Huawei ကနေ ဒီနှစ်မှာ Huawei P20 ၊ P20 Pro လိုမျိုး Flagship စမတ်ဖုန်းတွေအပြင် ဈေးနှုန်းအသင့်အတင့်နဲ့ စမတ်ဖုန်းတွေအများအပြားကိုလည်း ထုတ်လုပ်ထားတာကို တွေ့ရပါတယ်။ အခုတစ်ကြိမ်မှာလည်း Huawei က အသစ်ထုတ်လိုက်တဲ့ Y6 Prime 2018 စမတ်ဖုန်းက အလန်းစားဖုန်းတစ်ခုဆိုတော့ အသေးစိတ်လေ့လာကြည့်ရအောင်။

စစခြင်း Huawei Y6 Prime 2018 စမတ်ဖုန်းကို ကြည့်လိုက်မယ်ဆိုရင် ကြီးမားတဲ့ 5.7″ FullView Display က ထင်းနေမှာပါ။ Resolution ကလည်း HD Resolution ရှိမှာဖြစ်တဲ့အတွက် ရုပ်ရှင်ကြည့်တဲ့အချိန်၊ ဂိမ်းဆော့တဲ့အချိန်မှာ ကြည်လင်ပြတ်သားပြီး တောက်ပတဲ့ ရုပ်ထွက်အရည်သွေးကိုရရှိမှာ အသေအချာပါပဲ။

RAM ကတော့ 2GB ပါဝင်မှာဖြစ်ပြီးတော့ Storage ကတော့ 16GB ပါဝင်မှာဖြစ်ပါတယ်။ Storage ထပ်တိုးချင်တယ်ဆိုရင်လည်း Dual SIM Slot အပြင် သီးသန့်ပါဝင်တဲ့ MicroSD Card ကနေ ထပ်မံတိုးချဲ့နိုင်မှာပါ။

ကင်မရာပိုင်းအနေနဲ့ကတော့ Back Camera က 13MP ပါဝင်မှာဖြစ်ပြီးတော့ Selfie ချစ်သူတွေအတွက် Selfie Toning Flash ပါ ပါဝင်တဲ့ 8MP Cmaera တပ်ဆင်ထားပါသေးတယ်။ အဲ့ဒီအတွက် Selfie ရိုက်ရတာနှစ်သက်တဲ့သူတွေအတွက်ကတော့ အကြိုက်တွေ့မယ့် ဖုန်းတစ်ခုလို့ သတ်မှတ်ရမှာပါ။

Fingerprint Scanner လည်း ပါဝင်မှာဖြစ်ပြီးတော့ ဖုန်းကို Unlock ပြုလုပ်ဖို့ 0.37s ပဲ ကြာမြင့်မှာဖြစ်ပါတယ်။ Battery ကတော့ 3000mAh Battery ပါဝင်မှာဖြစ်ပြီးတော့အသုံးပြုမှုပေါ်မှုတည်ပြီးတော့ ပုံမှန်အသုံးပြုမှုတွေအတွက် လုံလောက်အောင်အသုံးပြုနိုင်မယ်လို့ ယူဆရပါတယ်။

ကျန်တဲ့ Software Feature တွေကလည်း အလန်းစား Android 8.0 Latest Version ကို EMUI 8.0 နဲ့ အသုံးပြုရဦးမှာဖြစ်ပါတယ်။ ဒါ့အပြင် Split Screen ၊ Gesture Screenshot ၊ Dual Bluetooth Connectivity ၊ Game Suite ၊ App Lock နဲ့ One Touch Access လိုမျိုး အလန်းစား Software Features တွေလည်း ပါဝင်ဦးမှာပါ။

အဲ့ဒီအတွက် Huawei Y 6 Prime 2018 က ငွေကျပ် ၁၄၉,၀၀၀ ကျပ်ပဲရှိတဲ့အတွက်၂၀၁၈ ခုနှစ်မှာ ဈေးနှုန်းအသင့်အတင့်နဲ့ စမတ်ဖုန်းတစ်လုံးကို ရှာနေတယ်ဆိုရင် ရွေးချယ်ဖို့ အကောင်းဆုံးဖုန်းတစ်ခုထဲပါတယ်လို့ပြောရမှာပါ။

Y6 Prime တွင် အရောင်အားဖြင့် ရွှေရောင် ၊ အမည်းရောင် နှင့် အပြာရောင် ဟူ၍ အရောင် သုံးမျိုးဖြင့် ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ပြီး Huawei နှင့် Telenor မှ လည်း အထူးအစီအစဉ် အနေဖြင့် Huawei Y6 Prime ဝယ်ယူသူများ မှ Telenor Sim Card အား ဖုန်း၏ Sim Slot 1 တွင်ထားရှိပြီး ကျပ် ၅,၀၀၀ ဖိုး ဖုန်းငွေဖြည့်သွင်းလျင် အင်တာနက်ဒေတာ 1GB အခမဲ့ ရရှိမှာပါ။ ပရိုမိုးရှင်းစတင် အကျိုးသက်ရောက်ရန်အတွက် ပထမဦးစွာ အခြားဖုန်းနံပါတ်တစ်ခုအား ဖုန်းခေါ်ဆိုပြီး အဆိုပါ ဖုန်းနံပါတ်မှ ဖုန်းခေါ်ဆိုမှုအား လက်ခံရပါမယ်။ အဆိုပါ ပရိုမိုးရှင်း မှာ မေလ ၂၁ ရက်နေ့ မှ စတင် အသုံးပြုနိုင်မည်ဖြစ်ပြီး သုံးစွဲနိုင်သည့် ပရိုမိုးရှင်းကာလ မှာ ၁ နှစ်ဖြစ်ပါတယ်။ အဆိုပါ ပရိုမိုးရှင်း အစီအစဉ်သည် ရက် ၃၀ လျှင် ၁ ကြိမ် အသုံးပြုနိုင်မည်ဖြစ်ပြီး အများဆုံး ၁၂ ကြိမ်အထိ အကျိုးခံစားခွင့် ရရှိမည်ဖြစ်ပါတယ်။