“ကင်မရာပိုင်းကောင်းမွန်သည့်အပြင် ဘက်စုံအသုံးပြုမှုအတွက် သင့်တော်ပြီး အကြမ်းခံနိုင်မှု စသည့် အချက်များကြောင့် မြန်မာနိုင်ငံဈေးကွက်အတွင်း နာမည်ကောင်းရပြီးသား HUAWEI Y series များအနက်မှ တာရှည်ခံသည့် ဘက်ထရီပမာဏနှင့် HUAWEI Y6p နှင့် OLED display အမျိုးအစား အသုံးပြုထားသည့် HUAWEI Y8p ကို ဇွန်လ တစ်ရက်နေ့မှ စ၍ ဝယ်ယူရရှိနိုင်ပြီဖြစ်ပါသည်။”

HUAWEI အနေနှင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း HUAWEI Y series ဖုန်းသစ်များဖြစ်သော Y5p , Y6p နှင့် Y8p တို့၏ အချက်အလက်များနှင့် Pre-Order မှာယူနိုင်မည့် အစီအစဉ်များကို ထုတ်ပြန်ကြော်ငြာပေးခဲ့ပါသည်။ HUAWEI Y5p ကို ၁၁၉၀၀၀ ကျပ်၊ HUAWEI Y6p ကို ၁၇၉၀၀၀ ကျပ် နှင့် HUAWEI Y8p ကို ၂၉၉၀၀၀ ကျပ်တို့ဖြင့် ၂၀၂၀ ခုနှစ် ဇွန်လတစ်ရက်နေ့မှစ၍ ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။

HUAWEI Y6p တွင် လက်ရှိဈေးကွက်တွင် ရှိနေသည့် ၂သိန်းကျပ်အောက်ဖုန်းအချို့ထပ် ပိုမိုများပြားသည့် RAM နှင့် Storgae ပမာဏဖြစ်သည့် 4GBRAM+64GBROM တို့ဖြင့် ပွဲထွက်လာမှာ ဖြစ်ပြီး နေ့စဉ်အသုံးပြုမှုအတွက် ပိုမိုအဆင်ပြေချောမွေ့စေနိုင်မှာလည်းဖြစ်ပါသည်။ ထို့အပြင်လည်း ဘက်ထရီပမာဏကိုလည်း 5000 mAh အထိ မြှင့်တင် ထည့်သွင်းအသုံးပြုပေးထားသည့်အတွက် တစ်နေကုန် ဖုန်းအသုံးပြုနေရသူ၊ မိုဘိုင်းဂိမ်းများကို နှစ်ခြိုက်ရူးသွပ်စွာ ဆော့ကစားတတ်ကြသည့် သုံးစွဲသူတို့အတွက် သတင်းကောင်းတစ်ခုလည်းဖြစ်ပါသည်။ ။ 5000 mAh ဆိုသည့် ဘက်ထရီ ပမာဏမှာ Flagship series စမတ်ဖုန်းအချို့ထပ်တောင် များပြားသည့်ဘက်ထရီပမာဏတစ်ခုလည်းဖြစ်ပြီး မှန်းဆချက်များအရဆိုလျင်တစ်နေ့တာလုံး ဖုန်းကို ကောင်းမွန်စွာအသုံးပြုစေနိုင်မည့် အချက်တစ်ခုလည်းဖြစ်ပါသည်။ HUAWEI Y6p ကို ၁၇၉၀၀၀ ကျပ်ဖြင့် ပြည်တွင်းဈေးကွက်တွင် စတင်ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါသည်။

HUAWEI Y8p တွင်လည်း ယခင် HUAWEI Y Series စမတ်ဖုန်းအမျိုးအစားနှင့်မတူပဲ HUAWEI Y Series ဖုန်းများ အနက် ပထမဦးဆုံး OLED အမျိုးအစား Display ကို အသုံးပြုထားသော စမတ်ဖုန်းအမျိုးအစာ တစ်ခုလည်း ဖြစ်ပါသည်။ OLED အမျိုးအစား display ဟာဆိုလျင် လက်ရှိအချိန်တွင် HUAWEI P series နှင့် Mate Series အမျိုးအစား ဖုန်းများမှာသာ တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိသည့် မျက်နှာပြင်အမျိုးအစားဖြစ်ပြီး ကာလာအရည်အသွေးပိုင်းတွင်ကောင်းမွန်ပြီး ကြည်လင်ရွှန်းစိုတောက်ပသည့် မြင်ကွင်းအတွေ့အကြုံကိုခံစားရရှိစေမှာပဲ ဖြစ်ပါသည်။ ၆.၃ လက်မ အရွယ် HUAWEI Dewdrop Display OLED display ကို HUAWEI Y8p တွင် တပ်ဆင်အသုံးပြုထားတာ ဖြစ်ပါသည်။ ထို့အပြင် OLED display အမျိူးအစား၏ နောက်ဆက်တွဲ ကောင်းကွက်များ ဖြစ်သည့် AOD (always on Display), Dark Mode နှင့် in-screen fingerprint unlock (မျက်နှာပြင် လက်ဗွေစနစ်) စသည်တို့ကိုပါ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ နောက်တစ်ချက်အရလည်း HUAWEI Y8p တွင် HUAWEI ၏ နာမည်ကျော် 48MP AI Triple Camera စနစ်လည်း ပါဝင်လာပြီး 16 MP AI Selfie Camera ကိုလည်း တပ်ဆင်ထားပါသည်။ RAM 6GB နှင့် Internal Storage 128GB ပါဝင်ပြီး Kirin 710 F SOC နှင့်အတူ Android 10 ကို အခြေခံထားသော EMUI 10.1 ကို အသုံးပြုထားပါသည်။ HUAWEI Y8p ကို ၂၉၉၀၀၀ ကျပ်ဖြင့် ပြည်တွင်းဈေးကွက်တွင် ရောင်းချမည်ဖြစ်ပြီး ဇွန်လ ၁ ရက်နေ့မှစ၍ စတင်ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။

HUAWEI Y5p သည် ဈေးနှုန်းအားဖြင့် ကျပ် ၁၁၉၀၀၀ ကျပ်သာ ကျသင့်မည်ဖြစ်ပြီး ခေတ်မှီဆန်းပြားသော ဒီဇိုင်းပုံစံနှင့်အတူ ၅.၄၅ လက်မအရွယ် HD+ resolution ထိရရှိနိုင်မည့် HUAWEI FullView Display ပါဝင်မည်ဖြစ်ပါသည်။ ဖုန်းအသုံးပြုမှုအတွက် 2GB RAM နှင့် 32GB internal storage ပါဝင်မှာဖြစ်ပြီး 8MP ကင်မရာနှင့်အတူ အရှေ့ကင်မရာ 5MP ကို တပ်ဆင်ထားပါသည်။ ဗီဒီယိုကြည့်ရှုမှုအတွက် ၁၇ နာရီ၊ အွန်လိုင်းဗီဒီယို ကြည့်ရှုမှုအတွက် ၉နာရီ၊ 4G အင်တာနက် အသုံးပြုမှုအတွက် ၁၃ နာရီ ဝန်းကျင်ခန့်အထိ အသုံးပြုနိုင်မည့် 3020 mAh ဘက်ထရီကို တပ်ဆင်ပေးထားသောကြောင့် တစ်နေကုန် ဖုန်းအသုံးပြုမှုအတွက် ကောင်းမွန်စွာ လုံလောက်စေမှာပဲဖြစ်ပါသည်။

ထို့အပြင်လည်း HUAWEI Y6p နှင့် HUAWEI Y8p ကို ဝယ်ယူထားသူများအတွက်သာမက HUAWEI Mobile Services ကို အသုံးပြုသူများအတွက်လည်း အစီအစဉ်သစ်တစ်ခုကို မိတ်ဆက်ထားပါသည်။ HUAWEI AppGallery မှ foodpanda App ကို Download ရယူပြီး စတင်အသုံးပြုသူများအတွက် “HUAWEIAG” promo code ကိုအသုံးပြုပြီး ၃၀၀၀ ကျပ်အထိ လျှော့ဈေး ကို foodpanda မှတစ်ဆင့် ရယူနိုင်ဦးမှာပဲဖြစ်သည်။ အနည်းဆုံး ၆၀၀၀ ကျပ်ဖိုးဝယ်ယူမှုတိုင်းအတွက် အကျုံးဝင်မှာဖြစ်ပြီး ဇွန်လ (၃၀)ရက်နေ့အထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။”

HUAWEI အနေနှင့်လည်း ယခင် Y Series စမတ်ဖုန်းများသည် ဈေးနှုန်းသင့်တင့်မှုကြောင့် နာမည်ကောင်းတစ်ခုရထားပြီး ဖြစ်သည့်အတွက် ယခု HUAWEI Mobile Services နှင့် အသုံးပြုနိုင်မည့် HUAWEI Y5p | Y6p | Y8p အစရှိသည့် ထုတ်ကုန်များမှာ တန်ဖိုးအားဖြင့် သင့်တင့်မျှတပြီး ဘက်စုံအသုံးပြုနိုင်ပြီး စွမ်းဆောင်ရည်ပိုင်းကောင်းမွန်သည့် စမတ်ဖုန်းကို အသုံးပြုလိုကြတဲ့ သုံးစွဲသူများအကြား ရေပန်းစားလာဦးမှာပဲဖြစ်ပါသည်။

Source – HUAWEI