[Zawgyi]

Huawei Y9 Prime ကို ေဈးကြက္ထဲပို႔ၿပီးတဲ့ေနာက္ တ႐ုတ္အေျခစိုက္ကုမၸဏီႀကီးဟာ ေနာက္ထပ္ေျပာင္းလဲမႈအခ်ိဳ႕နဲ႔ Huawei Y9s ကို ထပ္ၿပီး မိတ္ဆက္ေပးဦးမွာ ျဖစ္ပါတယ္။ Y9s ကလည္း Mid-range စမတ္ဖုန္းတစ္လုံးပဲျဖစ္တာေၾကာင့္ လတ္တေလာေဈးကြက္ထဲမွာရွိေနၿပီးသား ၃ သိန္းနဲ႔ ၄ သိန္းၾကား အျခား Midranges ေတြနဲ႔ ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။

အေျခခံအခ်က္အလက္အားျဖင့္ Y9s ဟာ 6.59-inch FullHD+ LCD မ်က္ႏွာျပင္ျဖစ္ပါတယ္။ 1080 x 2340 pixels resolutions လည္းျဖစ္ပါတယ္။ ေက်ာဘက္မွာေတာ့ 48MP+8MP+2MP ကင္မရာသုံးလုံးတပ္ဆင္ထားၿပီး Selfie ကင္မရာကေတာ့ 16MP Pop-up ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း Screen-to-body အခ်ိဳးက ၈၄.၇% ျဖစ္သြားပါတယ္။

အတြင္းအစိတ္အပိုင္းေတြအျဖစ္ HiSilicon Kirin 710F ကို အသုံးျပဳထားသလို 6GB of RAM နဲ႔တြဲဖက္ေပးထားတာကိုလည္း ေတြ႕ရပါတယ္။ သိုေလွာင္မႈပမာဏကေတာ့ 128GB ျဖစ္ၿပီး ထုံးစံအတိုင္း MicroSD နဲ႔ 512GB အထိ ခ်ဲ႕လို႔ရပါတယ္။ 4,000mAh ဘက္ထရီတပ္ဆင္ေပးထားသလို 10W Charging နဲ႔ USB Type-C Port လည္း ေထာက္ပံ့ေပးထားပါတယ္။ Fingerprint ကေတာ့ ေဘးဘက္မွာတပ္ဆင္ထားတာပါ။

ဒါျဖင့္ရင္ Y9s က လက္ရွိေဈးကြက္ထဲက ေခတ္ၿပိဳင္ Midranges အခ်ိဳ႕နဲ႔ပခုံးခ်င္းယွဥ္ႏိုင္မလားလို႔ ေမးစရာ ရွိပါတယ္။ အနီးစပ္ဆုံးေျပာရရင္ OPPO A9 2020 တို႔ Vivo S1 တို႔နဲ႔ ႏႈိင္းယွဥ္မယ္ဆိုရင္ေတာ့ Huawei Y9S က အားသာခ်က္ေလးေတြ ရွိတာကို ေတြ႕ရမွာပါ။ ဥပမာအားျဖင့္ မ်က္ႏွာျပင္က Notch မပါဘဲ လုံးဝ FullView ျဖစ္ေနတာ၊ မ်က္ႏွာျပင္အ႐ြယ္အစား 6.59-inch ျဖစ္ေနတာ၊ 1080 x 2340 pixels Resolution ျဖစ္ေနတာေတြက Y9s ဟာ မ်က္ႏွာျပင္ပိုင္းမွာ OPPO A9 2020 လိုမ်ိဴး ၿပိဳင္ဘက္ေတြထက္ပိုၿပီးဆြဲေဆာင္ႏိုင္တဲ့ အခ်က္အလက္ေတြ ရွိေနတယ္လို႔ ဆိုရမွာပါ။

ကင္မရာပိုင္းမွာေတာ့ 48MP+8MP+2MP ကင္မရာသုံးလုံးျဖစ္ေနတာက OPPO A9 2020 ေလာက္စာ႐ြက္ေပၚက အခ်က္အလက္ေတြမွာ အားရစရာ မေကာင္းေပမယ့္ တကယ္တမ္း စမ္းသပ္႐ိုက္ကူးၾကည့္တဲ့ အခ်ိန္မွာေတာ့ Huawei Y9s က ကင္မရာပိုင္းမွာလည္း ေတာ္ေတာ္ အားျဖည့္ထားတာကို ေတြ႕ရပါတယ္။ ဒါ့အျပင္ Y9s က Vivo S1 ထက္ Detail ပိုေကာင္းတဲ့ ဓာတ္ပုံေတြကို ေက်ာဘက္ကင္မရာကေနတဆင့္ ႐ိုက္ကူးႏိုင္ဦးမွာလည္း ျဖစ္ပါတယ္။

အသုံးျပဳသူေတြအေနနဲ႔ အေျခခံအခ်က္အလက္ေတြကိုၾကည့္ၿပီးေ႐ြးမယ္ဆိုရင္ Huawei Y9s ဟာ တန္ဖိုးအနည္းဆုံး ေမာ္ဒယ္ျဖစ္ေပမယ့္ Display အပိုင္းမွာ OPPO A9 2020 ထက္သာသလို ေက်ာဘက္ Main Camera ရဲ႕ Detail အပိုင္းမွာလည္း Vivo S1 ထက္ သာေနတာ ေတြ႕ရမွာပါ။ ဒါ့အျပင္ Y9s ရဲ႕ ဒီဇိုင္းလန္းလန္းမ်က္ႏွာျပင္ (FullView)နဲ႔ Pop-up Selfie ကင္မရာေတြကလည္း Huawei Fan ေတြကို အႀကိဳက္ေတြ႕ေစဦးမွာပါ။ ၿခဳံၾကည့္မယ္ဆိုရင္ေတာ့ အားနည္းခ်က္အနည္းငယ္ရွိသလို၊ အားသာခ်က္ေတြလည္းရွိေနတာေၾကာင့္ လက္ရွိသတ္မွတ္ေဈးအတိုင္းဆိုရင္ ေ႐ြးခ်ယ္စရာေတြၾကားမွာ Huawei Y9s က မျဖစ္မေနထည့္ၿပီးစဥ္းစားစရာပါပဲ။

Huawei Y9s ကို ၃ သိန္း ၆ ေသာင္း ၉ ေထာင္ သတ္မွတ္ထားတာကို ေတြ႕ရပါတယ္။ အေရာင္က Midnight Black နဲ႔ breathing crystal ႏွစ္မ်ိဳးထြက္မယ္လို႔လည္းသိရပါတယ္။ ျမန္မာႏိုင္ငံေဈးကြက္မွာေတာ့ ဒီဇင္ဘာလ ၇ရက္ေန႔အထိ Pre-order လက္ခံေနၿပီျဖစ္ၿပီး လက္ေဆာင္အျဖစ္ Huawei Band3e ရရွိမယ္လို႔လည္း သိရပါတယ္။

[Unicode]

Mid-range ကြိုးဝိုင်းထဲကို စိန်ခေါ်သူအဖြစ် ဝင်ရောက်လာတဲ့ Huawei Y9s

Huawei Y9 Prime ကို ဈေးကွက်ထဲပို့ပြီးတဲ့နောက် တရုတ်အခြေစိုက်ကုမ္ပဏီကြီးဟာ နောက်ထပ်ပြောင်းလဲမှုအချို့နဲ့ Huawei Y9s ကို ထပ်ပြီး မိတ်ဆက်ပေးဦးမှာ ဖြစ်ပါတယ်။ Y9s ကလည်း Mid-range စမတ်ဖုန်းတစ်လုံးပဲဖြစ်တာကြောင့် လတ်တလောဈေးကွက်ထဲမှာရှိနေပြီးသား ၃ သိန်းနဲ့ ၄ သိန်းကြား အခြား Midranges တွေနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

အခြေခံအချက်အလက်အားဖြင့် Y9s ဟာ 6.59-inch FullHD+ LCD မျက်နှာပြင်ဖြစ်ပါတယ်။ 1080 x 2340 pixels resolutions လည်းဖြစ်ပါတယ်။ ကျောဘက်မှာတော့ 48MP+8MP+2MP ကင်မရာသုံးလုံးတပ်ဆင်ထားပြီး Selfie ကင်မရာကတော့ 16MP Pop-up ဖြစ်ပါတယ်။ ဒါကြောင့်လည်း Screen-to-body အချိုးက ၈၄.၇% ဖြစ်သွားပါတယ်။

အတွင်းအစိတ်အပိုင်းတွေအဖြစ် HiSilicon Kirin 710F ကို အသုံးပြုထားသလို 6GB of RAM နဲ့တွဲဖက်ပေးထားတာကိုလည်း တွေ့ရပါတယ်။ သိုလှောင်မှုပမာဏကတော့ 128GB ဖြစ်ပြီး ထုံးစံအတိုင်း MicroSD နဲ့ 512GB အထိ ချဲ့လို့ရပါတယ်။ 4,000mAh ဘက်ထရီတပ်ဆင်ပေးထားသလို 10W Charging နဲ့ USB Type-C Port လည်း ထောက်ပံ့ပေးထားပါတယ်။ Fingerprint ကတော့ ဘေးဘက်မှာတပ်ဆင်ထားတာပါ။

ဒါဖြင့်ရင် Y9s က လက်ရှိဈေးကွက်ထဲက ခေတ်ပြိုင် Midranges အချို့နဲ့ပခုံးချင်းယှဉ်နိုင်မလားလို့ မေးစရာ ရှိပါတယ်။ အနီးစပ်ဆုံးပြောရရင် OPPO A9 2020 တို့ Vivo S1 တို့နဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ Huawei Y9S က အားသာချက်လေးတွေ ရှိတာကို တွေ့ရမှာပါ။ ဥပမာအားဖြင့် မျက်နှာပြင်က Notch မပါဘဲ လုံးဝ FullView ဖြစ်နေတာ၊ မျက်နှာပြင်အရွယ်အစား 6.59-inch ဖြစ်နေတာ၊ 1080 x 2340 pixels Resolution ဖြစ်နေတာတွေက Y9s ဟာ မျက်နှာပြင်ပိုင်းမှာ OPPO A9 2020 လိုမျိူး ပြိုင်ဘက်တွေထက်ပိုပြီးဆွဲဆောင်နိုင်တဲ့ အချက်အလက်တွေ ရှိနေတယ်လို့ ဆိုရမှာပါ။

ကင်မရာပိုင်းမှာတော့ 48MP+8MP+2MP ကင်မရာသုံးလုံးဖြစ်နေတာက OPPO A9 2020 လောက်စာရွက်ပေါ်က အချက်အလက်တွေမှာ အားရစရာ မကောင်းပေမယ့် တကယ်တမ်း စမ်းသပ်ရိုက်ကူးကြည့်တဲ့ အချိန်မှာတော့ Huawei Y9s က ကင်မရာပိုင်းမှာလည်း တော်တော် အားဖြည့်ထားတာကို တွေ့ရပါတယ်။ ဒါ့အပြင် Y9s က Vivo S1 ထက် Detail ပိုကောင်းတဲ့ ဓာတ်ပုံတွေကို ကျောဘက်ကင်မရာကနေတဆင့် ရိုက်ကူးနိုင်ဦးမှာလည်း ဖြစ်ပါတယ်။

အသုံးပြုသူတွေအနေနဲ့ အခြေခံအချက်အလက်တွေကိုကြည့်ပြီးရွေးမယ်ဆိုရင် Huawei Y9s ဟာ တန်ဖိုးအနည်းဆုံး မော်ဒယ်ဖြစ်ပေမယ့် Display အပိုင်းမှာ OPPO A9 2020 ထက်သာသလို ကျောဘက် Main Camera ရဲ့ Detail အပိုင်းမှာလည်း Vivo S1 ထက် သာနေတာ တွေ့ရမှာပါ။ ဒါ့အပြင် Y9s ရဲ့ ဒီဇိုင်းလန်းလန်းမျက်နှာပြင် (FullView)နဲ့ Pop-up Selfie ကင်မရာတွေကလည်း Huawei Fan တွေကို အကြိုက်တွေ့စေဦးမှာပါ။ ခြုံကြည့်မယ်ဆိုရင်တော့ အားနည်းချက်အနည်းငယ်ရှိသလို၊ အားသာချက်တွေလည်းရှိနေတာကြောင့် လက်ရှိသတ်မှတ်ဈေးအတိုင်းဆိုရင် ရွေးချယ်စရာတွေကြားမှာ Huawei Y9s က မဖြစ်မနေထည့်ပြီးစဉ်းစားစရာပါပဲ။

Huawei Y9s ကို ၃ သိန်း ၆ သောင်း ၉ ထောင် သတ်မှတ်ထားတာကို တွေ့ရပါတယ်။ အရောင်က Midnight Black နဲ့ breathing crystal နှစ်မျိုးထွက်မယ်လို့လည်းသိရပါတယ်။ မြန်မာနိုင်ငံဈေးကွက်မှာတော့ ဒီဇင်ဘာလ ၇ရက်နေ့အထိ Pre-order လက်ခံနေပြီဖြစ်ပြီး လက်ဆောင်အဖြစ် Huawei Band3e ရရှိမယ်လို့လည်း သိရပါတယ်။