ပြည်သူလူထုကို အကူအညီပေးရန် COVID-19 တိုက်ဖျက်ရေးအကောင်အထည်ဖော်မှု တစိတ်တပိုင်းအနေဖြင့် Huawei က မြန်မာငွေကျပ် ( ၇၂,၇၄၈,၅၆၂/-) တန်ဖိုးရှိ artificial intelligence (AI) ဆိုင်ရာ နည်းပညာ ဝန်ဆောင်မှုများ၊ ဗီဒီယို ဆွေးနွေးပွဲစနစ်နှင့် စမတ်ဖုန်းများကို မြန်မာနိုင်ငံအတွက် ပံ့ပိုးပေးလျက် ရှိသည်။ COVID-19 ကပ်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း မြေပြင်ဆက်သွယ်မှုဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းပြီး ချိတ်ဆက်မှုများကို သေချာစေရန်နှင့် ဆန်းသစ်သည့် နည်းပညာများ၊ အရေးတကြီး လိုအပ်သည့် ဝန်ဆောင်မှုများကို ပံ့ပိုးပေးရန်တို့အတွက် Huawei က ရန်ကုန်တိုင်း‌ဒေသကြီးအစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ကပ်ရောဂါကို တိုက်ဖျက်ရန်အတွက် ပထမဦးဆုံး အရေးကြီးသည်မှာ ကျန်းမာရေး စနစ်များ ဖြစ်သည်။ Huawei ၏ ဆက်သွယ်ရေး ဆေးပညာ (telemedicine) လုပ်ထုံးများကို ဗီဒီယို တိုက်ရိုက်ထုတ်လွှင့်ခေါ်ဆိုမှု၊ အဝေးရောက် ပူးပေါင်းလုပ်ကိုင်မှု၊ အဝေးထိန်း ရောဂါဆန်းစစ်မှု၊ အဝေးထိန်း အကာအကွယ်ပေးမှု စသည့် အဓိကအချက်လေးချက်တွင် အခြေခံကာ လက်တွေ့လုပ်ကိုင်ဆန်းသစ်ထားခြင်းဖြစ်သည်။ ယင်းအဓိက အချက်များအားလုံးကို မြန်မာနိုင်ငံအပါအဝင် အာရှပစိဖိတ် ဒေသတွင်း နိုင်ငံများတွင် လက်တွေ့သုံးစွဲနေကြပြီ ဖြစ်သည်။

“HUAWEI CLOUD ဟာ တရုတ်နိုင်ငံက မိတ်ဖက်များနဲ့ လက်တွဲပြီး ကပ်ရောဂါကို တိုက်ဖျက်ဖို့အတွက် Cloud၊ AI စတဲ့ ဆန်းသစ်တဲ့ နည်းပညာတွေကို အသုံးပြုနေခဲ့ပြီး AI နည်းပညာသုံး CT scan ရောဂါဆန်းစစ်မှု၊ အွန်လိုင်းပညာရေးနဲ့ တယ်လီကွန်းနည်းပညာပိုင်းတွေမှာ အတွေ့အကြုံ ကြွယ်ဝနေပါပြီ။ အခုဆိုရင် ဒီ အကြပ်အတည်းတွင်းက စိန်ခေါ်မှုတွေကိုရင်ဆိုင်နိုင်ဖို့အတွက် မြန်မာပြည်သူတွေကို ကျွန်တော်တို့က နည်းပညာပံ့ပိုးမှုနဲ့ အကောင်းဆုံးအားထုတ်ကူညီပေးသွားမှာ ဖြစ်ပါတယ်။ ဒီ solution တွေဟာ ကျန်းမာရေး ပညာရှင်တွေနဲ့ ဆေးရုံတွေမှာ လုပ်ကိုင်နေတဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်လုပ်သားတွေအတွက် အဝေးရောက် ဆွေးနွေးတိုင်ပင်မှုတွေ ပြုလုပ်နိုင်ဖို့၊ ရောဂါဆန်းစစ်မှုနဲ့ ကုသမှုဆိုင်ရာ ထိရောက်မှုတွေကို တိုးမြှင့်နိုင်ဖို့နဲ့ အစိုးရနဲ့ ဆေးရုံတွေကြား အချိန်နဲ့ တပြေးညီ အဆက်မပြတ်ဆက်သွယ်မှုတွေ ပြုလုပ်နိုင်စေဖို့ လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်” ဟု Huawei Myanmar ၏ CEO Mr. Ding Zhaoyi က ဆိုသည်။

မြန်မာနိုင်ငံတွင် Huawei ၏ ဆက်သွယ်ရေးဆေးပညာဆိုင်ရာ online conference စနစ်ကို COVID-19 ရောဂါပိုးရှိသူ လူနာ ဦးရေ ၂,၀၀၀ အထိ လက်ခံကုသပေးနိုင်ရန်ပြင်ဆင်ထားသော ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး)နှင့် ရန်ကုန်ဆေးတက္ကသိုလ်(၁)တို့တွင်တပ်ဆင်ထားပြီး အစိုးရနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ဆေးဝါးကျွမ်းကျင်ပညာရှင်များကို ကပ်ရောဂါကာကွယ်ခြင်း၊ နိုင်ငံအနှံ့ရှိ ဌာနများ၊ လူများ တစ်ပြိုင်နက်ပူးပေါင်းချိတ်ဆက်ကာ အွန်လိုင်းတွင်ဆွေးနွေးခြင်းနှင့် နိုင်ငံတစ်ဝှမ်းမှ ဆေးရုံ၊ ဆေးတက္ကသိုလ် များ အပြန်အလှန်ချိတ်ဆက်ကာ ဆေးပညာရှင်များအချင်းချင်း ဆွေးနွေး၊ သင်ကြားခြင်းများ ပြုလုပ်စေနိုင်ရန် အကူအညီပေးခဲ့သည်။ ယင်းစနစ်၏လုပ်ဆောင်မှုမှာ ရောဂါရှာဖွေမှု၏ စွမ်းဆောင်ရည်ကိုသာ တိုးတက် စေသည် မဟုတ်ဘဲ ဆေးဘက် အဖွဲ့အစည်းတစ်ရပ်လုံးအပေါ် ရောဂါကူးစက်နိုင်ချေကိုပါ လျော့နည်းစေမည် ဖြစ်သည်။ ဗဟိုဝန်ထမ်းတက္ကသိုလ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကူးစက်မြန်ရောဂါကို တိုက်ဖျက်ရာတွင် ပိုမိုထိရောက်စေရန် အကူအညီပေးနိုင်ရုံမက ဆရာဝန်များအနေဖြင့် လူနာများ၏ CT ကို ဖတ်ရှုကာ ရောဂါ ရှာဖွေချိန်ကို သိသာစွာလျှော့ချပေးနိုင်မည့် အမြန်နှုန်းမြင့်မား၍ ဒေတာအကူးအပြောင်းကြာချိန် (latency) အလွန်နည်းပါးသော Huawei ၏ AIနည်းပညာသုံး ရောဂါရှာဖွေမှုနှင့် ကုသမှုစနစ်တို့ကိုလည်း တပ်ဆင် ပေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ လှူဒါန်းပွဲတွင် “အခုလို လှူဒါန်းပေးတဲ့ အလှူရှင်တွေကို ကျွန်တော့်အနေနဲ့အထူးပဲကျေးဇူးတင်ပါတယ်။ ပြည်သူတွေရဲ့ လှူဒါန်းမှု ပူးပေါင်းပါဝင်မှု၊ ဝိုင်းဝန်းထည့်ဝင်မှု တွေဟာ COVID 19 ရောဂါတိုက်ဖျက်ရေးကို ဆောင်ရွက်နေရတဲ့ သူတွေအတွက် စိတ်ဓါတ်ခွန်အားကို ပိုပြီး ဖြစ်စေပါတယ်။ ကမ္ဘာ့အလယ်မှာလည်း တကယ့်ကို မျက်နှာပန်းလှတဲ့နိုင်ငံတစ်ခု ဖြစ်လာခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ခက်ခဲတဲ့အချိန်တွေမှာ ယခုလို ပါဝင်ပေးမှုတွေကို အမြဲမှတ်တမ်းတင်ထားမှာပါ။ ဒီအခြေအနေ ကို ဆက်လက်ထိန်းသိမ်းပြီး နောင်ကြုံလာခဲ့မယ့်အခြေအနေတွေ ရှိခဲ့မယ်ဆိုလည်း အင်တိုက်အားတိုက်နဲ့ ကျွန်တော်တို့ အခုလိုပဲ ညီညီညွတ်ညွတ်နဲ့ ဆက်လက်ဖြေရှင်းဆောင်ရွက်နိုင်ပါစေလို့ဆန္ဒပြုပါတယ်။” လို့ ပြောကြားခဲ့ကာ ဂုဏ်ပြုလွှာများပေးအပ်ခဲ့သည်။

ရန်ကုန်ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ်နှင့် ပါမောက္ခချုပ်များကော်မတီ၏ ဥက္ကဌဖြစ်သူ ဒေါက်တာ ဇော်ဝေစိုး မှလည်း Huawei ၏ နည်းပညာ ပံ့ပိုးပေးမှုအပေါ် ယခုလို ဝမ်းသာပီတိစကားပြောကြားခဲ့သည်။ “အခုလို video conferencing system တွေကို ဖောင်ကြီး ကိုဗစ် (၁၉) ကျန်းမာရေးစင်တာ, ဆေးတက္ကသိုလ် (၁) ရန်ကုန်နဲ့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့တွေကို ချိတ်ဆက်နိုင်အောင် တပ်ဆင်ပေးတဲ့အတွက် Huawei ကို ကျေးဇူးတင်ပါတယ်။ ယခု လှူဒါန်းပေးတဲ့ စနစ်တွေက COVID-19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်တွေ အတွက် အလွန်ကို အရေးကြီးနေတဲ့ အထောက်အကူပြုစနစ်တွေပဲဖြစ်ပါတယ်။ ဒါ့အပြင် ပထမဦးဆုံး AI နည်းပညာအသုံးပြု CT စနစ်ကိုလည်း လှူဒါန်းပေးတဲ့အတွက် ကိုဗစ် (၁၉) ကူးစက်ခံ လူနာတွေမှာ ရင်ခေါင်းဓါတ်မှန်စစ်ဆေးတဲ့ နေရာတွေမှာ အရမ်းကို အဆင်ပြေပါတယ်။ အခုလို Huawei ရဲ့ ပူးပေါင်းပါဝင်လှူဒါန်း ပေးမှုဟာ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက်သာမက ကျန်းမာရေး ဆိုင်ရာ သင်ကြားမှုတွေအတွက်ပါ အထောက်အကူဖြစ်မှာ ဖြစ်တဲ့အတွက် ကျေးဇူးတင်ရှိကြောင်း ထပ်မံ ပြောကြားချင်ပါတယ်။”

HUAWEI CLOUD ပလက်ဖောင်းပေါ်တွင် အခြေခံထားသည့် Huawei ၏ AI နည်းပညာသုံး ရောဂါဆန်းစစ်မှု solution များက COVID-19 သံသယလူနာများကို မြန်ဆန်စွာ ဆန်းစစ်အတည်ပြုပေးသောကြောင့် ရောဂါဆန်းစစ်မှု ကြာချိန်ကို သိသာစွာ လျှော့ချပေးသည်။ ရောဂါ၏ ကနဦး အခြေအနေ၊ အားကောင်းသည့် အခြေအနေ၊ ပြင်းထန်သည့် အခြေအနေများကို သိသာစွာ ခွဲခြားပေးနိုင်သဖြင့် ကုသရေးအတွက် အချိန်ကို ချွေတာနိုင်သလို အလုပ်များပိခြင်းကိုလည်း လျှော့ချပေးနိုင်သည်။

ကျန်းမာရေး စောင့်ရှောက်မှုနယ်ပယ်တွင် HUAWEI CLOUD က ထုတ်လုပ်ထားသော EIHealth စနစ်ကို အသုံးပြုကာ မျိုးရိုးဗီဇပစ္စည်း (genome) ပျံ့နှံ့မှုကို စောင့်ကြည့်ခြင်း၊ ပျံ့နှံ့မှု တားဆီးသည့် ဆေးဝါးကို silo screening စနစ်တွင် အသုံးပြုခြင်းနှင့် AI နည်းပညာသုံး CT ဖြင့် လူနာဆန်းစစ်ခြင်း ဝန်ဆောင်မှုများ ပံ့ပိုးလျက် ရှိသည်။

စီးပွားရေးလုပ်ငန်းများဆိုင်ရာ ကဏ္ဍတွင် HUAWEI CLOUD က လုပ်ငန်းများကို cloud သို့ ရွှေ့ပြောင်းစေပြီး ကပ်ရောဂါ ဖြစ်ပွားနေချိန်တွင် လုပ်ငန်းလုပ်ကိုင်များ ဆက်လက်လည်ပတ်စေနိုင်ရန် အကူအညီပေးသည်။

ပညာရေးကဏ္ဍတွင် ကျောင်းများနှင့် အခြား ပညာရေးအဖွဲ့အစည်းများအတွက် အွန်လိုင်းပညာရေး ဝန်ဆောင်မှုများ ပံ့ပိုးပေးရန် HUAWEI CLOUD က မိတ်ဖက်များနှင့် အတူ လုပ်ကိုင်လျက် ရှိသည်။ မကြာသေးမီ က Huawei သည် UNESCO IITE၊ UNESCO ICHEI တို့နှင့် ပူးပေါင်း၍ အဆင့်မြင့်ပညာရေးဆိုင်ရာ အွန်လိုင်းအစည်းအဝေးတစ်ခု ပြုလုပ်ပြီး ယင်း၏ Learn ON အစီအစဉ်ကို မိတ်ဆက်လိုက်သည်။ ယင်းအစီအစဉ်က COVID-19 အကျပ်အတည်းကာလအတွင်း မတူညီသည့် နေရာဒေသများမှ အုပ်စုများစွာ အတွက် ကောင်းမွန်သည့် ပညာရေးများ ရရှိစေရန်အတွက် ဆန်းသစ်သည့် ICT နည်းပညာများကို အသုံးပြု သွားမည် ဖြစ်သည်။ ကိုယ်တိုင်သင်ယူနိုင်သည့် အွန်လိုင်းသင်တန်းများမှ တဆင့် ကျောင်းသူကျောင်းသားဦးရေ ၅၀,၀၀၀ ကျော်ကို သင်ကြားလေ့ကျင့်ပေးနိုင်ရန် မျှော်မှန်းထားပြီး အစီအစဉ်၏ တစိတ်တပိုင်းအနေ့ဖြင့် ၂၀၂၀ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလကြားတွင် “ဆရာ ဆရာမများအား သင်ကြားလေ့ကျင့်ခြင်း (train the trainer) “အွန်လိုင်းအတန်းပေါင်း ၁၀၀ ကျော်တို့မှ တဆင့် ဆရာဆရာမဦးရေ ၁,၅၀၀ ကျော်တို့ကို သင်ကြား လေ့ကျင့် ပေးသွားမည် ဖြစ်သည်။

Huawei သည် ကော်ပိုရိတ်ဆိုင်ရာ လူမှုတာဝန် (CSR) ကို တက်ကြွစွာ ထမ်းဆောင်နေသည့် ကုမ္ပဏီအဖြစ် ရပ်တည်လျက်ရှိပြီး ကျောင်းနှင့် အစိုးရအဖွဲ့အစည်းများသို့ တယ်လီကွန်းကိရိယာများ လှူဒါန်းခြင်း၊ သဘာဝဘေးဒဏ်လျော့ပါးသက်သာစေရန် ကူညီခြင်းနှင့် အနာဂတ် ICT ပညာရှင်များ လေ့ကျင့်ပျိုးထောင် ပေးခြင်းစသည့် လုပ်ဆောင်ချက်များစွာတို့ဖြင့် ဒေသခံလူ့အဖွဲ့အစည်းကို ထိရောက်စွာ အကျိုးပြုလျက် ရှိသည်။ “Care Myanmar” လူမှုလှူဒါန်းရေး အစီအစဉ်မှ တဆင့်လည်း Huawei က ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုကူညီမှုများကို ထိရောက်စွာ ဆောင်ရွက်နေခဲ့သည်မှာ ကာလတစ်ခု ကြာမြင့်ခဲ့ပြီး ဖြစ်သည်။ ပြီးခဲ့သည့် လေးနှစ်တာ ကာလအတွင်း ယင်း CSR အစီအစဉ်မှတဆင့် Huawei က USD ၁ သန်းကျော် တန်ကြေးရှိသည့် ပစ္စည်းများ၊ ကိရိယာများကို လှူဒါန်းခဲ့ပြီး လူဦးရေ ထောင်နှင့်ချီသည့် ပြည်သူများ အတွက် အကျိုးဖြစ်ထွန်းစေခဲ့ပြီး ဖြစ်ပါသည်။

Source – HUAWEI