Huawei က ကမ္ဘာအဝန်းမှာ နောက်ဆုံးထုတ် EMUI 11 ကို ထည့်သွင်းထားတဲ့ စမတ်ဖုန်း အလုံးရေ ၁၀ သန်းကျော်ပြီလို့ ကြေညာလိုက်ပါတယ်။ EMUI 11 ကို စက်တင်ဘာလက ကြေညာခဲ့တာ ဖြစ်ပြီး ၈၂ ရက်အကြာမှာ ဒီလို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ခဲ့တာက အောင်မြင်မှုလို့ ပြောရမှာပါ။ EMUI 10 ဖြန့်ချိတဲ့ အချိန်ထက် ၁ လခွဲလောက် ပိုစောခဲ့တာ ဖြစ်ပါတယ်။

Huawei announces 10 million EMUI 11 users worldwide

EMUI 11 ကို Huawei Developer Conference မှာ ကြေညာခဲ့တာ ဖြစ်ပြီး Visual ပြောင်းလဲမှုများစွာနဲ့ Optimizations များစွာ ထည့်သွင်းထားပါတယ်။ အကြီးမားဆုံး ပြောင်းလဲမှု ၁ ခုက Multi-window Function အသစ် ဖြစ်ပြီး အခုဆိုရင် အလယ်ကို ရောက်လာသလို Gesture နဲ့ မြန်မြန်ဆန်ဆန် Activate လုပ်နိုင်ပါတယ်။ ဖုန်းနဲ့ Mirrored PC တို့ တွဲဖက် အလုပ်လုပ်တာ ပိုကောင်းလာပြီး Lock Screen မှာ လှပတဲ့ Animations တွေ ပါလာပါတယ်။

EMUI 11 : Devices to get EMUI 11 (Huawei Eligible devices -Android 11 based) [Features of EMUI 11 & Release date] | DigiStatement

EMUI 11 မှာ Google Mobile Services တော့ မပါပါဘူး။ ခန့်မှန်းနေကြတာကတော့ EMUI 11 ဟာ နောက်ဆုံး EMUI Version ဖြစ်ပြီး Huawei ဟာ နောက်ပိုင်းမှာ HMS ပါတဲ့ HarmonyOS ကို ပြောင်းသုံးတော့မှာ ဖြစ်ပါတယ်။ Huawei က ဒီလထဲမှာ Beta Version ကို ဖြန့်ချိမှာ ဖြစ်ပြီး ၂၀၂၁ ဧပြီလမှာ Public Stable Version ကို ထုတ်ပေးမယ်လို့ အတည်ပြုထားပြီးပါပြီ။

Ref : gsmarena