[Zawgyi]

ထရမ့္အစိုးရအေနနဲ႔ ကုန္သြယ္ေရးနဲ႔ပတ္သက္ၿပီး Huawei ကို ေျဖေလွ်ာ့ေပးလာမယ့္အရိပ္အေယာင္ ျပခဲ့ေပမယ့္ တကယ္တမ္းေတာ့ တိုးတက္မႈက ျဖစ္မလာခဲ့ပါဘူး။ Bloomberg ရဲ႕ေဖာ္ျပမႈအရ တ႐ုတ္နည္းပညာကုမၸဏီႀကီးရဲ႕ တည္ေထာင္သူနဲ႔ CEO Ren Zhengfei ကေတာ့ ကုမၸဏီရဲ႕ ျပန္လည္ျပဳျပင္ဖြဲ႕စည္းမႈဟာ သုံးႏွစ္ကေန ငါးႏွစ္အထိ အခ်ိန္ယူရႏိုင္တယ္လို႔ သိရပါတယ္။

အဆိုပါ ျပန္လည္ျပဳျပင္ဖြဲ႕စည္းျခင္းကာလ ကုန္ဆုံးသြားရင္ေတာ့ ကုမၸဏီဟာ အျပည့္အဝကို ကိုယ့္ေျခေထာက္ေပၚကိုယ္ရပ္တည္ႏိုင္တာမ်ိဳး ျဖစ္လာေစခ်င္တယ္လို႔ Ren က ေျပာပါေသးတယ္။ ဒီလိုရည္မွန္းခ်က္ေတြထြက္ေပၚလာေအာင္ လႈံ႕ေဆာ္ေပးတဲ့အရာကေတာ့ အေမရိကန္ရဲ႕ ပိတ္ပင္တားဆီးမႈေတြဆိုရင္လည္း မမွားပါဘူး။ အေမရိကန္မဟုတ္တဲ့ ယူေကရဲ႕ ARM Holding ကေတာင္ အေမရိကန္နည္းပညာသုံးထားတာေၾကာင့္ Huawei နဲ႔ လုပ္ငန္းေတြကို ရပ္နားခဲ့ရတာ ျဖစ္ပါတယ္။

Google, Qualcomm, Micron နဲ႔ Intel တို႔လို အေမရိကန္ရဲ႕ ထိတ္ထိတ္ႀကဲ နည္းပညာကုမၸဏီႀကီးေတြနဲ႔ လက္တြဲလုပ္ေဆာင္ခြင့္ ရပ္တန႔္ခံလိုက္ရတဲ့ေနာက္ Huawei ဟာ OS ပိုင္းမွာပါ အမွီအခိုကင္းကင္း ရပ္တည္ႏိုင္ဖို႔ ေျခလွမ္းေတြကို ျမန္ဆန္ေစခဲ့ပါေတာ့တယ္။ Harmony အမည္နဲ႔ မူပိုင္ခြင့္တင္ထားတဲ့ OS ဟာ ကမာၻ႔ေဈးကြက္မွာ အလုပ္ျဖစ္မျဖစ္ ေစာင့္ၾကည့္ရဦးမယ္ဆိုေပမယ့္ တ႐ုတ္ျပည္တြင္းေဈးကြက္မွာေတာ့ အလားအလာေကာင္းမယ္လို႔ ခန႔္မွန္းထားရပါတယ္။

ပိတ္ပင္တားဆီးမႈေတြ ခံခဲ့ရေပမယ့္လည္း Huawei ရဲ႕ ၂၀၁၉ ပထမႏွစ္ဝက္ စမတ္ဖုန္းတင္ပို႔ေရာင္းခ်ရမႈဟာ ၂၄ရာခိုင္ႏႈန္းအထိ တိုးတက္လာတာကို ေတြ႕ရပါတယ္။ ဒါဟာ ကုမၸဏီရဲ႕ ေဈးကြက္ဧရိယာႀကီးမားမႈကို တစ္စိတ္တစ္ပိုင္း ျပသေနတာလည္း ျဖစ္ပါတယ္။ Ren ကေတာ့ Huawei အေနနဲ႔ “အႏိုင္မခံအရႈံးမေပးစိတ္ဓာတ္နဲ႔ သံမဏိစိတ္ဓာတ္ကသာ ေအာင္ျမင္မႈကိုရယူႏိုင္လိမ့္မယ္” လို႔ ေရးသားလႈံ႕ေဆာ္ခဲ့ပါတယ္။

Ref: Phone Arena

[Unicode]

Huawei ကို ပြန်လည်ပြုပြင်ဖွဲ့စည်းဖို့ သုံးနှစ်ကနေ ငါးနှစ်အထိ အချိန်ယူရနိုင်ကြောင်း CEO Ren ပြောဆိုခဲ့

ထရမ့်အစိုးရအနေနဲ့ ကုန်သွယ်ရေးနဲ့ပတ်သက်ပြီး Huawei ကို ဖြေလျှော့ပေးလာမယ့်အရိပ်အယောင် ပြခဲ့ပေမယ့် တကယ်တမ်းတော့ တိုးတက်မှုက ဖြစ်မလာခဲ့ပါဘူး။ Bloomberg ရဲ့ဖော်ပြမှုအရ တရုတ်နည်းပညာကုမ္ပဏီကြီးရဲ့ တည်ထောင်သူနဲ့ CEO Ren Zhengfei ကတော့ ကုမ္ပဏီရဲ့ ပြန်လည်ပြုပြင်ဖွဲ့စည်းမှုဟာ သုံးနှစ်ကနေ ငါးနှစ်အထိ အချိန်ယူရနိုင်တယ်လို့ သိရပါတယ်။

အဆိုပါ ပြန်လည်ပြုပြင်ဖွဲ့စည်းခြင်းကာလ ကုန်ဆုံးသွားရင်တော့ ကုမ္ပဏီဟာ အပြည့်အဝကို ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တာမျိုး ဖြစ်လာစေချင်တယ်လို့ Ren က ပြောပါသေးတယ်။ ဒီလိုရည်မှန်းချက်တွေထွက်ပေါ်လာအောင် လှုံ့ဆော်ပေးတဲ့အရာကတော့ အမေရိကန်ရဲ့ ပိတ်ပင်တားဆီးမှုတွေဆိုရင်လည်း မမှားပါဘူး။ အမေရိကန်မဟုတ်တဲ့ ယူကေရဲ့ ARM Holding ကတောင် အမေရိကန်နည်းပညာသုံးထားတာကြောင့် Huawei နဲ့ လုပ်ငန်းတွေကို ရပ်နားခဲ့ရတာ ဖြစ်ပါတယ်။

Google, Qualcomm, Micron နဲ့ Intel တို့လို အမေရိကန်ရဲ့ ထိတ်ထိတ်ကြဲ နည်းပညာကုမ္ပဏီကြီးတွေနဲ့ လက်တွဲလုပ်ဆောင်ခွင့် ရပ်တန့်ခံလိုက်ရတဲ့နောက် Huawei ဟာ OS ပိုင်းမှာပါ အမှီအခိုကင်းကင်း ရပ်တည်နိုင်ဖို့ ခြေလှမ်းတွေကို မြန်ဆန်စေခဲ့ပါတော့တယ်။ Harmony အမည်နဲ့ မူပိုင်ခွင့်တင်ထားတဲ့ OS ဟာ ကမ္ဘာ့ဈေးကွက်မှာ အလုပ်ဖြစ်မဖြစ် စောင့်ကြည့်ရဦးမယ်ဆိုပေမယ့် တရုတ်ပြည်တွင်းဈေးကွက်မှာတော့ အလားအလာကောင်းမယ်လို့ ခန့်မှန်းထားရပါတယ်။

ပိတ်ပင်တားဆီးမှုတွေ ခံခဲ့ရပေမယ့်လည်း Huawei ရဲ့ ၂၀၁၉ ပထမနှစ်ဝက် စမတ်ဖုန်းတင်ပို့ရောင်းချရမှုဟာ ၂၄ရာခိုင်နှုန်းအထိ တိုးတက်လာတာကို တွေ့ရပါတယ်။ ဒါဟာ ကုမ္ပဏီရဲ့ ဈေးကွက်ဧရိယာကြီးမားမှုကို တစ်စိတ်တစ်ပိုင်း ပြသနေတာလည်း ဖြစ်ပါတယ်။ Ren ကတော့ Huawei အနေနဲ့ “အနိုင်မခံအရှုံးမပေးစိတ်ဓာတ်နဲ့ သံမဏိစိတ်ဓာတ်ကသာ အောင်မြင်မှုကိုရယူနိုင်လိမ့်မယ်” လို့ ရေးသားလှုံ့ဆော်ခဲ့ပါတယ်။

Ref: Phone Arena