[Zawgyi]
Ref : gizmochina
[Unicode]
Huawei Y9s ရဲ့ Full Specs တွေ Official Website ကနေ ထွက်ပေါ်လာ
Huawei Y9 Series အသစ် ၁ လုံးထွက်လာမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းထွက်ခဲ့ပါတယ်။ အခုတော့ အဲဒီဖုန်းရဲ့ Full Specs တွေ Huawei Official Website ကနေ ထွက်ပေါ်လာပါပြီ။  Huawei Y9s လို့နာမည်ပေးထားပြီးာ ပထမနှစ်ဝက်က ကြေညာခဲ့တဲ့ Y9 Prime 2019 မှာလို ၆.၅၉ လက်မ FHD+ Ultra FullView Display တပ်ဆင်ထားပါတယ်။ Pop-up Selfie Camera Design ကလည်း တူပေမယ့် Design တချို့ပြောင်းလဲထားပါတယ်။
Y9s ရဲ့ ဘေးဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာကို ပါဝါ ခလုတ် အောက်မှာ တပ်ဆင်ထားပါတယ်။ အနောက်ကင်မရာ ၃ လုံးရဲ့ Design က တူညီပေမယ့် Dual-LED အစား ၁ လုံးထဲပဲ ထည့်သွင်းထားပါတယ်။ Prime Model ရဲ့ 16MP Sensor အစား 48MP f/1.8 Sensor နဲ့ အစားထိုးထားပါတယ်။ ၁၂၀ ဒီဂရီ မြင်ကွင်းကျယ် ဓါတ်ပုံတွေ ဖမ်းယူပေးနိုင်တဲ့ 8MP Ultrawide Angle Camera နဲ့ 2MP Depth Camera တွေက တူတူပါပဲ။ 16MP Selfie Camera ကလည်း တူပေမယ့် အခုတော့ f/2.2 Aperture ဖြစ်သွားပါတယ်။
Y9s မှာ တူညီတဲ့ Kirin 710F Processor မောင်းနှင်ထားပါတယ်။ 6GB RAM နဲ့ 128GB Storage ထည့်သွင်းထားပြီး 512GB microSD Card စိုက်နိုင်ပါတယ်။ 10W Charging ပါတဲ့ 4,000mAh Battery နဲ့ USB Type-C Port ပါပါတယ်။ Android 9 Pie အခြေပြု EMUI 9.1 မောင်းနှင်ထားပါတယ်။ မကြာခင်မှာ ကြေညာနိုင်ပြီး Camera နဲ့ RAM တွေ ပိုကောင်းလာတဲ့ အတွက် Y9 Prime 2019 ထက် ဈေးပိုများနိုင်ပါတယ်။
Ref : gizmochina