Huawei က FreeGo Portable Bluetooth စပီကာကို ဇွန်လမှာ ကြေညာခဲ့ပြီး FreeBuds TWS Earbuds နဲ့ FreeLace Wireless Earphones တို့လို Free Series Audio ထုတ်ကုန် ၁ ခု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက FreeGo Portable Bluetooth စပီကာကို ရောင်းဖို့ စီစဉ်ခဲ့ပေမယ့် မဖြစ်လာခဲ့ပါဘူး။ အခုတော့ Leakster ၁ ယောက်က မကြာခင် ရောင်းတော့မယ်လို့ သတင်းပေးလိုက်ပါတယ်။

စပီကာဟာ CD Player ပုံစံ ဖြစ်ပြီး Obsidian Black နဲ့ Silver ၂ ရောင် ထုတ်လုပ်ထားပါတယ်။ အချင်း ၁၂၀ မီလီမီတာနဲ့ အထူက ၃၁ မီလီမီတာ ရှိပြီး ဘေးဘက်က Knob ကနေ အသံ ချိန်ညှိတာ၊ ဖုန်း လက်ခံတာတွေ ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် မိုက်ကရိုဖုန်းကို Mute လုပ်တာ၊ Playback ကို Pause/Resume လုပ်တာတွေနဲ့ Voice Assistant ကို ဆင့်ခေါ်တာတွေကိုပါ ပြုလုပ်နိုင်ပါတယ်။

Huawei က DRC Dynamic Compression Algorithm နဲ့ Vocal EQ  Adjustment တွေနဲ့ Tune လုပ်ထားတဲ့အတွက် အသံထွက်က ကျယ်လောင် ပြတ်သားမယ်လို့ ပြောပါတယ်။ NFC ကနေ One-touch Pairing ပြုလုပ်နိုင်ပြီး ဖုန်း ပြောရင် အသံကြည်လင်ပြတ်သားစေပါတယ်။

စပီကာမှာ Bluetooth 5.0 ထောက်ပံ့ထားပြီး USB-C နဲ့ လျှင်မြန်စွာ အားသွင်းနိုင်ပါတယ်။ ဘူးထဲမှာ USB-C to USB-A Cable ထည့်ထားပြီး ဈေးနှုန်းကို မသိရသေးပါဘူး။

Ref : gizmochina