[Zawgyi]

အေမရိကန္ရဲ႕ ZTE အေပၚ သံသယကေတာ့ Huawei ရဲ႕ Telecom လုပ္ငန္းဘက္ကို မွ်ားဦးလွည့္လာပါျပီ။ ဟိုတေလာကဆို အေမရိကန္မွာ Huawei က ထုတ္တဲ့ဖုန္းမွန္သမွ်ကို အသံုးျပဳခြင့္ေတာင္ ပိတ္လုိက္ပါေသးတယ္။

ဒါေပမယ့္ Huawei ကေတာ့ က်န္တာေတြထက္ Google လို ကုမၸဏီမ်ိဳးလမ္းစဥ္ကို မၾကာခင္လိုက္ႏုိင္ေအာင္ ၾကိဳးစားေနတ့ဲပံုပါ။ သူ႔ရဲ႕ Kirin SoC ေတြလို Hardware ေတြတင္ ထုတ္ရံုမဟုတ္ဘဲ ေဆာ့ဖ္ဝဲလ္ပိုင္းကိုလည္း ကိုယ္ပိုင္ထုတ္ဖို႔ ျပင္ဆင္ေနပါျပီ။

ေလာေလာလတ္လတ္သိထားရတဲ့အတုိင္း Huawei ကေတာ သူ႔ရဲ႕ ဖုန္းေတြမွာ Android Operating System အစား သူ႔ရဲ႕ ကိုယ္ပိုင္ဖန္တီးထားတဲ့ Operating System ကို သံုးလာေတာ့မယ့္အေၾကာင္း အတည္လည္းျပဳလုိက္ပါျပီ။ အရင္ကထြက္ခဲ့ဖူးတဲ့ သတင္းေတြထဲမွာေတာ့ KirinOS လို႔ ေျပာခဲ့ဖူးေပမယ့္ အေသးစိတ္မသိခဲ့ရပါဘူး။ ဒီတစ္ေခါက္မွာေတာ့ Huawei Mobile Products ဒုဥကၠဌျဖစ္တဲ့ 李小龙 Bruce_Lee ဆီကေန အတည္ျပဳထြက္လာတဲ့သတင္းပါ။

Weibo က တရားဝင္သတင္းအျပင္ ေနာက္ထပ္သိရသေလာက္ကေတာ့ ဒီ “OS အသစ္” က ခုမွ စမ္းသပ္ဖန္တီးေနဆဲကာလမွာပဲ ရိွေနေသးတယ္ဆိုတာပါ။

အရင္ေန႔ကထြက္ခဲ့တဲ့ သတင္းေတြမွာလည္း Huawei က သူ႔ရဲ႕မၾကာေသးခင္ကပဲ ထုတ္ထားတဲ့ဖုန္းေတြကို Google ရဲ႕ FuchsiaOS အသစ္နဲ႔ စမ္းသပ္ေနတာျဖစ္ေၾကာင္း ေဖာ္ျပခဲ့ျပီးပါျပီ။ အခု Kirin 980 Chipset သံုးဖုန္းေတြအျပင္ Kirin 970 သံုးတဲ့ဖုန္းေတြနဲ႔ပါ ကိုက္မကိုက္ကို စမ္းသပ္စစ္ေဆးဖို႔ပဲ က်န္ပါေတာ့တယ္။

ဖုန္းတစ္လံုးထုတ္ဖို႔ သူမ်ားကို ထိုင္အားကိုးမေနရေအာင္ ကိုယ္ပိုင္ Hardware ေတြထုတ္ အစပ်ိဳးခဲ့တဲ့ Huawei က လက္ရိွသူ႔ရဲ႕ Kirin ေတြမွာလည္း ေနရာတစ္ေနရာေတာ့ ရေနတာပါပဲ။ ဒီတစ္ေခါက္ Software ပိုင္းမွာလည္း သူ႔ရဲ႕ ေျခလွမ္းေတြကို စိတ္ဝင္တစားေစာင့္ၾကည့္ရပါဦးမယ္။

Ref: Gizmo China

[Unicode]

အမေရိကန်ရဲ့ ZTE အပေါ် သံသယကတော့ Huawei ရဲ့ Telecom လုပ်ငန်းဘက်ကို မျှားဦးလှည့်လာပါပြီ။ ဟိုတလောကဆို အမေရိကန်မှာ Huawei က ထုတ်တဲ့ဖုန်းမှန်သမျှကို အသုံးပြုခွင့်တောင် ပိတ်လိုက်ပါသေးတယ်။

ဒါပေမယ့် Huawei ကတော့ ကျန်တာတွေထက် Google လို ကုမ္ပဏီမျိုးလမ်းစဉ်ကို မကြာခင်လိုက်နိုင်အောင် ကြိုးစားနေတဲ့ပုံပါ။ သူ့ရဲ့ Kirin SoC တွေလို Hardware တွေတင် ထုတ်ရုံမဟုတ်ဘဲ ဆော့ဖ်ဝဲလ်ပိုင်းကိုလည်း ကိုယ်ပိုင်ထုတ်ဖို့ ပြင်ဆင်နေပါပြီ။

လောလောလတ်လတ်သိထားရတဲ့အတိုင်း Huawei ကတော သူ့ရဲ့ ဖုန်းတွေမှာ Android Operating System အစား သူ့ရဲ့ ကိုယ်ပိုင်ဖန်တီးထားတဲ့ Operating System ကို သုံးလာတော့မယ့်အကြောင်း အတည်လည်းပြုလိုက်ပါပြီ။ အရင်ကထွက်ခဲ့ဖူးတဲ့ သတင်းတွေထဲမှာတော့ KirinOS လို့ ပြောခဲ့ဖူးပေမယ့် အသေးစိတ်မသိခဲ့ရပါဘူး။ ဒီတစ်ခေါက်မှာတော့ Huawei Mobile Products ဒုဥက္ကဌဖြစ်တဲ့ 李小龙 Bruce_Lee ဆီကနေ အတည်ပြုထွက်လာတဲ့သတင်းပါ။

Weibo က တရားဝင်သတင်းအပြင် နောက်ထပ်သိရသလောက်ကတော့ ဒီ “OS အသစ်” က ခုမှ စမ်းသပ်ဖန်တီးနေဆဲကာလမှာပဲ ရှိနေသေးတယ်ဆိုတာပါ။

အရင်နေ့ကထွက်ခဲ့တဲ့ သတင်းတွေမှာလည်း Huawei က သူ့ရဲ့မကြာသေးခင်ကပဲ ထုတ်ထားတဲ့ဖုန်းတွေကို Google ရဲ့ FuchsiaOS အသစ်နဲ့ စမ်းသပ်နေတာဖြစ်ကြောင်း ဖော်ပြခဲ့ပြီးပါပြီ။ အခု Kirin 980 Chipset သုံးဖုန်းတွေအပြင် Kirin 970 သုံးတဲ့ဖုန်းတွေနဲ့ပါ ကိုက်မကိုက်ကို စမ်းသပ်စစ်ဆေးဖို့ပဲ ကျန်ပါတော့တယ်။

ဖုန်းတစ်လုံးထုတ်ဖို့ သူများကို ထိုင်အားကိုးမနေရအောင် ကိုယ်ပိုင် Hardware တွေထုတ် အစပျိုးခဲ့တဲ့ Huawei က လက်ရှိသူ့ရဲ့ Kirin တွေမှာလည်း နေရာတစ်နေရာတော့ ရနေတာပါပဲ။ ဒီတစ်ခေါက် Software ပိုင်းမှာလည်း သူ့ရဲ့ ခြေလှမ်းတွေကို စိတ်ဝင်တစားစောင့်ကြည့်ရပါဦးမယ်။

Ref: Gizmo China