[Zawgyi]
16 MP Auto Pop-up Selfie
AI Triple Cameras
[Unicode]
ချင်းမိုင်ခရီးမှာ Huawei Y9 Prime (2019) နဲ့ ဓာတ်ပုံရိုက်ရတဲ့ အတွေ့အကြုံ
Huawei Y9 Prime 2019 ဟာ နောက်ကင်မရာသုံးလုံးတွဲပါတဲ့အပြင် မိမိုက်နေတဲ့ “Pop-Up” Front Camera ကြောင့် ဈေးနှုန်းသင့်တင့်တဲ့ Mid-range level ဖုန်းတွေကြားမှာ ရေပန်းအလွန်စားခဲ့ပါတယ်။ Huawei Consumer Business Group က Huawei Y9 Prime 2019 ဝယ်ယူခဲ့ကြသူတွေကို ကျေးဇူးတုန့်ပြန်တဲ့အနေနဲ့ ချင်းမိုင်ခရီးစဉ် လိုက်ပို့တဲ့ အစီအစဉ်မှာ MyTech Myanmar အနေနဲ့လည်း လိုက်ပါခွင့်ရခဲ့ပြီး ခရီးသွားစဉ် Huawei Y9 Prime 2019 ရဲ့ ကင်မရာကို သေချာစမ်းသပ်အသုံးပြုခဲ့ပါတယ်။ Huawei Y9 Prime ရဲ့ Camera Review ကို ချင်းမိုင်ခရီးစဉ်မှာ သုံးခဲ့ရတဲ့ User experience ပေါ်မူတည်ပြီး ပြောပြပေးသွားမှာဖြစ်ပါတယ်။
16 MP Auto Pop-up Selfie
ပထမဆုံးအနေနဲ့ အရမ်းသဘောကျမိတဲ့ Selife Camera အကြောင်းပြောရမှာပါ။ သုံးသိန်းကျော်နဲ့ Pop-up Selfie Camera ပါဝင်လာတာ တကယ့်ကို တန်ပါတယ်။ စက္ကန့်ပိုင်းလေးအတွင်းမှာ Selife Camera ထိုးထွက်လာတာကလည်း စတိုင်ကျလှပါတယ်။ 16 MP ပါလို့ Selfie ဓာတ်ပုံတိုင်းက ကြည်လင်ပြီး Details ပြတ်သားမှုရှိတာကို တွေ့ရတယ်။ ကာလာအရမ်းစိုတောက်နေတာမျိးမဟုတ်ပေမဲ့ အပြင်က အရောင်အတိုင်း ကာလာထွက်ပါတယ်။ AI ပါဝင်လာတာလည်း အားသာချက်တစ်ခုဖြစ်နေပါသေးတယ်။ ဒါ့ကြောင့်လည်း ဓာတ်ပုံရိုက်တဲ့အခါ အရည်အသွေးကောင်းတဲ့ ပုံရိပ်တွေကို ပေးနိုင်တာပါ။ အလင်းရောင်များများရတဲ့ နေရာမျိူးဆို Selife ရိုက်ရတာပိုအဆင်ပြေပါတယ်။
AI Triple Cameras
Huawei Y9 Prime 2019 မှာ 16MP Primary Camera ၊ 8MP Ultra Wide-Angle Lens နှင့် 2MP Dedicated ‘Bokeh’ Lens တို့ ပါဝင်ပါတယ်။ ကင်မရာရိုက်ကြည့်တဲ့ အတွေ့အကြုံအရဆိုရင်တော့ ခရီးထွက်တဲ့အခါ သုံးဖို့ အရမ်းအဆင်ပြေပါတယ်။
သဘောကျမိတာတော့ သူ့ရဲ့ Bokeh Lens ပါ။ Portrait mode နဲ့ ရိုက်တဲ့အခါ ရှေ့က လူနဲ့ နောက်ခံ ရှုခင်းကို သေချာ Details ပြတ်ပြတ်သားသားဖြစ်နေပါတယ်။ AI ပါတာကြောင့် ပတ်ဝန်းကျင်က ရှုခင်းတွေ အစားအသောက်တွေ နေရာတွေကို နားလည်ပြီး အရောင်တွေ ဓာတ်ပုံတွေကို ပိုပြီးပြတ်သားအောင် တခါတည်းချိန်ညှိပေးပါတယ်။
Wide Angle Lens ပါနေတာကလည်း ရှုခင်းနဲ့ ဓာတ်ပုံတွဲရိုက်ချင်တဲ့အခါ တော်တော်အဆင်ပြေပါတယ်။ 8MP Wide angle Lens က ကိုယ်ပါချင်တဲ့ လူတွေကော ရှုခင်းတွေပါ ပါအောင် ရိုက်ပေးဖို့ စွမ်းဆောင်ပေးမှာပါ။ Main Camera 16MP ကလည်း တိကျပြတ်သားတဲ့ ဓာတ်ပုံတွေကို ရအောင် စွမ်းဆောင်နိုင်တာကို တွေ့ရပါတယ်။ အရမ်းစိတ်တိုင်းမကျမိတာကတော့ ထင်ထားသလောက် ဓာတ်ပုံတွေက ကာလာတွေ စိုတောက်နေတာမျိူးမရှိသေးတာပဲ ဖြစ်ပါတယ်။ သို့ပေမယ့် သုံးသိန်းကျော်တန် စမတ်ဖုန်းထဲမှာတော့ Huawei Y9 Prime 2019 ရဲ့ ကင်မရာစွမ်းဆောင်ရည်က ပေးရတဲ့ဈေးနဲ့ တန်တယ်ဆိုတဲ့ အဆင့်ရှိတယ်လို့ ပြောရမှာဖြစ်ပါတယ်။
ဘက်ထရီရဲ့ စွမ်းဆောင်ရည်ပိုင်းကို ထပ်ထည့်ပြောရမယ်ဆိုရင်တော့ 4000mAh Battery က ခရီးသွားတုန်း တစ်နေ့တာလုံး Daily Usage တွေအတွက် စိတ်ချလက်ချ အသုံးခံနိုင်ပါတယ်။ တစ်နေကုန် ဓာတ်ပုံရိုက်လိုက် Facebook သုံးလိုက် သီချင်းနားထောင်လိုက်နဲ့ ခရီးသွားတာ ညနေ ၆နာရီလောက် ပြန်ရောက်တဲ့အထိ ခံပါတယ်။ Charging Speed ကတော့ Normal လို့ပဲပြောရမှာပါ။ ညကတည်းက ၁၀၀ ရာခိုင်နှုန်းပြည့်အောင် အားသွင်းထားရင်တော့ ပိုအဆင်ပြေပါတယ်။