာကိုေတာ့ အတည္ျပဳသြားျခင္းမရွိပါဘူး။

Ref – The Verge

Unicode

လက်ရှိအချိန်မှာ ဒုတိယမြောက် Foldable Phone ဖြစ်တဲ့ Huawei Mate X ဟာ အချိန်အတော်ကြာ Delay ဖြစ်ပြီးနောက်ဆုံးမှာတော့ ရောင်းချမယ့်ရက်ကို တရားဝင်ကြေညာလိုက်ပြီဖြစ်ပါတယ်။

Huawei Mobile ရဲ့ ပြောကြားချက်အရတော့ ကုမ္ပဏီရဲ့ ပထမဆုံးသော Foldable Phone ဖြစ်တဲ့ Huawei Mate X ဟာ လာမယ့် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ တရုတ်နိုင်ငံမှာ စတင်ရောင်းချသွားမှာဖြစ်ပြီးတော့ နိုင်ငံတကာစျေးကွက်မှာ ရောင်းချဖို့ကိုတော့ ညှိနှိုင်းနေတုန်းဖြစ်တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံမှာ ရောင်းချမယ့်စျေးနှုန်းအနေနဲ့ကတော့ တရုတ်ယွမ်ငွေ ၁၆,၉၉၉ ဖြစ်ပြီးတော့ မြန်မာငွေကျပ် ၃၇ သိန်းဝန်းကျင်ကျသင့်မှာပါ။

အခု ရောင်းချမယ့် Huawei Mate X ဖုန်းဟာ Galaxy Fold လိုမျိုး အတွင်းဘက်ကို ခေါက်ချိုးတာမျိုးမဟုတ်ဘဲ အပြင်ဘက်ကို ဖြန့်ချတဲ့ Foldable Phone ဖြစ်တဲ့အတွက် ဖြန့်လိုက်ရင် 8″ Display ၊ ခေါက်ထားမယ်ဆိုရင် 6.6″ Primary Display နဲ့ 6.38″ Back Display ၂ ခုနဲ့ အသုံးပြုနိုင်မှာပါ။

Performance ပိုင်းအနေနဲ့ကတော့ Kirin 980 Processor ကိုပဲ အသုံးပြုလာမှာဖြစ်ပြီး RAM 8GB နဲ့ Storage 512GB ပါဝင်မှာဖြစ်ပါတယ်။ Balong 5000 5G Modem ပါဝင်တဲ့အတွက် 5G Network ကိုပါ အသုံးပြုနိုင်မှာပါ။ Battery အနေနဲ့ 4500mAh Battery ပါဝင်မှာဖြစ်ပြီးတော့ 55W Super Charge စနစ်ကြောင့် နာရီဝက်အတွင်း 85% အထိ ပြန်လည်အားသွင်းနိုင်မှာလည်းဖြစ်ပါတယ်။

Huawei ကတော့ အခု Huawei Mate X ကို နိုင်ငံတကာမှာ ရောင်းချဖြစ်တယ်ဆိုရင် Google App နဲ့ Services တွေပါ ပါဝင်မလားဆိုတာကိုတော့ အတည်ပြုသွားခြင်းမရှိပါဘူး။

Ref – The Verge