Huawei ရဲ့ ကိုယ်ပိုင် Operating System ဖြစ်တဲ့ HarmonyOS (Homgmeng OS) ဟာ လက်ရှိအချိန်မှာ Version 2.0 အထိ ရောက်ရှိနေပြီဖြစ်ပါတယ်။ မကြာခင်မှာလည်း စမတ်ဖုန်းတွေအတွက် မိတ်ဆက်သွားဖို့ရှိနေပေမယ့် လောလောဆယ်မှာတော့ တခြားသော Smart Device တွေမှာ အရင်အသုံးပြုနိုင်မယ်လို့ ယူဆရပါတယ်။

အခုလည်း Huawei ကနေ မော်တော်ကားတွေမှာ အသုံးပြုဖို့အတွက် Smart Screen နည်းပညာအသစ်ကို မကြာခင်မိတ်ဆက်သွားတော့မယ်ဆိုပြီး သတင်းတွေထွက်ရှိနေပြီဖြစ်ပါတယ်။ ပိုပြီးထူးခြားတာကတော့ အဆိုပါ Smart Screen အသစ်တွေဟာ Huawei ရဲ့ ကိုယ်ပိုင် HarmonyOS ကို အသုံးပြုလာမှာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကတော့ Huawei ရဲ့ Consumer Business CEO ဖြစ်တဲ့ Yu Cheng ကိုယ်တိုင်ကနေ Huawei Smart Screen နည်းပညာဟာ Home ၊ Office ၊ Car နဲ့ Sport ဆိုပြီး နေရာ ၄ နေရာအတွက် ထုတ်လုပ်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါသေးတယ်။ အဆိုပါ Smart Screen ကိုတော့ Huawei Electric Technology Co., Ltd. နာမည်နဲ့ မတည်ငွေ ယွမ် သန်း ၂၅၀ တည်ထောင်ထားတာဖြစ်ပြီး Huawei ကပဲ တစ်ဦးတည်းပိုင်ဆိုင်တာဖြစ်ပါတယ်။

Huawei ဟာ ပြီးခဲ့တဲ့လပိုင်းတုန်းက ပြုလုပ်သွားခဲ့တဲ့ Huawei Developer Conference 2020 မှာတော့ မော်တော်ကားတွေအတွက် HMS ကို မိတ်ဆက်ခဲ့ပြီး Volvo ၊ Hongqi အပါအဝင် တရုတ်နိုင်ငံကားထုတ်လုပ်သူအများအပြားနဲ့ ပူးပေါင်းထားတာလည်းဖြစ်ပါတယ်။ အဲ့အတွက်လာမယ့် Smart Screen နည်းပညာကိုလည်း တရုတ်နိုင်ငံတွင်းမှာပဲ ချပြသွားဖို့များနေပါတယ်။

Ref – Gizmo China