Unicode

လက်ရှိအချိန်မှာ Tesla က မိတ်ဆက်ခဲ့တဲ့ Tesla Cybertruck ဟာ စွမ်းဆောင်ရည်အမြင့်မားဆုံး Electric Truck လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ဒါက မကြာခင်ပြောင်းလဲသွားနိုင်ပြီးတော့ ပိုပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ Electric Truck ကို လာမယ့်လပိုင်းအတွင်းမြင်ရတော့မှာပါ။

ဒါကတေ့ာ General Motor (GM) ကနေ ထုတ်လုပ်သွားမယ့် Hummer Electric Truck ပဲဖြစ်ပါတယ်။ GM ကနေ အဆိုပါ Hummer Electric Truck ရဲ့ အရှေ့ဘက် Design အပြင် အထင်ကြီးစရာ Specs တွေပါဝင်တဲ့ Teaser Video တွေကိုပါ ထုတ်ပြသွားခဲ့ပါတယ်။

GM ရဲ့ ပြောကြားချက်အရဆိုရင် ဒီ Hummer Electric Truck ဟာ မြင်းကောင်ရေ ၁,၀၀၀ အားရှိတဲ့ Electric Motor တွေကို သုံးစွဲထားမှာဖြစ်ပြီး 0-60MPH ကိုလည်း ၃ စက္ကန့်အတွင်းမောင်းနှင်နိုင်မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Torque အနေနဲ့လည်း 11,500lb/ft ရှိတဲ့အတွက် မကြာသေးခင်က မိတ်ဆက်ထားတဲ့ Tesla Cybertruck ထက်ပိုများနေသလို လက်ရှိ လောင်စာဆီသုံး Truck တွေထက် ၂ ဆလောက်ပိုပြီး ဆွဲနိုင်နှုန်းပိုများနေပါတယ်။

Hummer Electric Truck ဟာ အခုပြောထားတဲ့ Specs တွေအတိုင်း ရရှိလာမယ်ဆိုရင် Tesla Cybertruck အတွက်တင်မဟုတ်ဘဲ Rivian R1T နဲ့ Ford Electric Pickup တွေကိုပါ ခြိမ်းခြောက်လာနိုင်ဖွယ်ရှိနေပါတယ်။ လာမယ့် မေလ ၂၀ ရက်နေ့မှာ GM ကနေ Hummer Electric Truck ကို တရားဝင်မိတ်ဆက်သွားမယ်လို့ သိရပြီးတော့ ၂၀၂၁ ခုနှစ်အတွင်းမှာ ဝယ်ယူရရှိနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။

Hummer ရဲ့ ယခင်ထွက်ရှိထားတဲ့ H1 ၊ H2 နဲ့ H2 Model တွေဟာ ကြည့်လိုက်တာနဲ့ ထူးခြားနေတဲ့ SUV/Truck တွေဖြစ်ခဲ့သလို စစ်သုံးအပြင် ပုံမှန်အိမ်စီးကားအနေနဲ့ပါ အောင်မြင်ခဲ့တဲ့ ကားတွေဖြစ်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ဒီ Hummer Electric Truck ကလည်း အောင်မြင်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

Ref – Engadget

Zawgyi

လက္ရွိအခ်ိန္မွာ Tesla က မိတ္ဆက္ခဲ့တဲ့ Tesla Cybertruck ဟာ စြမ္းေဆာင္ရည္အျမင့္မားဆုံး Electric Truck လို႔ ေျပာႏိုင္ပါတယ္။ ဒါေပမယ့္ ဒါက မၾကာခင္ေျပာင္းလဲသြားႏိုင္ၿပီးေတာ့ ပိုၿပီး စြမ္းေဆာင္ရည္ျမင့္မားတဲ့ Electric Truck ကို လာမယ့္လပိုင္းအတြင္းျမင္ရေတာ့မွာပါ။

ဒါကေတ့ာ General Motor (GM) ကေန ထုတ္လုပ္သြားမယ့္ Hummer Electric Truck ပဲျဖစ္ပါတယ္။ GM ကေန အဆိုပါ Hummer Electric Truck ရဲ႕ အေရွ႕ဘက္ Design အျပင္ အထင္ႀကီးစရာ Specs ေတြပါဝင္တဲ့ Teaser Video ေတြကိုပါ ထုတ္ျပသြားခဲ့ပါတယ္။

GM ရဲ႕ ေျပာၾကားခ်က္အရဆိုရင္ ဒီ Hummer Electric Truck ဟာ ျမင္းေကာင္ေရ ၁,၀၀၀ အားရွိတဲ့ Electric Motor ေတြကို သုံးစြဲထားမွာျဖစ္ၿပီး 0-60MPH ကိုလည္း ၃ စကၠန္႔အတြင္းေမာင္းႏွင္ႏိုင္မွာျဖစ္ပါတယ္။ ဒါတင္မဟုတ္ေသးဘဲ Torque အေနနဲ႔လည္း 11,500lb/ft ရွိတဲ့အတြက္ မၾကာေသးခင္က မိတ္ဆက္ထားတဲ့ Tesla Cybertruck ထက္ပိုမ်ားေနသလို လက္ရွိ ေလာင္စာဆီသုံး Truck ေတြထက္ ၂ ဆေလာက္ပိုၿပီး ဆြဲႏိုင္ႏႈန္းပိုမ်ားေနပါတယ္။

Hummer Electric Truck ဟာ အခုေျပာထားတဲ့ Specs ေတြအတိုင္း ရရွိလာမယ္ဆိုရင္ Tesla Cybertruck အတြက္တင္မဟုတ္ဘဲ Rivian R1T နဲ႔ Ford Electric Pickup ေတြကိုပါ ၿခိမ္းေျခာက္လာႏိုင္ဖြယ္ရွိေနပါတယ္။ လာမယ့္ ေမလ ၂၀ ရက္ေန႔မွာ GM ကေန Hummer Electric Truck ကို တရားဝင္မိတ္ဆက္သြားမယ္လို႔ သိရၿပီးေတာ့ ၂၀၂၁ ခုႏွစ္အတြင္းမွာ ဝယ္ယူရရွိႏိုင္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။

Hummer ရဲ႕ ယခင္ထြက္ရွိထားတဲ့ H1 ၊ H2 နဲ႔ H2 Model ေတြဟာ ၾကည့္လိုက္တာနဲ႔ ထူးျခားေနတဲ့ SUV/Truck ေတြျဖစ္ခဲ့သလို စစ္သုံးအျပင္ ပုံမွန္အိမ္စီးကားအေနနဲ႔ပါ ေအာင္ျမင္ခဲ့တဲ့ ကားေတြျဖစ္ခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ ဒီ Hummer Electric Truck ကလည္း ေအာင္ျမင္ႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။

Ref – Engadget