[Zawgyi]

Huawei ဟာ Entry-level စမတ္ဖုန္း အမ်ိဴးအစားျဖစ္တဲ့ Y6 Pro 2019 ကို ၿပီးခဲ့တဲ့ လတုန္းက မိတ္ဆက္ခဲ့ဖူးပါတယ္။ ဒီလမွာလည္း Y6 Pro 2019 ရဲ႕ မ်ိဴးႏြယ္ခြဲျဖစ္တဲ့ Y6 2019 ကို ထပ္မံ မိတ္ဆက္လာျပန္ပါတယ္။

Huawei Y6 2019 နဲ႔ Y6 Pro 2019 တို႔က အရမ္းႀကီး ကြာျခားသြားျခင္း မရွိပါဘူး။ Y6 Pro 2019 က RAM 3GB နဲ႔ ပြဲထြက္ခဲ့တယ္ဆိုေပမယ့္ Fingerprint Sensor ေတာ့ မပါဝင္ခဲ့ပါဘူး။ Y6 2019 မွာေတာ့ RAM 2GB သာ ပါဝင္ေပမယ့္ Fingerprint Sensor ကိုလည္း ေနာက္ေက်ာဘက္မွာ ထည့္သြင္းတပ္ဆင္ေပးထားပါတယ္။ Y6 2019 နဲ႔ Y6 Pro 2019 တို႔ဟာ အဆိုပါ ၂ခ်က္သာ ကြဲျပားျခားနားတာ ျဖစ္ၿပီး က်န္တဲ့ အစိတ္အပိုင္းေတြကေတာ့ အတူတူပါပဲ။

Huawei Y6 2019 ရဲ႕ Processor အပိုင္းအတြက္ Helio A22 SoC ကို အသုံးျပဳထားမွာျဖစ္ၿပီး Memory Storage က 32GB ပါဝင္မွာ ျဖစ္ပါတယ္။ Display အပိုင္းအတြက္ 6.09” HD+ LCD Display ကို အသုံးျပဳထားၿပီး Resolution က 720 x 1560 pixels ရွိပါမယ္။ ေနာက္ေက်ာဘက္မွာ 13MP Camera တပ္ဆင္ထားၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ 8MP Selfie Camera ကို တပ္ဆင္ထားပါတယ္။ ဘက္ထရီ သိုေလွာင္မႈ ပမာဏ အေနနဲ႔ 3020mAh ထည့္သြင္းေပးထားပါတယ္။

Huawei Y6 2019 ကို အေရာင္ေတြအေနနဲ႔ Midnight Black, Sapphire Blue နဲ႔ Leather ဒီဇိုင္းျပဳလုပ္ထားတဲ့ Amber Brown ဆိုၿပီး အေရာင္ ၃မ်ိဴး ေ႐ြးခ်ယ္ဝယ္ယူႏိုင္မယ္လို႔ သိရပါတယ္။ စတင္ေရာင္းခ်သြားမယ့္ေန႔ရက္နဲ႔ ေစ်းႏႈန္းေတြကိုေတာ့ Huawei ဘက္က ထုတ္ျပန္ေၾကညာထားျခင္း မရွိေသးပါဘူး။

Ref : GsmArena

[Unicode]

Fingerprint Sensor ပါပြီး Leather ဒီဇိုင်းမျိူး ပြုလုပ်ထားတဲ့ Y6 2019 ကို Huawei မိတ်ဆက်

Huawei ဟာ Entry-level စမတ်ဖုန်း အမျိူးအစားဖြစ်တဲ့ Y6 Pro 2019 ကို ပြီးခဲ့တဲ့ လတုန်းက မိတ်ဆက်ခဲ့ဖူးပါတယ်။ ဒီလမှာလည်း Y6 Pro 2019 ရဲ့ မျိူးနွယ်ခွဲဖြစ်တဲ့ Y6 2019 ကို ထပ်မံ မိတ်ဆက်လာပြန်ပါတယ်။

Huawei Y6 2019 နဲ့ Y6 Pro 2019 တို့က အရမ်းကြီး ကွာခြားသွားခြင်း မရှိပါဘူး။ Y6 Pro 2019 က RAM 3GB နဲ့ ပွဲထွက်ခဲ့တယ်ဆိုပေမယ့် Fingerprint Sensor တော့ မပါဝင်ခဲ့ပါဘူး။ Y6 2019 မှာတော့ RAM 2GB သာ ပါဝင်ပေမယ့် Fingerprint Sensor ကိုလည်း နောက်ကျောဘက်မှာ ထည့်သွင်းတပ်ဆင်ပေးထားပါတယ်။ Y6 2019 နဲ့ Y6 Pro 2019 တို့ဟာ အဆိုပါ ၂ချက်သာ ကွဲပြားခြားနားတာ ဖြစ်ပြီး ကျန်တဲ့ အစိတ်အပိုင်းတွေကတော့ အတူတူပါပဲ။

Huawei Y6 2019 ရဲ့ Processor အပိုင်းအတွက် Helio A22 SoC ကို အသုံးပြုထားမှာဖြစ်ပြီး Memory Storage က 32GB ပါဝင်မှာ ဖြစ်ပါတယ်။ Display အပိုင်းအတွက် 6.09” HD+ LCD Display ကို အသုံးပြုထားပြီး Resolution က 720 x 1560 pixels ရှိပါမယ်။ နောက်ကျောဘက်မှာ 13MP Camera တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 8MP Selfie Camera ကို တပ်ဆင်ထားပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏ အနေနဲ့ 3020mAh ထည့်သွင်းပေးထားပါတယ်။

Huawei Y6 2019 ကို အရောင်တွေအနေနဲ့ Midnight Black, Sapphire Blue နဲ့ Leather ဒီဇိုင်းပြုလုပ်ထားတဲ့ Amber Brown ဆိုပြီး အရောင် ၃မျိူး ရွေးချယ်ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။ စတင်ရောင်းချသွားမယ့်နေ့ရက်နဲ့ စျေးနှုန်းတွေကိုတော့ Huawei ဘက်က ထုတ်ပြန်ကြေညာထားခြင်း မရှိသေးပါဘူး။

Ref : GsmArena