Rap Icon ၁ ယောက် ဖြစ်တဲ့ Ice Cube က Nifty Gateway မှာ NFTs Series ၁ ခုကို ရောင်းချပေးလိုက်ပြီး သူဟာ ဒစ်ဂျစ်တယ် အနုပညာရှင် Trevor Jones နဲ့ ပူးပေါင်းကာ အဲဒီ NFTs Series ကို ဖန်တီးထားတာ ဖြစ်ပါတယ်။

Ice Cube and Trevor Jones join forces to drop NFT series | Currency.com

Ice Cube ရဲ့ ဘဝအကြောင်းကို အခြေခံ ရေးဆွဲထားတဲ့ ပန်းချီကား ၄ ခုကို အဲဒီ Collection မှာ ထည့်သွင်းထားပါတယ်။ ၃ ခုဟာ Limited Edition တွေ ဖြစ်ပြီး ရက်ပါနဲ့ သီချင်း အသစ်တွေရဲ့ အငွေ့အသက်တွေ ပါတဲ့ ဒစ်ဂျစ်တယ် ပန်းချီကားတွေ ဖြစ်ပါတယ်။ ကျန်တဲ့ ၁ ခုကိုတော့ Nifty Gateway မှာ Jones အရင်က ရောင်းချထားတဲ့ NFTs တွေကို ဝယ်ယူထားသူတွေကိုပဲ ရောင်းချမှာ ဖြစ်ပါတယ်။

Ice Cube (@icecube) / Twitter

Ice Cube က “ NFTs တွေ လွန်ခဲ့တဲ့ ၁ နှစ်လောက်က စတင် ရေပန်းစားလာချိန်ကတည်းက NFTs နယ်ပယ်ထဲ ဝင်ရောက် ရင်းနှီးမြှပ်နှံဖို့ လူတွေက ကျွန်တော့်ကို တိုက်တွန်းခဲ့ကြပါတယ်။ ကျွန်တော်က စစ်မှန်တဲ့ အနုပညာလက်ရာတွေကိုပဲ ဂုဏ်ယူစွာ ဖန်တီး ရောင်းချချင်တာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

Ice Cube က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က NFTs Series ကို စတင် ရောင်းချပေးလိုက်တာ ဖြစ်ပြီး ကြာသာပတေးနေ့မှာ ရောင်းချတာကို ရပ်နားမှာ ဖြစ်ပါတယ်။ သူ့ရဲ့ Limited နဲ့ Open Edition တွေရဲ့ ဈေးနှုန်းဟာ ဒေါ်လာ ၁,၄၀၀ ကနေ ဒေါ်လာ ၁၅,၀၀၀ အထိ အစားစား ရှိပြီး ကြမ်းခင်းဈေးကို မသိရသေးပါဘူး။

NFTs တွေဟာ အနာဂတ်မှာ အလားအလာ အရမ်း ကောင်းတဲ့ ဈေးကွက်ဖြစ်လာနိုင်ပြီး ဝင်ငွေများစွာ ရရှိနိုင်တဲ့အတွက် ဟောလီးဝုဒ်က နာမည်ကျော်တွေဟာ NFTs နယ်ပယ်ထဲကို ဝင်ရောက်လာကြပါတယ်။ အခုလည်း နာမည်ကြီး ရက်ပါ Ice Cube လည်း ပါဝင်လာပါပြီ။

Ref : cointelegraph