[Zawgyi]

Huawei အတြက္ Hardware ေတြေထာက္ပံ့ေပးေနတဲ့ လုပ္ငန္းဘက္က ထြက္ေပၚလာတဲ့သတင္းအရ တ႐ုတ္နည္းပညာကုမၸဏီဟာ Qualcomm နဲ႔ MediaTek ကို မွီခိုရတာ ေလွ်ာ့ခ်ဖို႔အတြက္ ႀကိဳးပမ္းေနတယ္လို႔ သိရပါတယ္။ Huawei ဟာ အဆိုပါကုမၸဏီႏွစ္ခုရဲ႕ Chip ေတြအစား သူတို႔ရဲ႕ HiSilicon ေတြနဲ႔ပဲ အစားထိုးခ်င္ေနတာ ျဖစ္ပါတယ္။

Huawei အေနနဲ႔ ၂၀၁၉ ခုႏွစ္ရဲ႕ က်န္ရွိေနေသးတဲ့ ဒုတိယႏွစ္ဝက္အတြက္ ကုမၸဏီထုတ္ စမတ္ဖုန္းေတြရဲ႕ ၆၀ ရာခိုင္ႏႈန္းအထိ ကိုယ္ပိုင္ Chipset ေတြထည့္သြင္းအသုံးျပဳႏိုင္ဖို႔လည္း ေမွ်ာ္မွန္းထားေၾကာင္း သိရပါတယ္။ ၂၀၁၈ ခုႏွစ္ ဒုတိယႏွစ္ဝက္နဲ႔ ႏႈိင္းယွဥ္မယ္ဆိုရင္ Kirin SoCs ကို Huawei ဖုန္းေတြမွာ သုံးတာ ၄၀ ရာခိုင္ႏႈန္းထက္နည္းခဲ့ေပမယ့္ ၂၀၁၉ ပထမႏွစ္ဝက္မွာေတာ့ သူ႔ရဲ႕ကိုယ္ပိုင္ Chip ေတြကို သုံးတာက ၄၅ ရာခိုင္ႏႈန္းေလာက္ ျဖစ္ခဲ့ပါတယ္။

ဒါေၾကာင့္ Huawei အေနနဲ႔ ၂၀၁၉ ခုႏွစ္ရဲ႕ ဒုတိယႏွစ္ဝက္အတြင္း လုပ္ငန္းစီမံခ်က္အရ သန္း ၂၇၀ တင္ပို႔ေရာင္းခ်ဖို႔ ရွိတဲ့အထဲက သန္း၁၅၀ ေက်ာ္မွာ Kirin SoC ေတြ သုံးလာမယ္လို႔ ဆိုပါတယ္။ Huawei ဟာ High-end mobile SoC ကို စတင္ခဲ့တာ ကာလအေတာ္ၾကာခဲ့ၿပီ ျဖစ္ပါတယ္။ ဒါေပမယ့္ Mid-range နဲ႔ Low-end အေတာ္မ်ားမ်ားမွာေတာ့ Qualcomm နဲ႔ MediaTek chip ေတြကိုပဲ မွီခိုေနတာကို ေတြ႕ရပါတယ္။

အရာရာေျပာင္းလဲေနတဲ့ နည္းပညာေလာကမွာ 7nm Kirin 810 က ေခတ္ေရစီးေၾကာင္းကို ေျပာင္းလဲေစတဲ့ ထုတ္လုပ္မႈလည္း ျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္ Huawei ရဲ႕ လာမယ့္ တန္ဖိုးသင့္ စမတ္ဖုန္း အေတာ္မ်ားမ်ားမွာ ဒီ Chipset ကိုေတြ႕ျမင္လာရဖြယ္လည္း ရွိေနပါေသးတယ္။

Ref: GSM Arena

[Unicode]

Kirin Chipsets တွေကိုပဲ ပိုပြီး အသုံးပြုဖို့ ကြိုးပမ်းနေတဲ့ Huawei

Huawei အတွက် Hardware တွေထောက်ပံ့ပေးနေတဲ့ လုပ်ငန်းဘက်က ထွက်ပေါ်လာတဲ့သတင်းအရ တရုတ်နည်းပညာကုမ္ပဏီဟာ Qualcomm နဲ့ MediaTek ကို မှီခိုရတာ လျှော့ချဖို့အတွက် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ Huawei ဟာ အဆိုပါကုမ္ပဏီနှစ်ခုရဲ့ Chip တွေအစား သူတို့ရဲ့ HiSilicon တွေနဲ့ပဲ အစားထိုးချင်နေတာ ဖြစ်ပါတယ်။

Huawei အနေနဲ့ ၂၀၁၉ ခုနှစ်ရဲ့ ကျန်ရှိနေသေးတဲ့ ဒုတိယနှစ်ဝက်အတွက် ကုမ္ပဏီထုတ် စမတ်ဖုန်းတွေရဲ့ ၆၀ ရာခိုင်နှုန်းအထိ ကိုယ်ပိုင် Chipset တွေထည့်သွင်းအသုံးပြုနိုင်ဖို့လည်း မျှော်မှန်းထားကြောင်း သိရပါတယ်။ ၂၀၁၈ ခုနှစ် ဒုတိယနှစ်ဝက်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် Kirin SoCs ကို Huawei ဖုန်းတွေမှာ သုံးတာ ၄၀ ရာခိုင်နှုန်းထက်နည်းခဲ့သလို ၂၀၁၉ ပထမနှစ်ဝက်မှာတော့ သူ့ရဲ့ကိုယ်ပိုင် Chip တွေကို သုံးတာကတော့ ၄၅ ရာခိုင်နှုန်းလောက် ဖြစ်ခဲ့ပါတယ်။

ဒါကြောင့် Huawei အနေနဲ့ ၂၀၁၉ ခုနှစ်ရဲ့ ဒုတိယနှစ်ဝက်အတွင်း လုပ်ငန်းစီမံချက်အရ သန်း ၂၇၀ တင်ပို့ရောင်းချဖို့ ရှိတဲ့အထဲက သန်း၁၅၀ ကျော်မှာ Kirin SoC တွေ သုံးလာမယ်လို့ ဆိုပါတယ်။ Huawei ဟာ High-end mobile SoC ကို စတင်ခဲ့တာ ကာလအတော်ကြာခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် Mid-range နဲ့ Low-end အတော်များများမှာတော့ Qualcomm နဲ့ MediaTek chip တွေကိုပဲ မှီခိုနေတာကို တွေ့ရပါတယ်။

အရာရာပြောင်းလဲနေတဲ့ နည်းပညာလောကမှာ 7nm Kirin 810 က ခေတ်ရေစီးကြောင်းကို ပြောင်းလဲစေတဲ့ ထုတ်လုပ်မှုလည်း ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် Huawei ရဲ့ လာမယ့် တန်ဖိုးသင့် စမတ်ဖုန်း အတော်များများမှာ ဒီ Chipset ကိုတွေ့မြင်လာရဖွယ်လည်း ရှိနေပါသေးတယ်။

Ref: GSM Arena