[Zawgyi]

Huawei က သူ႔ရဲ႕ ေနာက္မ်ိဳးဆက္ Mobile User Interface ျဖစ္တဲ့ EMUI 10 ကို မိတ္ဆက္လိုက္ပါတယ္။ EMUI 10 ကို စက္တင္ဘာလမွာ Beta အေနနဲ႔ Huawei P30 Pro မွာ ပထမဆံုး ထည့္သြင္းေပးမွာပါ။ အဲဒီအတြက္ စက္တင္ဘာလ အေစာပိုင္းမွာ က်င္းပမယ့္ IFA နည္းပညာ ျပပြဲမွာ EMUI 10 နဲ႔ ပတ္သက္ၿပီး ပိုသိလာရမွာပါ။ Android Q ရဲ႕ Final Public Version ကိုလည္း အဲဒီအခ်ိန္ေလာက္မွာ ျဖန္႔ခ်ီမွာပါ။

ကမာၻအ၀န္းမွ Huawei P30 Pro ပိုင္ရွင္ေတြဟာ စက္တင္ဘာလ ၈ ရက္က စတင္ၿပီး EMUI 10 Beta Version ကို Download လုပ္ႏုိင္မွာပါ။ အဲဒီေနာက္မွာ Mate 20 Pro နဲ႔ Porsche Design Mate 20 RS အပါအ၀င္ Mate 20 Series ေတြ ရၾကမွာပါ။ အဲဒီ အခ်ိန္ေလာက္မွာပဲ Mate 30 နဲ႔ Mate 30 Pro ကို ေၾကညာႏုိင္ၿပီး အဲဒီ ဖုန္းေတြမွာ EMUI 10 ပါလာႏုိင္ပါတယ္။

Huawei က EMUI 10 ရဲ႕ အေသးစိတ္ သတင္းအခ်က္အလက္ေတြကို မေျပာေသးပါဘူး။ Presentation မွ တရုတ္ဘာသာစကားကို ဘာသာျပန္ၾကည့္တဲ့အခါမွာ အေရာင္အေသြး စံုတဲ့ Always-on Display အသစ္ ပါလာႏိုင္ပါတယ္။ Magazine Unlock Feature အသစ္ ၊ Screen Sharing နဲ႔ EMUI’s Desktop Mode အသစ္ေတြ ထည့္သြင္းထားမွာပါ။ ဖုန္းကို ကားရဲ႕ Infotainment စနစ္နဲ႔ ခ်ိတ္ဆက္ႏုိင္မွာပါ။

ဒီလအေစာပိုင္းက ထြက္ခဲ့တဲ့ EMUI 10 ရဲ႕ Promo Image အရ User Interface(UI) ကို ဆန္းသစ္ထားၿပီး Gallery Feature အသစ္ ပါလာပါတယ္။ Themes , Wallpapers နဲ႔ Fonts အသစ္ေတြလည္း ထည့္သြင္းထားပါတယ္။ Video , Game နဲ႔ System Animation ေတြကို ေျပာင္းလဲထားပါတယ္။

Ref : digitaltrends

[Unicode]

Huawei က Android Q အခြေပြု EMUI 10 ကို ကြေညာ

Huawei က သူ့ရဲ့ နောက်မျိုးဆက် Mobile User Interface ဖြစ်တဲ့ EMUI 10 ကို မိတ်ဆက်လိုက်ပါတယ်။ EMUI 10 ကို စက်တင်ဘာလမှာ Beta အနေနဲ့ Huawei P30 Pro မှာ ပထမဆုံး ထည့်သွင်းပေးမှာပါ။ အဲဒီအတွက် စက်တင်ဘာလ အစောပိုင်းမှာ ကျင်းပမယ့် IFA နည်းပညာ ပြပွဲမှာ EMUI 10 နဲ့ ပတ်သက်ပြီး ပိုသိလာရမှာပါ။ Android Q ရဲ့ Final Public Version ကိုလည်း အဲဒီအချိန်လောက်မှာ ဖြန့်ချီမှာပါ။

ကမ္ဘာအဝန်းမှ Huawei P30 Pro ပိုင်ရှင်တွေဟာ စက်တင်ဘာလ ၈ ရက်က စတင်ပြီး EMUI 10 Beta Version ကို Download လုပ်နိုင်မှာပါ။ အဲဒီနောက်မှာ Mate 20 Pro နဲ့ Porsche Design Mate 20 RS အပါအဝင် Mate 20 Series တွေ ရကြမှာပါ။ အဲဒီ အချိန်လောက်မှာပဲ Mate 30 နဲ့ Mate 30 Pro ကို ကြေညာနိုင်ပြီး အဲဒီ ဖုန်းတွေမှာ EMUI 10 ပါလာနိုင်ပါတယ်။

Huawei က EMUI 10 ရဲ့ အသေးစိတ် သတင်းအချက်အလက်တွေကို မပြောသေးပါဘူး။ Presentation မှ တရုတ်ဘာသာစကားကို ဘာသာပြန်ကြည့်တဲ့အခါမှာ အရောင်အသွေး စုံတဲ့ Always-on Display အသစ် ပါလာနိုင်ပါတယ်။ Magazine Unlock Feature အသစ် ၊ Screen Sharing နဲ့ EMUI’s Desktop Mode အသစ်တွေ ထည့်သွင်းထားမှာပါ။ ဖုန်းကို ကားရဲ့ Infotainment စနစ်နဲ့ ချိတ်ဆက်နိုင်မှာပါ။

ဒီလအစောပိုင်းက ထွက်ခဲ့တဲ့ EMUI 10 ရဲ့ Promo Image အရ User Interface(UI) ကို ဆန်းသစ်ထားပြီး Gallery Feature အသစ် ပါလာပါတယ်။ Themes , Wallpapers နဲ့ Fonts အသစ်တွေလည်း ထည့်သွင်းထားပါတယ်။ Video , Game နဲ့ System Animation တွေကို ပြောင်းလဲထားပါတယ်။

Ref : digitaltrends