[Zawgyi]

HUAWEI ရဲ႕ ပထမဆုံး Pop-Up Selfie Camera ပါတဲ့ စမတ္ဖုန္းတစ္လုံးျဖစ္ၿပီး Full View အေတြ႕အႀကဳံကို ေပးစြမ္းႏိုင္မယ့္ Y9 Prime 2019 ဟာ ျမန္မာျပည္ေဈးကြက္အတြင္းကို ဇြန္လကုန္မွာ ေရာက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။ EMUI 9 ထည့္သြင္းထားတဲ့ Y9 Prime 2019 မွာ Android Pie အေပၚ အေျခခံထားတဲ့ အဆင့္ျမင့္ လုပ္ေဆာင္ခ်က္မ်ားျဖစ္ေသာ AI အေထာက္အပံ့ျပဳ ဓာတ္ပုံ႐ိုက္ကူးျခင္း ၊ ပိုမိုၾကာျမင့္ေသာ ဘက္ထၳရီ သက္တမ္း ၊ အဆင့္ျမင့္ graphics မ်ား ပါဝင္လာပါတယ္။ အဆင့္ျမင့္တဲ့ နည္းပညာ၊ ဆန္းသစ္လွပတဲ့ ဒီဇိုင္း၊ သင့္တင့္တဲ့ ေဈးႏႈန္းတို႔နဲ႔အတူ ေဈးကြက္ထဲ ဝင္ေရာက္လာမယ့္ အဆိုပါ စမတ္ဖုန္းဟာ HUAWEI ရဲ႕ အဆင့္ျမင့္မားဆုံးေသာ နည္းပညာကို သုံးစြဲသူမ်ားထံ ယူေဆာင္လာမယ္ဆိုတဲ့ ခံယူခ်က္ကို Y9 Prime 2019 နဲ႔ သက္ေသျပသႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။

Huawei Y9 Prime 2019 ကို ဇြန္လ ၁၅ရက္ေန႔ကေန ဇြန္လ ၂၉ ရက္ေန႔အထိ ျမန္မာေငြက်ပ္ ၃၃၉,၀၀၀ နဲ႔ Pre-Order မွာယူႏိုင္မွာ ျဖစ္ပါတယ္။ အေရာင္ေတြအေနနဲ႔ Sapphire Blue, Emerald Green နဲ႔ Midnight Black ဆိုၿပီး အေရာင္ ၃ မ်ိဴး ေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာျဖစ္ၿပီး Pre-Order Period အတြင္း ဖုန္းမွာယူသူမ်ားအတြက္ ျမန္မာေငြက်ပ္ (၃၀,၀၀၀) တန္ဖိုးရွိ HUAWEI Band 3e ကို လက္ေဆာင္ ျပန္လည္ ေပးအပ္သြားမယ္လို႔ သိရပါတယ္။

ဒါ့အျပင္ စတင္မိတ္ဆက္တဲ့အခ်ိန္မွ စတင္ၿပီး ေရာင္းခ်တဲ့အခ်ိန္အထိ သုံးစြဲသူေတြရဲ႕ အထူးအားေပးမႈကို ရရွိခဲ့တဲ့ HUAWEI P30 Pro အေရာင္သစ္ Amber Sunrise ကိုလည္း မိတ္ဆက္ခဲ့ပါတယ္။

၂၄ နာရီ ဝန္ေဆာင္မႈေပးႏိုင္ၿပီျဖစ္တဲ့ HUAWEI Hotline

HUAWEI ရဲ႕ Hotline ဟာ ယခင္က မနက္ ၉း၀၀နာရီ မွ ည ၆း၀၀နာရီ အတြင္းသာ သိရွိလိုတဲ့ အေၾကာင္းအရားေတြကို ေမးျမန္းႏိုင္ခဲ့ေပမယ့္ ဇြန္လ ၂၁ရက္ေန႔ မွ စတင္ကာ ၂၄ နာရီ ဝန္ေဆာင္မႈကို စတင္ေပးအပ္ေနၿပီျဖစ္ပါတယ္။ သုံးစြဲသူေတြက HUAWEI နဲ႔ ပတ္သက္တဲ့ မည္သည့္ အေၾကာင္းအရာကိုမဆို အခ်ိန္မေ႐ြး ေမးျမန္းႏိုင္ၿပီလို႔ ေျပာပါတယ္။

မိတ္ဖက္မ်ားရဲ႕ ေထာက္ပံ့မႈကို ၁၀၀% ရရွိေနတဲ့ HUAWEI

လက္ရွိမွာ တင္းမာမႈေတြ ျဖစ္ေပၚေနေပမယ့္ HUAWEI က မိတ္ဖက္မ်ားရဲ႕ ေထာက္ပံ့မႈကို အျပည့္အဝရရွိထားတဲ့ ကုမၸဏီတစ္ခုအျဖစ္ ရပ္တည္ေနဆဲ ျဖစ္တယ္လို႔ သိရပါတယ္။ HUAWEI ထုတ္ကုန္ပစၥည္းေတြကို တာဝန္ယူေရာင္းခ်ေနတဲ့ စမတ္ဖုန္း အေရာင္းဆိုင္အေတာ္အမ်ားဟာ သူတို႔ ေရာင္းခ်လိုက္တဲ့ HUAWEI စမတ္ဖုန္းေတြကေန Google Play, Gmail, Google Maps, Google Gallery, Chrome, YouTube, Facebook, Instagram နဲ႔ WhatsApp စတဲ့ Application မ်ားကို အသုံးျပဳလို႔မရခဲ့ပါက ဝယ္ယူထားတဲ့ ဖုန္းတန္ဖိုးအတိုင္း ၁၀၀% အထိျပန္လည္ေပးအပ္သြားမွာျဖစ္ေၾကာင္း သူတို႔ရဲ႕ လူမႈကြန္ရက္ေတြေပၚမွာ ေၾကညာခ်က္ထုတ္ခဲ့တယ္လို႔ ဆိုပါတယ္။ ဒါဟာ HUAWEI ထုတ္ကုန္ေတြနဲ႔ ထုတ္ကုန္အမွတ္တံဆိပ္ေပၚမွာ ထားရွိတဲ့ မိတ္ဖက္မ်ားရဲ႕ ယုံၾကည္မႈကို ထင္ဟပ္ျပသႏိုင္ခဲ့တာျဖစ္တယ္လို႔ ေျပာၾကားထားပါတယ္။

ဒီအစီအစဥ္ဟာ P30 Pro, P30, P30 Lite, P20 Pro, P20, Mate 20 Pro, Mate 20, Nova 4, Nova 3, Nova 3i, Y Max, Y9 Prime 2019, Y9 2019, Y7 Pro 2019, Y6 Pro 2019, Y6 Prime 2018, Y5 2019, Y5 Prime 2018, Y5 Lite, Media Pad M5 Lite 8, T3 7, T3 8, T3 10, T5 10 Model ေတြအတြက္ အက်ိဳးသက္ေရာက္မႈ ရွိမယ္လို႔ သိရပါတယ္။ အဆိုပါ သတ္မွတ္ခ်က္ဟာ ဖုန္းေမာ္ဒယ္တစ္လုံးရဲ႕ အာမခံသတ္မွတ္ထားတဲ့ အခ်ိန္အတိုင္းအတာအတြင္း အက်ဴံးဝင္မွာျဖစ္ပါတယ္။ HUAWEI Consumer Business Group ဟာ လက္ရွိမွာ လုပ္ငန္းေဆာင္တာေတြကို ယခင္အတိုင္း ဆက္လက္လုပ္ေဆာင္လွ်က္ရွိၿပီး ထုတ္ကုန္မ်ားလည္း ယခင္အတိုင္း ဆက္လက္ေရာင္းခ်လွ်က္ရွိတယ္လို႔ ဆိုပါတယ္။ ၂၀၁၉ ခုႏွစ္အတြင္းမွာလည္း ထုတ္ကုန္အသစ္မ်ား ထပ္မံ မိတ္ဆက္သြားဖို႔ရွိၿပီး တရားဝင္တင္သြင္းေရာင္းခ်တဲ့ အခ်ိန္မွာ သတင္းထုတ္ျပန္သြားမယ္လို႔ သိရပါတယ္။

[Unicode]

မြန်မာပြည် ဈေးကွက်ကို ဝင်ရောက်လာမယ့် HUAWEI Y9 Prime 2019 နဲ့ မိတ်ဖက်များရဲ့ ထောက်ပံ့မှုကို ၁၀၀% ရရှိနေတဲ့ HUAWEI

HUAWEI ရဲ့ ပထမဆုံး Pop-Up Selfie Camera ပါတဲ့ စမတ်ဖုန်းတစ်လုံးဖြစ်ပြီး စစ်မှန်တဲ့ Full View အတွေ့အကြုံကို ပေးစွမ်းနိုင်မယ့် Y9 Prime 2019 ဟာ မြန်မာပြည်ဈေးကွက်အတွင်းကို ဇွန်လကုန်မှာ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ EMUI 9 ထည့်သွင်းထားတဲ့ Y9 Prime 2019 မှာ Android Pie အပေါ် အခြေခံထားတဲ့ အဆင့်မြင့် လုပ်ဆောင်ချက်များဖြစ်သော AI အထောက်အပံ့ပြု ဓာတ်ပုံရိုက်ကူးခြင်း ၊ ပိုမိုကြာမြင့်သော ဘက်ထ္ထရီ သက်တမ်း ၊ အဆင့်မြင့် graphics များ ပါဝင်လာပါတယ်။ အဆင့်မြင့်တဲ့ နည်းပညာ၊ ဆန်းသစ်လှပတဲ့ ဒီဇိုင်း၊ သင့်တင့်တဲ့ ဈေးနှုန်းတို့နဲ့အတူ ဈေးကွက်ထဲ ဝင်ရောက်လာမယ့် အဆိုပါ စမတ်ဖုန်းဟာ HUAWEI ရဲ့ အဆင့်မြင့်မားဆုံးသော နည်းပညာကို သုံးစွဲသူများထံ ယူဆောင်လာမယ်ဆိုတဲ့ ခံယူချက်ကို Y9 Prime 2019 နဲ့ သက်သေပြသနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

Huawei Y9 Prime 2019 ကို ဇွန်လ ၁၅ရက်နေ့ကနေ ဇွန်လ ၂၉ ရက်နေ့အထိ မြန်မာငွေကျပ် ၃၃၉,၀၀၀ နဲ့ Pre-Order မှာယူနိုင်မှာ ဖြစ်ပါတယ်။ အရောင်တွေအနေနဲ့ Sapphire Blue, Emerald Green နဲ့ Midnight Black ဆိုပြီး အရောင် ၃ မျိူး ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပြီး Pre-Order Period အတွင်း ဖုန်းမှာယူသူများအတွက် မြန်မာငွေကျပ် (၃၀,၀၀၀) တန်ဖိုးရှိ HUAWEI Band 3e ကို လက်ဆောင် ပြန်လည် ပေးအပ်သွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် စတင်မိတ်ဆက်တဲ့အချိန်မှ စတင်ပြီး ရောင်းချတဲ့အချိန်အထိ သုံးစွဲသူတွေရဲ့ အထူးအားပေးမှုကို ရရှိခဲ့တဲ့ HUAWEI P30 Pro အရောင်သစ် Amber Sunrise ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။

၂၄ နာရီ ဝန်ဆောင်မှုပေးနိုင်ပြီဖြစ်တဲ့ HUAWEI Hotline

HUAWEI ရဲ့ Hotline ဟာ ယခင်က မနက် ၉း၀၀နာရီ မှ ည ၆း၀၀နာရီ အတွင်းသာ သိရှိလိုတဲ့ အကြောင်းအရားတွေကို မေးမြန်းနိုင်ခဲ့ပေမယ့် ဇွန်လ ၂၁ရက်နေ့ မှ စတင်ကာ ၂၄ နာရီ ဝန်ဆောင်မှုကို စတင်ပေးအပ်နေပြီဖြစ်ပါတယ်။ သုံးစွဲသူတွေက HUAWEI နဲ့ ပတ်သက်တဲ့ မည်သည့် အကြောင်းအရာကိုမဆို အချိန်မရွေး မေးမြန်းနိုင်ပြီလို့ ပြောပါတယ်။

မိတ်ဖက်များရဲ့ ထောက်ပံ့မှုကို ၁၀၀% ရရှိနေတဲ့ HUAWEI

လက်ရှိမှာ တင်းမာမှုတွေ ဖြစ်ပေါ်နေပေမယ့် HUAWEI က မိတ်ဖက်များရဲ့ ထောက်ပံ့မှုကို အပြည့်အဝရရှိထားတဲ့ ကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ HUAWEI ထုတ်ကုန်ပစ္စည်းတွေကို တာဝန်ယူရောင်းချနေတဲ့ စမတ်ဖုန်း အရောင်းဆိုင်အတော်အများဟာ သူတို့ ရောင်းချလိုက်တဲ့ HUAWEI စမတ်ဖုန်းတွေကနေ Google Play, Gmail, Google Maps, Google Gallery, Chrome, YouTube, Facebook, Instagram နဲ့ WhatsApp စတဲ့ Application များကို အသုံးပြုလို့မရခဲ့ပါက ဝယ်ယူထားတဲ့ ဖုန်းတန်ဖိုးအတိုင်း ၁၀၀% အထိပြန်လည်ပေးအပ်သွားမှာဖြစ်ကြောင်း သူတို့ရဲ့ လူမှုကွန်ရက်တွေပေါ်မှာ ကြေညာချက်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ HUAWEI ထုတ်ကုန်တွေနဲ့ ထုတ်ကုန်အမှတ်တံဆိပ်ပေါ်မှာ ထားရှိတဲ့ မိတ်ဖက်များရဲ့ ယုံကြည်မှုကို ထင်ဟပ်ပြသနိုင်ခဲ့တာဖြစ်တယ်လို့ ပြောကြားထားပါတယ်။

ဒီအစီအစဉ်ဟာ P30 Pro, P30, P30 Lite, P20 Pro, P20, Mate 20 Pro, Mate 20, Nova 4, Nova 3, Nova 3i, Y Max, Y9 Prime 2019, Y9 2019, Y7 Pro 2019, Y6 Pro 2019, Y6 Prime 2018, Y5 2019, Y5 Prime 2018, Y5 Lite, Media Pad M5 Lite 8, T3 7, T3 8, T3 10, T5 10 Model တွေအတွက် အကျိုးသက်ရောက်မှု ရှိမယ်လို့ သိရပါတယ်။ အဆိုပါ သတ်မှတ်ချက်ဟာ ဖုန်းမော်ဒယ်တစ်လုံးရဲ့ အာမခံသတ်မှတ်ထားတဲ့ အချိန်အတိုင်းအတာအတွင်း အကျူံးဝင်မှာဖြစ်ပါတယ်။ HUAWEI Consumer Business Group ဟာ လက်ရှိမှာ လုပ်ငန်းဆောင်တာတွေကို ယခင်အတိုင်း ဆက်လက်လုပ်ဆောင်လျှက်ရှိပြီး ထုတ်ကုန်များလည်း ယခင်အတိုင်း ဆက်လက်ရောင်းချလျှက်ရှိတယ်လို့ ဆိုပါတယ်။ ၂၀၁၉ ခုနှစ်အတွင်းမှာလည်း ထုတ်ကုန်အသစ်များ ထပ်မံ မိတ်ဆက်သွားဖို့ရှိပြီး တရားဝင်တင်သွင်းရောင်းချတဲ့ အချိန်မှာ သတင်းထုတ်ပြန်သွားမယ်လို့ သိရပါတယ်။