Huawei Myanmar မှ Myanmar ICT Congress 2020 အား အွန်လိုင်းမှတဆင့် အထူးတိုက်ရိုက်ထုတ်လွှင့်ပေးသော အွန်လိုင်း conference အနေဖြင့် Huawei Myanmar ရုံးချုပ် တွင် ‘Stay Together, Win the Future’ ဟူသော ခေါင်းစဉ်နှင့်အတူ သတင်းမီဒီယာများအတွက် ကျင်းပခဲ့သည်။ Huawei Myanmar အနေဖြင့် ICT Congress အားကျင်းပခြင်းသည် ယခုနှင့်ဆိုလျှင် ဒုတိယအကြိမ်ဖြစ်ပြီး လက်ရှိအခြေအနေအရ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် အွန်လိုင်းစနစ်ဖြင့် ဆွေးနွေးပွဲကျင်းပခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ကျင်းပသော Mobile World Congress (MWC) တွင်ပြသခဲ့သည့် တီထွင်ဖန်တီးမှုများကို နိုင်ငံတွင်းရှိ ICT နယ်ပယ်နှင့်ဆက်စပ်အဖွဲ့အစည်း အားလုံးက ပိုမိုနားလည်သိရှိ လေ့လာနိုင်စေရန် ရည်ရွယ်၍ အဆိုပါ online congress ကို ကျင်းပခြင်းဖြစ်သည်။

ဆွေးနွေးပွဲအတွင်းတွင် Huawei မှ ၎င်း၏ နောက်ဆုံးပေါ်ထုတ်ကုန်များနှင့် 5G ကြိုးမဲ့ကွန်ယက်၊ အဓိကပင်မကွန် ယက်နှင့် IT ဆန်းသစ်တီထွင်မှုများအတွက် ဖြေရှင်းချက်များကို မိတ်ဆက်ပေးခဲ့ပြီး ကုမ္ပဏီမှ artificial intelligence (AI) နည်းပညာ၊ ဗီဒီယို ဆွေးနွေးပွဲစနစ်၊ မိုဘိုင်းဖုန်းဖြင့်ငွေပေးချေခြင်းစနစ်၊ ကြိုးမဲ့ကွန်ယက် လွှမ်းခြုံမှုနှင့်စပ်လျဥ်းကာ အာရှပစိဖိတ်ရှိနိုင်ငံများတွင် မည်ကဲ့သို့သော ဝန်ဆောင်မှုများ ပေးနေသည်ကိုလည်း တင်ပြခဲ့သည်။ COVID-19 ကမ္ဘာ့ကပ်ရောဂါကူးစက်မှုကို ထိန်းသိမ်းနိုင်ရန် နိုင်ငံအသီးသီး၏ ကြိုးပမ်းမှုများအရ လက်တွေ့လုပ်ကိုင်နေရသည့် ဆက်သွယ်ရေး စိန်ခေါ်မှုများကို ဖြေရှင်းရန်၊ ဆက်သွယ်ရေးများကို သေချာစေရန်နှင့် ဆန်းသစ်သောနည်းပညာများဖြင့် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများကို ထောက်ပံ့ရန် Huawei မှ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် အစရှိသောနိုင်ငံများနှင့် လက်တွဲခဲ့သည်။

Huawei Myanmar ၏ Corporate PR Manager ဖြစ်သူ မမြနှင်းအိမ်မှ “ကမ္ဘာ့ဦးဆောင် ICT အခြေခံအဆောက်အအုံထောက်ပံ့သူဖြစ်တဲ့ Huawei က ဆက်သွယ်ရေးလုပ်ငန်းတွေ ပိုပြီးအောင်မြင်လာအောင်နဲ့ အောင်မြင်ရေးနည်းလမ်းသစ်တွေကို ကူညီရှာဖွေပေးဖို့ ကတိကဝတ်ပြုထားပါတယ်။ ဒီလိုအခွင့်အလမ်းသစ် တွေကို အတူရှာဖွေနိုင်ကြဖို့ Huawei Myanmar ICT Congress 2020 ကိုကျင်းပရခြင်းဖြစ်ပါတယ်။” ဟု ပြောကြားသည်။

ဆက်လက်ပြီး “ကမ္ဘာတဝန်းသာမက ကျွန်မတို့နဲ့ပိုပြီးနီးစပ်တဲ့ အာရှမှာဆိုရင်လည်း အခုအခါ နိုင်ငံတော်တော် များများဟာ COVID-19 ဖြစ်ပွားမှုနဲ့ ရင်ဆိုင်နေရပါတယ်။ ကျန်းမာရေး အိုင်စီတီစနစ်များဟာ ပထမဦိးဆုံး ကာကွယ်ရေးလမ်ကြောင်းအဖြစ် လျင်မြန်စွာပဲဖြစ်လာပြီး အခုလိုခက်ခဲတဲ့အချိန်တွေမှာ ထောက်ပံ့ပေး နိုင်ဖို့ Huawei အနေနဲ့ရှေ့ထွက်လာတာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ကိုရိုနာဗိုင်းရပ်စ် ခုခံကာကွယ်ရာမှာ အဓိက သော့ချက် ၄ ခုတဖြစ်လည်း၊ နည်းပညာများနဲ့ အတူ ပူးပေါင်းထားတဲ့ telemedicine အလေ့အကျင့် များဖြစ်တဲ့ – တိုက်ရိုက်ဗီဒီယို ထုတ်လွှင့်ခြင်း၊ အဝေးမှ ပူးပေါင်းဆောင်ရွက်ခြင်း၊ အဝေးမှ ရောဂါစမ်းစစ်ခြင်း၊ အဝေးမှ ကာကွယ်မှုများပြုလုပ်ခြင်း အစရှိတာတွေကို အာရှပစိဖိတ်က နိုင်ငံအနှံ့မှာ အချိန်နဲ့တပြေးညီ ကျယ်ပြန့်စွာ အသုံးပြုလာကြပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်းမှာ ICT ဟာ ဖြေရှင်းချက်တွေရဲ့ တစိတ်တပိုင်း ဖြစ်လာပြီး ကျွန်မတို့အနေနဲ့ အခုလိုမျိုး ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းနေကြရာမှာ အရေးပါတဲ့အခန်းကဏ္ဍနဲ့ လက်တွေ့ အသုံးချပုံကို မီးမောင်းထိုးပြဖို့ အခွင့်အရေးရရှိတဲ့အတွက်လည်း အရမ်းပဲ ဝမ်းသာမိပါတယ်။” ဟုပြောကြားခဲ့သည်။

တာဝန်ယူမှုရှိသော ကော်ပိုရိတ် နိုင်ငံသားဖြစ်သည့်အလျောက် မြန်မာနိုင်ငံတွင် Huawei မှ COVID-19 ကို ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်းနှင့် ကုသခြင်းများအတွက် အမျိုးသားအဆင့် ဗဟိုကော်မတီအား ဧပြီလတွင် ခွဲစိတ်ခန်းသုံး မျက်နှာဖုံး အခု ၁၀,၀၀၀၊ N95 မျက်နှာဖုံး အခု ၂၄၀၊ အကာအကွယ် မျက်မှန် အလက် ၃၀၀ နှင့် PPE ဝတ်စုံ အစုံ ၃၀၀ တို့ကို လှူဒါန်းခဲ့ပြီး ဖြစ်သည်။ ယခုကဲ့သို့ ခက်ခဲသောအခြေအနေမျိုး၌လည်း COVID-19 ကူးစက်ရောဂါကို တိုက်ဖျက်ရာတွင်ကူညီရန် Huawei မှ ပြည်တွင်းမိတ်ဖက်ဖြစ်သော KBZ Bank အား COVID-19 နှင့်ပတ်သက်သော သတင်းအချက်အလက်များ၊ ဘဏ္ဍာရေးဝန်ဆောင်မှုများ၊ နေထိုင်မှုနှင့် ကုသိုလ်ဖြစ် လှူဒါန်းမှု များနှင့် အခြားသော အထူးဝန်ဆောင်မှုများပေးစွမ်းနိုင်ရန် ၎င်း၏နည်းပညာများကို ထောက်ပံ့ပေးခဲ့သည်။ ဤသို့ ထောက်ပံ့ပေးခြင်းမှာ ငွေသားအသုံးပြုမှုကို လျော့ကျစေပြီး တစ်ဦးချင်းစီနှင့် စီးပွားရေးလုပ်ငန်းများအပေါ် ငွေကြေး အထောက်အပံ့များလည်းပေးနိုင်ရန်ဖြစ်သည်။

ကမ္ဘာ့ဈေးကွက်ဦးဆောင်လျက်ရှိသော 5G ပံ့ပိုးသူHuawei မှ COVID-19 ကို Cloud နှင့် AI ဝန်ဆောင်မှုများဖြင့် တိုက်ထုတ်နိုင်ရန်နှင့် ကမ္ဘာတဝှမ်းရှိအသုံးပြုသူများအား ကူညီရန် ကမ္ဘာလုံးဆိုင်ရာ လုပ်ဆောင်မှု အစီအစဉ် တစ်ခုကို ဧပြီလတွင် ကြေညာခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်အား ဆန့်ကျင်သော ၎င်းနိုင်ငံတကာဆိုင်ရာ လုပ်ဆောင်မှု အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် Huawei Cloud မှ AI နှင့် Cloud ဝန်ဆောင်မှုကို အခမဲ့ ထောက်ပံ့ ပေးသွားမည်ဖြစ်ပြီး ဤကမ္ဘာ့ကပ်ရောဂါကူးစက်မှုကို အတူတကွ တိုက်ဖျက်ရန် ကမ္ဘာတဝှမ်းရှိ မိတ်ဖက်များကို ရှာဖွေစုဆောင်းသွားမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင်မူ Huawei Cloud နှင့်အတူ Global Wave မှ COVID-19 ကူးစက်ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း ဒေသခံအသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများမှ ဝန်ထမ်းပေါင်း ၂၀၀,၀၀၀ကိုအထောက်အကူဖြစ်စေမည့် အွန်လိုင်းမှ check-in ဝင်သည့်စနစ်ကို ဖြည့်ဆည်း ပေးလျက်ရှိသည်။

ကမ္ဘာ့ဦးဆောင် 5G ထောက်ပံ့သူဖြစ်သည်နှင့်အညီ Huawei သည် ၂၀၂၀၊ ဧပြီလအထိ စီးပွားဖြစ် 5G ကန်ထရိုက် ၉၁ ခုကို ရရှိခဲ့ပြီး 5G Massive MIMO Active Antenna Units (AAUS) ပေါင်း ၆၀၀,၀၀၀ ကျော်ကို တင်ပို့နိုင်ခဲ့သည်။ Huawei က မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးလုပ်ငန်းများအားလုံး ၎င်းတို့၏ 5G အိပ်မက်များကို အကောင်အထည် ဖော်ရာတွင် ကူညီနိုင်ရန် နယ်ပယ်အတွင်းရှိ ဆက်စပ်အဖွဲ့အစည်းအားလုံးနှင့် လက်တွဲဆောင်ရွက် ပေးလျက်ရှိသည်။ ကုမ္ပဏီသည် မြန်မာအိုင်စီတီနယ်ပယ် ဖွံ့ဖြိုးရေးနှင့် ဒီဂျစ်တယ်နိုင်ငံ တစ်ခုအဖြစ် ကူးပြောင်းရေး တွင်လည်း အထောက်အပံ့ပြုလျက်ရှိသည်။ Huawei သည် Myanmar ICT Congress အပြင် Myanmar 5G Forum ကိုလည်း မြန်မာ့ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့်အတူ ၂၀၁၈ ခုနှစ်က လက်တွဲကျင်းပခဲ့ပြီး 5G နှင့် 5G ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ၊ မြန်မာနိုင်ငံအပေါ် 5G သက်ရောက်မှု အလားအလာများကိုပြသခဲ့သည်။

Source – Huawei