[Zawgyi]

Huawei နဲ႔ အေမရိကန္တို႔ရဲ႕ အေရာင္းအဝယ္ေပၚလစီက အခုအခ်ိန္ထိ မတည္ၿငိမ္ေသးတဲ့အေျခအေနတစ္ရပ္ကို ျမင္ေတြ႕ေနရပါေသးတယ္။ ႏိုဝင္ဘာလဆန္းတုန္းကပဲ အေမရိကန္ကူးသန္းေရာင္းဝယ္ေရးဌာနဟာ Huawei နဲ႔ ကုန္သြယ္လိုတဲ့ အေမရိကန္ကုမၸဏီေတြအတြက္ လိုင္စင္ကို မၾကာခင္ထုတ္ေပးေတာ့မယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။

ဒါေပမယ့္ ၿပီးခဲ့တဲ့ရက္သတၱပတ္ေနာက္ဆုံးရက္မွာ ထရမ့္ရဲ႕ ကတ္ဘိနတ္အဖြဲဝင္ေတြက Huawei နဲ႔ ZTE ကို မယုံၾကည္ရတဲ့ ကုမၸဏီေတြလို႔ စြပ္စြဲေနတုန္း ျဖစ္ပါတယ္။ ဒီလိုမ်ိဳး မတင္မက်၊ လိပ္ခဲတည္းလည္းျဖစ္ေနတုန္းမွာပဲ အေမရိကန္ျပည္ေထာင္စု စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရးဦးစီးဌာနက ေနာက္ထပ္ ရက္ ၉၀ ဆိုင္းငံ့ကာလကို ထပ္ၿပီးသတ္မွတ္ခဲ့ပါတယ္။

ဒီတစ္ႀကိမ္ သက္တမ္းထပ္တိုးလိုက္တဲ့ ရက္ ၉၀ ဟာ တတိယအႀကိမ္ေျမာက္ျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္ အေစာပိုင္းသတင္းထြက္ခဲ့တဲ့ ၆ လသက္တမ္းနဲ႔ ယာယီခြင့္ျပဳခ်က္လိုင္စင္ ထုတ္ေပးမယ္ဆိုတဲ့ ကိစၥကလည္း ေႏွာင့္ေႏွးသြားဖြယ္ ရွိတယ္လို႔ သုံးသပ္ရပါတယ္။ ဒီလိုမ်ိဳး မျပတ္မသားျဖစ္ေနရတဲ့အေၾကာင္းရင္းဟာ ေက်းလက္ေဒသ ဆက္သြယ္ေရးေၾကာင့္လည္း ျဖစ္ပါတယ္။

အေမရိကန္အစိုးရဟာ ႏိုင္ငံေတာ္လုံၿခဳံေရးအေၾကာင္းျပခ်က္နဲ႔ Huawei နဲ႔ ႏိုင္ငံတြင္းကုမၸဏီေတြရဲ႕ ကုန္သြယ္မႈကို အၿပီးအျပတ္ပိတ္ပင္ဖို႔ ႀကိဳးစားေပမယ့္ ထင္သေလာက္ခရီးမေပါက္တဲ့ အေၾကာင္းရင္းက ကုမၸဏီငယ္ေတြနဲ႔ ေက်းလက္ေဒသ ဆက္သြယ္ေရးက႑တို႔ေၾကာင့္ ျဖစ္ပါတယ္။

အေမရိကန္ရဲ႕ ေက်းလက္ေဒသအခ်ိဳ႕မွာရွိတဲ့ ေသးငယ္တဲ့ေအာ္ပေရတာေတြဟာ 3G နဲ႔ 4G ကြန္ရက္ေတြအတြက္ Huawei ရဲ႕ ဂီယာေတြကို အားထားေနၾကရတာလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ အေမရိကန္အစိုးရအေနနဲ႔ ေက်းလက္ေဒသရဲ႕ ဆက္သြယ္ေရးက႑ကို မထိခိုက္ေအာင္လို႔ ေျဖရွင္းႏိုင္မွသာ Huawei ကို အျပည့္အဝ ပိတ္ပင္တားဆီးလို႔ရဖြယ္ရွိေနပါတယ္။

Ref: Phone Arena

[Unicode]

အမေရိကန်နဲ့ Huawei တို့ကြား ကုန်သွယ်ခွင့်ကို တတိယအကြိမ်မြောက် ရက် ၉၀ သက်တမ်းတိုးမြှင့်ခဲ့

Huawei နဲ့ အမေရိကန်တို့ရဲ့ အရောင်းအဝယ်ပေါ်လစီက အခုအချိန်ထိ မတည်ငြိမ်သေးတဲ့အခြေအနေတစ်ရပ်ကို မြင်တွေ့နေရပါသေးတယ်။ နိုဝင်ဘာလဆန်းတုန်းကပဲ အမေရိကန်ကူးသန်းရောင်းဝယ်ရေးဌာနဟာ Huawei နဲ့ ကုန်သွယ်လိုတဲ့ အမေရိကန်ကုမ္ပဏီတွေအတွက် လိုင်စင်ကို မကြာခင်ထုတ်ပေးတော့မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ရက်သတ္တပတ်နောက်ဆုံးရက်မှာ ထရမ့်ရဲ့ ကတ်ဘိနတ်အဖွဲဝင်တွေက Huawei နဲ့ ZTE ကို မယုံကြည်ရတဲ့ ကုမ္ပဏီတွေလို့ စွပ်စွဲနေတုန်း ဖြစ်ပါတယ်။ ဒီလိုမျိုး မတင်မကျ၊ လိပ်ခဲတည်းလည်းဖြစ်နေတုန်းမှာပဲ အမေရိကန်ပြည်ထောင်စု စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနက နောက်ထပ် ရက် ၉၀ ဆိုင်းငံ့ကာလကို ထပ်ပြီးသတ်မှတ်ခဲ့ပါတယ်။

ဒီတစ်ကြိမ် သက်တမ်းထပ်တိုးလိုက်တဲ့ ရက် ၉၀ ဟာ တတိယအကြိမ်မြောက်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် အစောပိုင်းသတင်းထွက်ခဲ့တဲ့ ၆ လသက်တမ်းနဲ့ ယာယီခွင့်ပြုချက်လိုင်စင် ထုတ်ပေးမယ်ဆိုတဲ့ ကိစ္စကလည်း နှောင့်နှေးသွားဖွယ် ရှိတယ်လို့ သုံးသပ်ရပါတယ်။ ဒီလိုမျိုး မပြတ်မသားဖြစ်နေရတဲ့အကြောင်းရင်းဟာ ကျေးလက်ဒေသ ဆက်သွယ်ရေးကြောင့်လည်း ဖြစ်ပါတယ်။

အမေရိကန်အစိုးရဟာ နိုင်ငံတော်လုံခြုံရေးအကြောင်းပြချက်နဲ့ Huawei နဲ့ နိုင်ငံတွင်းကုမ္ပဏီတွေရဲ့ ကုန်သွယ်မှုကို အပြီးအပြတ်ပိတ်ပင်ဖို့ ကြိုးစားပေမယ့် ထင်သလောက်ခရီးမပေါက်တဲ့ အကြောင်းရင်းက ကုမ္ပဏီငယ်တွေနဲ့ ကျေးလက်ဒေသ ဆက်သွယ်ရေးကဏ္ဍတို့ကြောင့် ဖြစ်ပါတယ်။

အမေရိကန်ရဲ့ ကျေးလက်ဒေသအချို့မှာရှိတဲ့ သေးငယ်တဲ့အော်ပရေတာတွေဟာ 3G နဲ့ 4G ကွန်ရက်တွေအတွက် Huawei ရဲ့ ဂီယာတွေကို အားထားနေကြရတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်အစိုးရအနေနဲ့ ကျေးလက်ဒေသရဲ့ ဆက်သွယ်ရေးကဏ္ဍကို မထိခိုက်အောင်လို့ ဖြေရှင်းနိုင်မှသာ Huawei ကို အပြည့်အဝ ပိတ်ပင်တားဆီးလို့ရဖွယ်ရှိနေပါတယ်။

Ref: Phone Arena