Huawei ကနေလက်ရှိအချိန်မှာ စျေးသက်သာတဲ့ Entry ဖုန်းတွေအနေနဲ့ Huawei Y7p လိုမျိုး ဖုန်းတွေကို မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ အခုလည်း နောက်ထပ် Entry ဖုန်းတစ်လုံးဖြစ်တဲ့ Huawei Y8s ဖုန်းကို မိတ်ဆက်တော့မှာဖြစ်ပါတယ်။

အဆိုပါသတင်းကိုတော့ နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ Evan Blass ကနေ Huawei Y8s ရဲ့ Official Poster ဓါတ်ပုံကို ဖော်ပြခဲ့တာဖြစ်ပါတယ်။ အဆိုပါ ဓါတ်ပုံအရ Huawei Y8s စမတ်ဖုန်းဟာ Notch Display ၊ Fingerprint Sensor နဲ့ လေးထောင့်ပုံစံ Dual Camera Setup ကို အသုံးပြုထားတာကိုတွေ့ရပါတယ်။

Huawei Y Series စမတ်ဖုန်းတွေဟာ စျေးနှုန်းသက်သာတဲ့စမတ်ဖုန်းတွေဖြစ်သလို တရုတ်နိုင်ငံမှာလည်း Enjoy Series နာမည်နဲ့ ရောင်းချနေတာဖြစ်ပါတယ်။ အခု Huawei Y8s စမတ်ဖုန်းကလည်း ဖုန်းဓါတ်ပုံထွက်ရှိလာတယ်ဆိုပေမယ့် Specification ပိုင်းကိုတော့ သိရှိရခြင်းမရှိသေးပါဘူး။

ဘာပဲဖြစ်ဖြစ် Budget ဖုန်းအသစ်ကို ဝယ်ယူချင်တယ်ဆိုရင်တော့ အခု Huawei Y8s က စိတ်ဝင်စားစရာစမတ်ဖုန်းတစ်လုံးဖြစ်လာဦးမှာပါ။

Ref – GSM Arena