Huawei ရဲ့ Y Series စမတ်ဖုန်းတွေဟာ ဈေးနှုန်းသင့်တင့်ပြီးတော့ စွမ်းဆောင်ရည်ကောင်းမွန်တယ်ဆိုပြီး လူကြိုက်များတဲ့ စမတ်ဖုန်းတွေပဲဖြစ်ပါတယ်။ ဒီနှစ်မှာလည်း Huawei ကနေ Y7 Pro 2018  စမတ်ဖုန်းအသစ်ကို မြန်မာနိုင်ငံကို မိတ်ဆက်လာခဲ့ပြီး ဈေးနှုန်းကလည်း ငွေကျပ် ၁၉၉,၀၀၀ သာရှိတဲ့အတွက် လူတိုင်းအတွက် လက်လှမ်းမှီတယ်လို့လည်း ပြောလို့ရပါတယ်။ အခု Huawei Y7 Pro 2018 စမတ်ဖုန်းရဲ့ စွမ်းဆောင်ရည်နဲ့ ဒီဇိုင်းပိုင်းကို အနည်းငယ်လေ့လာကြည့်ရအောင်။

Huawei Y7 Pro စမတ်ဖုန်းက ဈေးနှုန်းအရ သက်သာပေမယ့် ဒီဇိုင်းပိုင်းအရ ပေးရတဲ့ဈေးထက်ပိုတန်တယ်ဆိုတဲ့ ခံစားမှုကို ပေးစွမ်းနိုင်တဲ့ ဒီဇိုင်းရှိနေတယ်လို့ပြောလို့ရပါတယ်။ Display ကို 5.99″ အရွယ်အစားရှိတဲ့ HD Resolution Display ကို အသုံးပြုထားပြီးတော့ Screen Ratio ကလည်း အခုနောက်ပိုင်း စမတ်ဖုန်းတွေမှာ အသုံးပြုလာကြတဲ့ 18:9 Ratio ကို အသုံးပြုထားတာကိုလည်းတွေ့ရပါတယ်။

Huawei Y7 Pro စမတ်ဖုန်းမှာ Back Camera ကို 13MP + 2MP Dual Camera တပ်ဆင်ပေးထားတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် နောက်ခံ Background ကို ဝါးပြီး လှပတဲ့ Portrait ဓါတ်ပုံတွေကို ရိုက်ကူးနိုင်မှာပါ။ Selfie Camera ကလည်း 8MP တောင် ပါဝင်ဦးမှာဖြစ်ပါတယ်။

ဒါ့အပြင် ဖုန်းကို အချိန်တိုအတွင်းမှာ Unlock ပြုလုပ်ပေးနိုင်မယ့် Face Unlock ကိုပါအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Face Unlcok ကလည်း Huawei ဖုန်းအတော်များများမှာ ပါဝင်လာပြီဖြစ်ပါတယ်။ RAM အနေနဲ့လည်း 3GB ပါဝင်တဲ့အတွက် Game တွေ၊ Multitasking တွေအတွက် အကောင်းဆုံးစွမ်းဆောင်နိုင်မှာဖြစ်သလို Storage အနေနဲ့လည်း 32GB ပါဝင်မှာဖြစ်ပါတယ်။ Storage မလောက်လို့ ထပ်တိုးမယ်ဆိုရင်လည်း SIM Slot ၂ ခုအပြင် MicroSD Card ကနေလည်း Storage ထပ်တိုးနိုင်ဦးမှာပါ။

Huawei Y7 Pro စမတ်ဖုန်းဟာ နောက်ဆုံးထွက် Android 8.0 Oreo ကို EMUI 8.0 UI အသစ်နဲ့ အသုံးပြုရမယ့် ဖုန်းတစ်လုံးလည်းဖြစ်ပါတယ်။ အဲ့ဒီအတွက် နောက်ဆုံးထွက် Software Experience ကိုလည်း ခံစားရဦးမှာပါ။ Battery အနေနဲ့လည်း 3000mAh Battery ထည့်သွင်းထားတာကို တွေ့ရပါတယ်။

အဲ့ဒီအတွက် Huawei Y7 Pro 2018 စမတ်ဖုန်းဟာ Dual Camera ၊ Full-Screen Display ၊ Face Unlock တွေပါဝငနေတာကြောင့် လက်ရှိ ငွေကျပ် ၂ သိန်း ဝန်းကျင်စမတ်ဖုန်းတွေထဲမှာ ဖုန်းဝယ်မယ်ဆိုရင် စဉ်းစားသင့်တဲ့ဖုန်းတစ်ခုလို့ ပြောရမှာပါ။