Huawei သည် ကပ်ရောဂါတိုက်ဖျက်ရေး စီမံကိန်းတွင် အသုံးပြုခဲ့သည့် 5G စမတ် နည်းပညာကြောင့် “ ဆန်းသစ်တီထွင်မှု အရှိဆုံး 5G Enterprise မိတ်ဖက်/ Trial” ဆု နှင့် “Huawei ၏ Telco Converged Cloud (TCC) Solution က “အကောင်းဆုံး ကွန်ရက် Virtualization ရှေ့ပြေးစနစ်” ဆုကို 5G World 2020 ထိပ်သီးဆွေးနွေးပွဲ အခမ်းအနားတွင် လက်ခံရရှိခဲ့သည်။ Huawei ၏ ဆန်းသစ်သည့် 5G နည်းပညာ သုံးစွဲမှုများက စမတ် ကျန်းမာရေးစောင့်ရှောက်မှုကို များစွာအကျိုးပြုလျက်ရှိပြီး ဆန်းသစ်သော virtual machine နှင့် container dual engines များကလည်း 5G လုပ်ငန်းနယ်ပယ်အတွင်း အလေးအနက် အသိအမှတ်ပြုမှုကို ရရှိနေကြောင်း ယင်းက ဖော်ပြနေသည်။

Wuhan 5G စမတ် ကပ်ရောဂါတိုက်ဖျက်ရေး စီမံကိန်းသည် ၂၀၂၀ ခုနှစ်အစောပိုင်း၊ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားချိန်မှ စတင်၍ Huwei နှင့် များပြားလှသော ဆေးရုံကြီးများ၊ ဆေးပညာအဖွဲ့အစည်းများနှင့် အစိုးရဌာနများ ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းတစ်ခု ဖြစ်သည်။

5G World summit ၏ ဆန်းသစ်တီထွင်မှု အရှိဆုံး 5G Enterprise မိတ်ဖက်/ Trial

ယင်းစီမံကိန်းက 5G ၏ မြင့်မားသော bandwidth ၊ ဒေတာ အကူးအပြောင်းကြာချိန် နည်းပါးမှု၊ site ပိုင်းဆိုင်ရာ ရိုးရှင်းမှု၊ တပ်ဆင်ရ လွယ်ကူအဆင်ပြေမှုတို့ကို အကောင်းဆုံး အသုံးချပြီး ဆရာဝန် ၁,၈၅၀ ဦး၊ သူနာပြု ၃,၄၀၀ ဦးနှင့် လူနာပေါင်း ၈,၃၅၀ ဦးတို့ကို အကျိုးပြုနိုင်ခဲ့ကာ ရောဂါပျောက်ကင်းမှုနှုန်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု၏ ထိရောက်မှုကို သိသာစွာ မြှင့်တင်နိုင်ခဲ့သည်။ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများအပေါ် ရောဂါကူးစက်နိုင်ချေကိုလည်း လျှော့ချပေးနိုင်ခဲ့သည်။ ကျန်းမာရေး ဝန်ထမ်းများအတွက် အင်အားကောင်းမွန်သည့် ဒီဂျစ်တယ်ပံ့ပိုးမှုများ ပေးပြီး ဗိုင်းရပ်စ်၏ သက်ရောက်မှုများနှင့် ပျံ့နှံ့ပုံများအကြောင်း သင်ခန်းစာများ ပေးနိုင်ခဲ့သည်။ ဤနည်းအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှုများတွင် 5G နည်းပညာများ၏ ဆန်းသစ်သည့် အသုံးချနိုင်မှုကို အကောင်းဆုံး ဖော်ပြနိုင်ခဲ့သည်။ ဥပမာအားဖြင့် Huoshenshan နှင့် Leishenshan ယာယီဆေးရုံများတွင် ကပ်ရောဂါကာကွယ်ရေးနှင့် တိုက်ဖျက်ရေးတို့အတွက် big data ပလက်ဖောင်းနှင့် အတူ အခြေခံ ဆေးဝါးအချက်အလက်ဆိုင်ရာ ကွန်ရက်များကို အမြန်ဆုံး တပ်ဆင်နိုင်ခဲ့သည်။ အဆိုပါ ကွန်ရက်နှင့် ပလက်ဖောင်းများပေါ် အခြေခံ၍ 5G တိုက်ရိုက် ထုတ်လွှင့်မှု၊ ကုသရေးအတွက် 5G အဝေးရောက် ပူးပေါင်းဆောင်ရွက်မှု၊ အကာအကွယ်ဝတ်စုံ ဝတ်ဆင်ခြင်းကို ကိုယ်တိုင် ပြန်လည်စစ်ဆေးမှု၊ ဆွေးနွေးကုသခြင်းနှင့် ဆေးရုံတွင်း တွန်းလှည်းဖြင့် ပစ္စည်းပေးပို့ရယူခြင်း စသည့် ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများစွာကို ပြုလုပ်နိုင်လာသည်။ CT-scanning ၊ ultra-B examination နှင့် X-ray film screening စသည့် အဝေးထိန်းစနစ်ဖြင့် ရောဂါစစ်ဆေးသည့် ဝန်ဆောင်မှုများစွာကိုလည်း ဆောင်ရွက်လာနိုင်သည်။ မျိုးရိုးဗီဇဆိုင်ရာ စစ်ဆေးခြင်း ၊ အနီအောက် ရောင်ခြည်သုံး အပူချိန်တိုင်းတာခြင်း၊ စက်ရုပ်သုံး ပိုးသတ်ခြင်းစသည့် အဝေးထိန်း5G စနစ်ဖြင့် အကာအကွယ်ပေးမှုများကိုလည်း ဆောင်ရွက်လာနိုင်သည်။ ထို့အပြင် ရောဂါကာကွယ်ကုသခြင်းတို့တွင် ပူးပေါင်းဆောင်ရွက်မှုကို ပိုမို ချောမွေ့စေရန်အတွက် အွန်လိုင်း အစည်းအဝေးခေါ်ဆိုမှုဆိုင်ရာ အထောက်အပံ့များကိုလည်း များစွာ ပံ့ပိုးပေးထားသည်။

5G World 2020 “အကောင်းဆုံး ကွန်ရက် Virtualization ရှေ့ပြေးစနစ်” ဆု

တချိန်တည်းမှာပင် 5G ကွန်ရက်များသည် အဝေးရောက် ပညာရေး၊ ပူးပေါင်းဆောင်ရွက်မှုနှင့် တယ်လီကွန်းနည်းပညာသုံး ဗီဒီယိုအစည်းအဝေးခေါ်ဆိုမှု (teleconferencing) အတွက် အရေးပါသည့် အထောက်အပံ့လမ်းကြောင်းများ အဖြစ် ဆောင်ရွက်လျက် ရှိသည်။ ယင်းက တရုတ်နိုင်ငံတွင်း ဗိုင်းရပ်စ် ပြန့်ပွားမှု လျော့ပါးသွားချိန်တွင် ထုတ်လုပ်မှုလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နိုင်စေခဲ့ပြီး ဗိုင်းရပ်စ်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးတို့အတွက်လည်း အထောက်အကူပြုခဲ့သည်။

5G က လေယာဉ်ကွင်းများ၊ ရထားဘူတာများ၊ ရုံး အဆောက်အအုံများနှင့် လူနေရပ်ကွက်များတွင် cloud ဗီဒီယိုဆိုင်ရာ application များ၊ အနီအောက်ရောင်ခြည်သုံး အပူချိန် တိုင်းတာမှုများ၊ စက်ရုပ်သုံး ပိုးသတ်မှုများကို ဖြစ်လာစေခဲ့သည်။ ယင်း အသုံးပြုမှုများက ဗိုင်းရပ်စ်ပျံ့နှံ့နှုန်းကို လျှော့ချပြီး ရောဂါကာကွယ်ခြင်းနှင့် တိုက်ဖျက်ခြင်းများတွင် အကူအညီပေးခြင်း၊ အများသွားလာနေသည့် ဧရိယာများတွင် ရောဂါဖြစ်ပွားနိုင်ချေ ရှိသူများကို ခွဲခြားထုတ်ဖော်ပေးခြင်း၊ အိမ်တွင်းနှင့် အိမ်ပြင်ပတ်ဝန်းကျင်များကို ပိုးသတ်ပေးခြင်းတို့တွင် ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ပြီး ကပ်ရောဂါ အပြီးကာလတွင်ပါ ယင်းတို့ကို ဆေးဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများ အဖြစ် ထည့်သွင်းသတ်မှတ်ရမည် ဖြစ်သည်။

Huawei Global Marketing and Solution Sales ဌာန ဒုတိယ ဥက္ကဌ Hao Guangming က “ဝူဟန် ပူးပေါင်း 5G စမတ် ကပ်ရောဂါတိုက်ဖျက်ရေး စီမံကိန်းမှာ အသုံးပြုခဲ့တဲ့ အဆင့်မြင့် 5G စမတ် ကျန်းမာရေးစောင့်ရှောက် ဝန်ဆောင်မှုဆိုင်ရာ အသုံးပြုမှုတွေကို တခြားနိုင်ငံတွေမှာပါ အသုံးပြုလာကြပါပြီ။ ဥပမာ – 5G ဆေးဝါးနဲ့ ထောက်ပံ့ပို့ဆောင်ရေး စက်ရုပ်ဝန်ဆောင်မှုတွေကို ထိုင်းနိုင်ငံမှာ အသုံးပြုလာကြပါပြီ။ 5G ဗီဒီယို အစည်းအဝေးခေါ်ဆိုမှု စနစ်တွေကိုလည်း ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံတကာ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းအတွက် ပံ့ပိုးပေးထားပါတယ်။ ဟောင်ကောင်နဲ့ စင်္ကာပူတို့က မြို့ကြီးတွေမှာလည်း 5G စက်ရုပ်စနစ်သုံး ကူးစက်ရောဂါကာကွယ်ရေး ဝန်ဆောင်မှုတွေကို အသုံးပြုထားပါတယ်။ 5G စမတ် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အသုံးပြုမှုတွေက ကမ္ဘာ့ စမတ်ကျန်းမာရေးစျေးကွက်မှာ ဒေါ်လာ ဘီလီယံနဲ့ ချီတဲ့ ဒီဂျစ်တယ် အသွင်ကူးပြောင်းမှုတွေ ဖြစ်စေပြီးတော့ ဆေးဘက်ဆိုင်ရာလုပ်သားတွေအတွက်ရော လူနာတွေအတွက်ပါ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ပါတယ်” ဟု ဆိုသည်။

Infroma Tech က ဦးစီးကျင်းပသည့် 5G World 2020 ထိပ်သီးဆွေးနွေးပွဲက 5G နယ်ပယ်တွင် ထူးချွန်သည့် အောင်မြင်မှုများ ရရှိသော ထိပ်တန်း တယ်လီကွန်းလုပ်ငန်းများအား အသိအမှတ်ပြုဆု ၁၄ ခု ကို ချီးမြင့်သည်။ 5G အသုံးချမှုများနှင့် 5G လုပ်ငန်း၏ တိုးတက်မှုကို အရှိန်မြှင့်တင်ရန်အတွက် ယင်းဆွေးနွေးပွဲကို ကျင်းပခြင်း ဖြစ်သည်။ 5G Wireless access network များ၊ core network များ၊ အလိုအလျောက် လည်ပတ်လုပ်ဆောင်မှုနည်းပညာ (automation)များ၊ လုပ်ငန်းများ၊ ဆိုင်ဘာလုံခြုံရေး၊ ဖွံ့ဖြိုးရေးနှင့် စမ်းသပ်မှုများစွာကိုလည်း ယင်း ဆွေးနွေးပွဲတွင် ပြသခဲ့သည်။

၂၀၂၀ ခုနှစ် ဒုတိယနှစ်ဝက်အရောက်တွင် Huawei က ကမ္ဘာအနှံ့ telco ကွန်ရက်စာချုပ်ပေါင်း ၈၀၀ ကျော် ချုပ်ဆိုထားပြီး တယ်လီကွန်း ကွန်ရက်များ၏ cloud စနစ် ကူးပြောင်းခြင်း၊ 5G ဝန်ဆောင်မှုကို ဆန်းသစ်မြှင့်တင်ခြင်း၊ လုပ်ငန်းကဏ္ဍ၏ ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းတို့မှ တဆင့် လုပ်ငန်းအောင်မြင်မှုများ ဖန်တီးပေးနိုင်ရန်လည်း Huawei က ကတိကဝတ်ပြုထားသည်။

Source – HUAWEI