မူပိုင်ခွင့် အတွက် တရားရုံးတွင် ရင်ဆိုင်နေရရာမှ Samsung အပေါ် Huawei အနိုင်ရရှိ

Chinese Tech Huawei နှင့် South Korean Tech Samsung တို့ ကုမ္ပဏီနှစ်ခုဟာ Fourth Generation Phone Technology မူပိုင်ခွင့်အတွက် တရားရုံးတွင် အကြိတ်အနယ်ယှဉ်ပြိုင်ရာမှ Huawei က တရားနိုင်သွားကြောင်း သိရပါတယ်။

မူပိုင်ခွင့် အတွက် တရားရုံးတွင် ရင်ဆိုင်နေရရာမှ Samsung အပေါ် Huawei အနိုင်ရရှိ

အဆိုပါသတင်းအရ Shenzhen Intermediate Court မှ Samsung Company အား Fourth Generation Phone Technology နှင့်ပတ်သက်၍ Product အသစ် ထုတ်လုပ်ခြင်း ဖြန့်ချိခြင်း ရောင်းချခြင်းတို့ကို ချက်ချင်းပင် ရပ်တန့်ထားရန် ပြောကြားခဲ့ပြီး တရားရုံးအား သေးငယ်သော လျော်ကြေးပမာဏ ပေးဆောင်ရန်လည်း ချမှတ်ပေးခဲ့ပါတယ်။

Shenzhen Intermediate Court ရဲ့ ဆုံးဖြတ်ချက်ဟာ အာရှနိုင်ငံတစ်ဝှမ်းရဲ့ ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေကို အတော်လေးတွေဝေသွားစေတယ်လို့လည်း ပညာရှင်များက ဆိုပါတယ်။

မူပိုင်ခွင့် အတွက် တရားရုံးတွင် ရင်ဆိုင်နေရရာမှ Samsung အပေါ် Huawei အနိုင်ရရှိ

Huawei ရဲ့ Headquarters တွေကလည်း Shenzhen မှာ တည်ရှိနေပြီး တရုတ်ပြည်တွင်း စမတ်ဖုန်းလောကရဲ့ ဈေးကွက်မှာလည်း  Huawei ဟာ ပြိုင်ဘက်ကင်းဖြစ်နေကြောင်း တွေ့ရပါတယ်။

တရားရုံးချုပ်အနေနဲ့ Samsung ဟာ 2011 ဂျူလိုင်လတုန်းက စေ့စပ်ညှိနှိုင်းမှုမှာ နောက်ကျကျန်ခဲ့ပြီး မှန်ကန်ခြင်းလည်း အတော်အတန်မတွေ့တာကြောင့် Huawei က အနိုင်ရသွားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

မူပိုင်ခွင့် အတွက် တရားရုံးတွင် ရင်ဆိုင်နေရရာမှ Samsung အပေါ် Huawei အနိုင်ရရှိ

Samsung မှ တာဝန်ရှိသူများကလည်း တရားရုံးရဲ့ ထုတ်ပြန်ချက်ကို သူတို့ဘက်က သေချာပြန်လည် ဆန်းစစ်သွားမှာဖြစ်ပြီး သင့်တော်တဲ့ တုံ့ပြန်မှုမျိုး ပြန်လည်ချေပသွားဦးမှာပါလို့ ပြောကြားခဲ့ပါတယ်။

မူပိုင်ခွင့် အတွက် တရားရုံးတွင် ရင်ဆိုင်နေရရာမှ Samsung အပေါ် Huawei အနိုင်ရရှိ

တရားရုံးရဲ့အဆုံးအဖြတ်ဟာ မှန်ကန်မှုရှိရဲ့လား။ လိုအပ်ချက်တစ်ခုခုများ ရှိနေဦးမလားဆိုတာကို ကျွမ်းကျင်သူတွေကလည်း သို့လောသို့လောနဲ့ စဉ်းစားနေကြတုန်းပါပဲလို့ သိရပါတယ်။