Social Distancing ကြောင့် သူငယ်ချင်းတွေနဲ့ အွန်လိုင်းမှာ ရုပ်ရှင် အတူကြည့်နိုင်တဲ့ Watch   Party လုပ်ဆောင်ချက် ခေတ်စားလာနေပါတယ်။ အခုလည်း နာမည်ကျော် အွန်လိုင်း ရုပ်ရှင်ရုံ Hulu က သူ့ကိုယ်ပိုင် Watch Party လုပ်ဆောင်ချက်ကို စမ်းသပ်နေပါတယ်။ လက်ရှိမှာ ဒတ်စတော့မှာပဲ အသုံးပြုလို့ရသေးပြီး Mobile App နဲ့ TV App တို့မှာ မရသေးပါဘူး။

ဒါ့အပြင် Hulu “No Ads” ကို သုံးသူတွေအတွက်ပဲ ရပါသေးတယ်။ အခကြေးငွေ အနည်းငယ်ပဲပေးပြီး ကြည့်ရှုနေသူတွေအတွက် သုံးလို့မရပါဘူး။ Hulu က ကြည့်ရှုသူ ၇၀ ရာခိုင်နှုန်းဟာ အခကြေးငွေ အနည်းငယ်ပဲပေးရတဲ့ Plan ကို ဝယ်ယူထားကြတယ်လို့ မကြာခင်က ပြောတဲ့အတွက် Watch Party ကို Hulu သုံးသူ တော်တော်များများ အသုံးပြုလို့ရမှာ မဟုတ်ပါဘူး။

Hulu မှာ Watch Party ကို အသုံးပြုဖို့အတွက် hulu.com ကို သွားပြီး ကြည့်ချင်တဲ့ Content ကို ရှာဖွေပါ။ Show ရဲ့ Detail Page က Watch Party Icon ကို ရွေးချယ်ပေးပါ။ အဲဒီနောက်မှာ Hulu က သူငယ်ချင်းတွေနဲ့ အတူတကွ ကြည့်ရှုနိုင်တဲ့ လင့်ကို ထုတ်ပေးမှာ ဖြစ်ပါတယ်။

Watch Party စတာနဲ့  လူစုံ၊ မစုံ သိချင်ရင် “ Click to catch up” Button ကို နှိပ်နိုင်ပါတယ်။ အဲဒီလုပ်ဆောင်ချက်ကို TV Show နဲ့ ရုပ်ရှင်ပေါင်း ထောင်ဂဏန်းမှာ အသုံးပြုနိုင်ပြီး Show မှာ Watch Party ကို ထောက်ပံ့ရင် အိုင်ကွန်ကို တွေ့ရမှာ ဖြစ်ပါတယ်။

Ref : tnw