[Zawgyi]

ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ဟာ Huawei အတြက္ မုန္တိုင္းထန္တဲ့ ႏွစ္တစ္ႏွစ္ျဖစ္ခဲ့တာကို အားလုံးလည္း သိၾကမွာပါ။ အေမရိကန္အပါအဝင္ ဥေရာပႏိုင္ငံႀကီးအခ်ိဳ႕ရဲ႕ စြပ္စြဲမႈေတြနဲ႔ ပိတ္ပင္မႈေတြေၾကာင့္ Huawei ရဲ႕ စီးပြားေရးလုပ္ငန္အခ်ိဳ႕ ထိခိုက္ခဲ့ရပါတယ္။ အထူးသျဖင့္ 5G ကြန္ရက္နဲ႔ ဆက္စပ္ပစၥည္းေရာင္းဝယ္တပ္ဆင္ေရးလုပ္ငန္းေတြပါ။

ဒါေပမယ့္ ၂၀၁၈ ခုႏွစ္အတြက္ ဘ႑ာေရးဆိုင္ရာ အစီရင္ခံစာထြက္ေပၚလာခ်ိန္မွာေတာ့ Huawei ရဲ႕ ဝင္ေငြဟာ ၂၀၁၇ ခုႏွစ္တုန္းကထက္ေတာင္ ၁၉.၅ ရာခိုင္ႏႈန္းတိုးတက္လာတာကို ေတြ႕ျမင္ရပါတယ္။ Huawei ရဲ႕ စမတ္ဖုန္းေရာင္းခ်ျခင္းကေန ရရွိတဲ့ ဝင္ေငြဟာ ၿပီးခဲ့တဲ့ႏွစ္ကထက္ ၂၅.၁ ရာခိုင္ႏႈန္း ပိုၿပီး ျမင့္တက္လာတယ္လို႔လည္း သိရပါတယ္။

အစီရင္ခံစာအရဆိုရင္ေတာ့ ျမင့္မားတဲ့ေရာင္းအားေၾကာင့္ရတဲ့ ဝင္ေငြဟာ တ႐ုတ္ယြမ္ေငြ ၇၂၁.၂ ဘီလီယံ (ေဒၚလာ ၁၀၇.၁၃ ဘီလီယံ) ျဖစ္ခဲ့ေၾကာင္း ေတြ႕ရတာပါ။ ဒီပမာဏဟာ Huawei အေနနဲ႔ တစ္ႏွစ္တာဝင္ေငြ ပမာဏ ေဒၚလာ ဘီလီယံ ၁၀၀ ေက်ာ္ကို ပထမဆုံးအႀကိမ္အျဖစ္ ရရွိခဲ့တာလည္း ျဖစ္ပါတယ္။

ဒါ့အျပင္ တစ္ႏွစ္တာအတြင္းရရွိခဲ့တဲ့ အသားတင္အျမတ္အေနနဲ႔လည္း တိုးတက္မႈေတြ ျဖစ္ခဲ့တယ္လို႔ အစီရင္ခံစာထဲမွာ ထည့္သြင္းေဖာ္ျပထားပါတယ္။ ၂၀၁၈ ခုႏွစ္ရဲ႕ အသားတင္ အျမတ္ေငြဟာ အေမရိကန္ေဒၚလာ ၈.၈ဘီလီယံ အထိရွိခဲ့ပါတယ္။ ဒါဟာ လြန္ခဲ့တဲ့ ၂၀၁၇ ခုႏွစ္ထက္ သိသိသာသာ မ်ားျပားလာတဲ့ အျမတ္ေငြျဖစ္ၿပီး တိုးတက္လာမႈက ၂၈ ရာခိုင္ႏႈန္း ျဖစ္ပါတယ္။ ၂၀၁၇ ခုႏွစ္တုန္းကေတာ့ ၂၀၁၆ ခုႏွစ္အျမတ္ေငြထက္ ၀.၄ ရာခိုင္ႏႈန္းပဲ တိုးတက္ခဲ့တာပါ။

Ref: GSMArena

[Unicode]

ပထမဆုံးအကြိမ်အဖြစ် နှစ်ပတ်လည်ဝင်ငွေ ဒေါ်လာ ဘီလီယံ ၁၀၀ ကျော်ခဲ့တဲ့ Huawei

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ဟာ Huawei အတွက် မုန်တိုင်းထန်တဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့တာကို အားလုံးလည်း သိကြမှာပါ။ အမေရိကန်အပါအဝင် ဥရောပနိုင်ငံကြီးအချို့ရဲ့ စွပ်စွဲမှုတွေနဲ့ ပိတ်ပင်မှုတွေကြောင့် Huawei ရဲ့ စီးပွားရေးလုပ်ငန်အချို့ ထိခိုက်ခဲ့ရပါတယ်။ အထူးသဖြင့် 5G ကွန်ရက်နဲ့ ဆက်စပ်ပစ္စည်းရောင်းဝယ်တပ်ဆင်ရေးလုပ်ငန်းတွေပါ။

ဒါပေမယ့် ၂၀၁၈ ခုနှစ်အတွက် ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံစာထွက်ပေါ်လာချိန်မှာတော့ Huawei ရဲ့ ဝင်ငွေဟာ ၂၀၁၇ ခုနှစ်တုန်းကထက်တောင် ၁၉.၅ ရာခိုင်နှုန်းတိုးတက်လာတာကို တွေ့မြင်ရပါတယ်။ Huawei ရဲ့ စမတ်ဖုန်းရောင်းချခြင်းကနေ ရရှိတဲ့ ဝင်ငွေဟာ ပြီးခဲ့တဲ့နှစ်ကထက် ၂၅.၁ ရာခိုင်နှုန်း ပိုပြီး မြင့်တက်လာတယ်လို့လည်း သိရပါတယ်။

အစီရင်ခံစာအရဆိုရင်တော့ မြင့်မားတဲ့ရောင်းအားကြောင့်ရတဲ့ ဝင်ငွေဟာ တရုတ်ယွမ်ငွေ ၇၂၁.၂ ဘီလီယံ (ဒေါ်လာ ၁၀၇.၁၃ ဘီလီယံ) ဖြစ်ခဲ့ကြောင်း တွေ့ရတာပါ။ ဒီပမာဏဟာ Huawei အနေနဲ့ တစ်နှစ်တာဝင်ငွေ ပမာဏ ဒေါ်လာ ဘီလီယံ ၁၀၀ ကျော်ကို ပထမဆုံးအကြိမ်အဖြစ် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် တစ်နှစ်တာအတွင်းရရှိခဲ့တဲ့ အသားတင်အမြတ်အနေနဲ့လည်း တိုးတက်မှုတွေ ဖြစ်ခဲ့တယ်လို့ အစီရင်ခံစာထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။ ၂၀၁၈ ခုနှစ်ရဲ့ အသားတင် အမြတ်ငွေဟာ အမေရိကန်ဒေါ်လာ ၈.၈ဘီလီယံ အထိရှိခဲ့ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်ထက် သိသိသာသာ များပြားလာတဲ့ အမြတ်ငွေဖြစ်ပြီး တိုးတက်လာမှုက ၂၈ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်တုန်းကတော့ ၂၀၁၆ ခုနှစ်အမြတ်ငွေထက် ၀.၄ ရာခိုင်နှုန်းပဲ တိုးတက်ခဲ့တာပါ။

Ref: GSMArena