Huawei က Foldable ဖုန်း ဖြစ်တဲ့ Mate X3 ကို ကြေညာလိုက်ပြီး ပြိုင်ဖက်တွေထက် ပိုမို ပေါ့ပါးပါတယ်။ ၂၃၉ ဂရမ်ပဲ ရှိပြီး Galaxy Z Fold4 ထက် ၂၄ ဂရမ် နည်းပါးပါတယ်။ စာအုပ်ပုံသဏ္ဍာန် Mate X3 မှာ 120Hz မျက်နှာပြင် ၂ ခု တပ်ဆင်ထားပါတယ်။

Huawei's Mate X3 arrives with waterproof lightweight body – Droid News

ကာဗာ မျက်နှာပြင်ဟာ 6.4” 2504x1080p ဖြစ်ပြီး အတွင်းဘက် မျက်နှာပြင်ဟာ 7.85” 2496x2224p ဖြစ်ပါတယ်။

Huawei Mate X3 မှာ IPX8 ရေစိုခံစံနှုန်း ပါလာပြီး ထူးခြားတာက ဂြိုလ်တု ဆက်သွယ်ရေး ထည့်သွင်းထားတာပါ။

Huawei Mate X3 with Satellite connectivity, waterproof lightweight body  launched

အနောက်ဘက်မှာ ကင်မရာ ၃ လုံး ပါလာပြီး 50MP Wide , 13MP Ultrawide နဲ့ 12MP Telephoto တို့ ဖြစ်ပါတယ်။ အရှေ့ဘက်မှာ 8MP ကင်မရာ ၂ လုံး ထည့်သွင်းထားပါတယ်။

Harmony OS 3.1 မောင်းနှင်ထားပြီး Snapdragon 8+ Gen 1 ပါလာပါတယ်။ 12GB RAM ထည့်ထားပြီး 4G ပဲ အသုံးပြုလို့ရပါတယ်။ 66W Wired , 50W Wireless Charging ပါတဲ့ 4,800mAh Battery ပါလာပါတယ်။

Huawei Mate X3 ကို တရုတ်မှာ ရောင်းချမှာ ဖြစ်ပြီး နိုင်ငံတကာမှာ ရောင်းချမယ့် သတင်းကို မသိရသေးပါဘူး။ 256GB မော်ဒယ်ကို ၁,၉၉၉ ဒေါ်လာ၊ 512GB ကို ၂,၀၅၀ ဒေါ်လာနဲ့ 1TB ကို ၂,၃၄၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena