[Zawgyi]

မၾကာခင္ထြက္လာမယ္လို႔ ေမွ်ာ္လင့္ရတဲ့ Huawei ရဲ႕ MRD-LX1, MRD-LX2 နဲ႔ MRD-LX3 ေမာ္ဒယ္ သုံးမ်ဳိးအတြက္ UA Prof Spec ေတြ အင္တာနက္ေပၚကို ေရာက္လာခဲ့ၿပီး စမတ္ဖုန္းမွာ ပါဝင္မယ့္ အဓိက Spec အခ်ဳိ႕ကို ျပသသြားခဲ့ပါတယ္။ ဒီထုတ္ကုန္သစ္ဟာ Huawei Y6 (2019 ေမာ္ဒယ္) လို႔ယူဆရၿပီး EEC စာရင္းမွာလည္း MRD-LX1F ဆုိတဲ့ အမည္နဲ႔ပဲ ေပၚထြက္လာခဲ့ပါေသးတယ္။

ထြက္ေပၚလာတဲ့ အခ်က္ေတြထဲမွာ Huawei Y6 (2019) အတြက္ 1560x720p HD+ Resolution ေထာက္ပံ့ေပးႏုိင္တဲ့ Display ပါဝင္လာမယ္လို႔ ေဖာ္ျပထားပါတယ္။ ဒါေပမယ့္ Display ရဲ႕အရြယ္အစားကိုေတာ့ အတိအက် မေဖာ္ျပထားေသးဘူး။ ဒီႏွစ္ထဲမွာထြက္ခဲ့တဲ့ Huawei Y6 (2018) ေမာ္ဒယ္ကေတာ့ 5.7” လက္မ Display ကုိ 18:9 ျမင္ကြင္းအခ်ဳိးနဲ႔ ထြက္လာခဲ့တာၿပီး 1440x720p ျဖစ္ပါတယ္။ Y6 (2019) ရဲ႕ Display ကေတာ့ Notch တစ္ခုပါဝင္ၿပီး ျမင္ကြင္းအခ်ဳိး 19.5:9 နဲ႔ထြက္လာမွာပါ။ စမတ္ဖုန္းရဲ႕ ကိုယ္ထည္အခ်ဳိးကိုလည္း မသိရေသးဘဲ ၂၀၁၈ ေမာ္ဒယ္ေဟာင္းထက္ အနည္းငယ္ပိုႀကီးတဲ့ Display ပါဝင္လာဖို႔ ေမွ်ာ္လင့္ရပါတယ္။

ဒီဟန္းဆက္ကုိပဲ မၾကာေသးခင္ကလည္း 3C မွ အတည္ျပဳေပးခဲ့ၿပီး 5W အားသြင္းစနစ္ပါဝင္ေၾကာင္း ေတြ႕ခဲ့ရပါတယ္။ ဒီအခ်က္ေတြက Huawei Y6 (2019) လို႔ယူဆရတဲ့ ဟန္းဆက္ဟာ Entry-level ထုတ္ကုန္ ျဖစ္ေၾကာင္း အတည္ျပဳေပးေနတယ္။ မုိဘုိင္းစက္ႏွင္စနစ္ကေတာ့ Android 9.0 OS ကုိပဲ သုံးစြဲလာမွာျဖစ္ၿပီး Bluetooth 4.2 ပါဝင္လာမယ္လို႔လည္း သိရတယ္။ Y6 (2019) ဟန္းဆက္ဟာ ၂၀၁၉ ရဲ႕ ပထမသုံးလပတ္ မဟုတ္ရင္ေတာင္ ပထမႏွစ္ဝက္အတြင္းမွာ ထြက္ေပၚလာမွာပါ။ ေနာက္ထပ္အခ်က္အလက္ေတြ ထြက္ေပၚလာမွာကို ခဏေတာ့ ေစာင့္ဆုိင္းၾကည့္ရဦးမွာ ျဖစ္ပါတယ္။

Ref – Playful Droid

[Unicode]

မကြာခင်ထွက်လာမယ်လို့ မျှော်လင့်ရတဲ့ Huawei ရဲ့ MRD-LX1, MRD-LX2 နဲ့ MRD-LX3 မော်ဒယ် သုံးမျိုးအတွက် UA Prof Spec တွေ အင်တာနက်ပေါ်ကို ရောက်လာခဲ့ပြီး စမတ်ဖုန်းမှာ ပါဝင်မယ့် အဓိက Spec အချို့ကို ပြသသွားခဲ့ပါတယ်။ ဒီထုတ်ကုန်သစ်ဟာ Huawei Y6 (2019 မော်ဒယ်) လို့ယူဆရပြီး EEC စာရင်းမှာလည်း MRD-LX1F ဆိုတဲ့ အမည်နဲ့ပဲ ပေါ်ထွက်လာခဲ့ပါသေးတယ်။

ထွက်ပေါ်လာတဲ့ အချက်တွေထဲမှာ Huawei Y6 (2019) အတွက် 1560x720p HD+ Resolution ထောက်ပံ့ပေးနိုင်တဲ့ Display ပါဝင်လာမယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် Display ရဲ့အရွယ်အစားကိုတော့ အတိအကျ မဖော်ပြထားသေးဘူး။ ဒီနှစ်ထဲမှာထွက်ခဲ့တဲ့ Huawei Y6 (2018) မော်ဒယ်ကတော့ 5.7” လက်မ Display ကို 18:9 မြင်ကွင်းအချိုးနဲ့ ထွက်လာခဲ့တာပြီး 1440x720p ဖြစ်ပါတယ်။ Y6 (2019) ရဲ့ Display ကတော့ Notch တစ်ခုပါဝင်ပြီး မြင်ကွင်းအချိုး 19.5:9 နဲ့ထွက်လာမှာပါ။ စမတ်ဖုန်းရဲ့ ကိုယ်ထည်အချိုးကိုလည်း မသိရသေးဘဲ ၂၀၁၈ မော်ဒယ်ဟောင်းထက် အနည်းငယ်ပိုကြီးတဲ့ Display ပါဝင်လာဖို့ မျှော်လင့်ရပါတယ်။

ဒီဟန်းဆက်ကိုပဲ မကြာသေးခင်ကလည်း 3C မှ အတည်ပြုပေးခဲ့ပြီး 5W အားသွင်းစနစ်ပါဝင်ကြောင်း တွေ့ခဲ့ရပါတယ်။ ဒီအချက်တွေက Huawei Y6 (2019) လို့ယူဆရတဲ့ ဟန်းဆက်ဟာ Entry-level ထုတ်ကုန် ဖြစ်ကြောင်း အတည်ပြုပေးနေတယ်။ မိုဘိုင်းစက်နှင်စနစ်ကတော့ Android 9.0 OS ကိုပဲ သုံးစွဲလာမှာဖြစ်ပြီး Bluetooth 4.2 ပါဝင်လာမယ်လို့လည်း သိရတယ်။ Y6 (2019) ဟန်းဆက်ဟာ ၂၀၁၉ ရဲ့ ပထမသုံးလပတ် မဟုတ်ရင်တောင် ပထမနှစ်ဝက်အတွင်းမှာ ထွက်ပေါ်လာမှာပါ။ နောက်ထပ်အချက်အလက်တွေ ထွက်ပေါ်လာမှာကို ခဏတော့ စောင့်ဆိုင်းကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ref – Playful Droid