Huawei ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Enjoy 20 နဲ့ Enjoy 20 Plus တို့ကို ကြေညာခဲ့ပါတယ်။ ဒါပေမယ့်လည်း Huawei ဟာ ဒီလထဲမှာ ထုတ်ကုန် အသစ်တွေကို ထပ်မိတ်ဆက်ဖို့ ရှိနေပါတယ်။ အဲဒါတွေက နားကြပ် ၂ ခု၊ စမတ်နာရီ ၂ လုံးနဲ့ လက်ပ်တော့ ၂ လုံးတို့ ဖြစ်ပါတယ်။

Huawei က FreeBuds Pro ရဲ့ Teaser ကို မျှဝေထားပြီး Active Noise Cancellation ပိုကောင်းလာမယ်လို့ သိရပါတယ်။ အရင်ရောင်းချထားတဲ့ FreeBuds 3 မှာတော့ ANC မပါလာတဲ့အတွက် မျိုးဆက်သစ်မှာ ပါလာတာ ဝမ်းသာစရာပါ။

နောက်ထပ် ဘလူးတု နားကြပ် ၁ ခုကိုလည်း ကြေညာမှာ ဖြစ်ပြီး လည်ပင်းမှာ ချိတ်ဆွဲ ဝတ်ဆင်ရတဲ့ ဒီဇိုင်းပါ။ အဲဒီ နားကြပ်က မနေ့တနေ့ကမှ ကြေညာထားတဲ့ Huawei FreeLace Pro ဖြစ်နိုင်ပြီး Double Active Noise Cancellation နဲ့ USB-C Fast Charging တွေ ပါလာပါတယ်။

ကြေညာမယ့် နောက်ထပ် ထုတ်ကုန် ၁ ခုက Huawei Watch GT2 Pro စမတ်နာရီ ဖြစ်နိုင်ပြီး မျက်နှာပြင်ဘေးဘောင်တွေက ပေါက်ကြား ဓါတ်ပုံတွေထဲကနဲ့ တူပါတယ်။ နောက်ထပ် စမတ်နာရီ ၁ လုံးက Huawei Watch Fit လို စမတ်လက်ပတ် ဒီဇိုင်း ဖြစ်ပါတယ်။

Huawei ကြေညာမယ့်အထဲမှာ MateBook လက်ပ်တော့ အသစ် ၂ လုံးလည်း ပါလာမှာ ဖြစ်ပါတယ်။ MateBook X Pro 2020 ကို ရောင်းချထားတာ တော်တော်ကြာနေပါပြီ။ ဒီနှစ် အစောပိုင်းမှာလည်း MateBook D နဲ့ MateBook 13 တို့ကို ချပြခဲ့ပြီးပြီ ဖြစ်တဲ့အတွက် လက်ပ်တော့ အသစ်တွေရဲ့ နာမည်တွေကို မှန်းဆရခက်ပါတယ်။

Ref : gsmarena