Notch မှာ ကင်မရာ ၂ လုံး တပ်ဆင်ထားတဲ့ Huawei Y8s ရဲ့ သတင်းတွေ ပြီးခဲ့တဲ့ လက ထွက်ပေါ်လာခဲ့ပါတယ်။ အခုတော့ အဲဒီ ဖုန်းကို တရားဝင် ကြေညာလိုက်ပြီ ဖြစ်ပြီး Huawei ရဲ့ ဂျော်ဒန် ဝက်ဘ်ဆိုက်မှာ စာရင်းတင်ထားပါတယ်။

Huawei Y8s မှာ ၆.၅ လက်မ LCD Full HD+ မျက်နှာပြင် တပ်ဆင်ထားပြီး မျက်နှာပြင် အထက်မှာ အရွယ်သေး Notch ပါလာပါတယ်။ Notch မှာ 8MP Main နဲ့ 2MP Depth ကင်မရာတွေ ပါလာပြီး နောက်ခံမှုန်ဝါးတဲ့ ဓါတ်ပုံတွေ ဖမ်းယူပေးနိုင်ပါတယ်။ အနောက်ဘက်မှာ 48MP Main နဲ့ 2MP Depth ကင်မရာ ထည့်သွင်းထားပြီး LED Flash ၁ လုံး ထောက်ပံ့ထားပါတယ်။

Huawei Y8s မှာ Kirin 710 Chipset မောင်းနှင်ထားပြီး 4GB RAM ပါလာပါတယ်။ 64GB နဲ့ 128GB Storage ၂ မျိုး ရွေးချယ်နိုင်ပြီး microSD Card စိုက်နိုင်ပါတယ်။ 4,000mAh ဘက်ထရီ ထည့်ထားပြီး microUSB Port ပဲပါတာက သိပ်မမိုက်ပါဘူး။ ဒါ့အပြင် Android Pie အခြေပြု EMUI 9.1 ပဲ ထည့်ထားပေမယ့် Google Services ပါလာပါတယ်။ ဈေးနှုန်းနဲ့ ရောင်းမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gsmarena