ပြီးခဲ့တဲ့ နိုဝင်ဘာလက ကြေညာခဲ့တဲ့ Huawei Y9s ကို အိန္ဒိယမှာ မကြာခင် ရောင်းတော့မှာ ဖြစ်ပါတယ်။ Huawei ရဲ့ အိန္ဒိယ ဌာနက တွစ်တာမှာ အဲဒီ ဖုန်းကို Tease လုပ်နေပါတယ်။ Huawei က Y9s ကို ကြေညာမယ့် အချိန်ကို မပြောသေးပေမယ့် Huawei ရဲ့ တရားဝင် ဝက်ဘ်ဆိုက်နဲ့ Amazon.in မှာ စာရင်းတင်ထားပါတယ်။

Huawei Y9s မှာ ၆.၅၉ လက်မ Notchless FullHD+ မျက်နှာပြင် တပ်ဆင်ထားပြီး Kirin 710F SoC မောင်းနှင်ထားပါတယ်။ 6GB RAM နဲ့ 128GB Storage ထည့်ထားပြီး 512GB microSD Card စိုက်နိုင်ပါတယ်။ Android Pie အခြေပြု EMUI 9.1 မောင်းနှင်ထားပြီး 16MP Pop-up ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 48MP Main , 8MP Ultrawide နဲ့ 2MP Depth ကင်မရာ ၃ လုံးပါလာပါတယ်။

Huawei Y9s မှာ ဘေးဘက် လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားပြီး 4,000mAh ဘက်ထရီ ပါပါတယ်။ အိန္ဒိယမှာ Midnight Black , Breathing Crystal နဲ့ Phantom Purple ၃ ရောင် ထုတ်လုပ်ထားပါတယ်။

Ref : gsmarena