[Zawgyi]

Huawei က 4K TV အသစ္ ၁ လံုးကို ေၾကညာလိုက္ၿပီး Huawei Vision 4K TV လို႔ နာမည္ေပးထားပါတယ္။ ၾသဂုတ္လမွာ ေၾကညာခဲ့တဲ့ Honor Vision နဲ႔ Vision Pro TV ေတြမွာလို Huawei ရဲ႕ Harmony OS ေမာင္းႏွင္ထားပါတယ္။ Huawei Vision အတြက္ ၆၅ လက္မနဲ႔ ၇၅ လက္မ ေမာ္ဒယ္ေတြ ထုတ္လုပ္ထားပါတယ္။ ေနာက္ပိုင္းမွာ ၅၅ လက္မနဲ႔ ၈၅ လက္မ ေမာ္ဒယ္ေတြကို ေရာင္းမွာပါ။

Huawei Vision မွာ Quantum Dot Color နဲ႔ Video Conferencing အတြက္ Pop-Camera ၁ လံုး ပါပါတယ္။ Camera ကို အသံုးမျပဳတဲ့ အခ်ိန္မွာ TV ထဲ ထည့္သိမ္းထားႏုိင္ပါတယ္။ မ်က္ႏွာျပင္ေဘးေဘာင္ေတြက ပါးလႊာပါတယ္။ Huawei Vision ရဲ႕ Harmony OS ဟာ HiLink Platform ကို ေထာက္ပံ့တဲ့ စမတ္္ေနအိမ္ ကိရိယာေတြကို ထိန္းခ်ဳပ္ႏုိင္ပါတယ္။ Huawei က AI စြမ္းရည္ေတြ ထည့္သြင္းထားတယ္လို႔ ေျပာၿပီး TV ကို စမတ္ စပီကာလိုလည္း သံုးႏိုင္ပါတယ္။ Voice Command နဲ႔ ခိုင္းေစႏုိင္ၿပီး Facial Recognition နဲ႔ Tracking စြမ္းရည္ေတြ ပါပါတယ္။ Blue Light ကို ကာကြယ္ေပးတဲ့ စနစ္လည္း ထည့္ထားပါတယ္။ TV Remote မွာ Touchpad ပါၿပီး USB-C ကေန အားသြင္းရမွာပါ။

Huawei က Vision TV ရဲ႕ ေစ်းႏႈန္းနဲ႔ ေရာင္းမယ့္ အခ်ိန္ကို မေျပာေသးပါဘူး။ တရုတ္ ျပင္ပမွာ Huawei ရဲ႕ TV ေတြဟာ သိပ္မေအာင္ျမင္ပါဘူး။ အေမရိကန္ အစိုးရက Google ရဲ႕ Android Software သံုးစြဲမႈကို ပိတ္ပင္ၿပီးေနာက္မွာ Huawei က Harmony OS ကို အသံုးျပဳဖို႔ ႀကိဳးစားခဲ့တာ ျဖစ္ပါတယ္။

Ref : theverge

[Unicode]

AI စွမ်းရည်တွေပါတဲ့ Huawei Vision 4K TV ကို ကြေညာ

Huawei က 4K TV အသစ် ၁ လုံးကို ကြေညာလိုက်ပြီး Huawei Vision 4K TV လို့ နာမည်ပေးထားပါတယ်။ သြဂုတ်လမှာ ကြေညာခဲ့တဲ့ Honor Vision နဲ့ Vision Pro TV တွေမှာလို Huawei ရဲ့ Harmony OS မောင်းနှင်ထားပါတယ်။ Huawei Vision အတွက် ၆၅ လက်မနဲ့ ၇၅ လက်မ မော်ဒယ်တွေ ထုတ်လုပ်ထားပါတယ်။ နောက်ပိုင်းမှာ ၅၅ လက်မနဲ့ ၈၅ လက်မ မော်ဒယ်တွေကို ရောင်းမှာပါ။

Huawei Vision မှာ Quantum Dot Color နဲ့ Video Conferencing အတွက် Pop-Camera ၁ လုံး ပါပါတယ်။ Camera ကို အသုံးမပြုတဲ့ အချိန်မှာ TV ထဲ ထည့်သိမ်းထားနိုင်ပါတယ်။ မျက်နှာပြင်ဘေးဘောင်တွေက ပါးလွှာပါတယ်။ Huawei Vision ရဲ့ Harmony OS ဟာ HiLink Platform ကို ထောက်ပံ့တဲ့ စမတ်နေအိမ် ကိရိယာတွေကို ထိန်းချုပ်နိုင်ပါတယ်။ Huawei က AI စွမ်းရည်တွေ ထည့်သွင်းထားတယ်လို့ ပြောပြီး TV ကို စမတ် စပီကာလိုလည်း သုံးနိုင်ပါတယ်။ Voice Command နဲ့ ခိုင်းစေနိုင်ပြီး Facial Recognition နဲ့ Tracking စွမ်းရည်တွေ ပါပါတယ်။ Blue Light ကို ကာကွယ်ပေးတဲ့ စနစ်လည်း ထည့်ထားပါတယ်။ TV Remote မှာ Touchpad ပါပြီး USB-C ကနေ အားသွင်းရမှာပါ။

Huawei က Vision TV ရဲ့ ဈေးနှုန်းနဲ့ ရောင်းမယ့် အချိန်ကို မပြောသေးပါဘူး။ တရုတ် ပြင်ပမှာ Huawei ရဲ့ TV တွေဟာ သိပ်မအောင်မြင်ပါဘူး။ အမေရိကန် အစိုးရက Google ရဲ့ Android Software သုံးစွဲမှုကို ပိတ်ပင်ပြီးနောက်မှာ Huawei က Harmony OS ကို အသုံးပြုဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

Ref : theverge