IDC က ဒုတိယကွာတား ဖြစ်တဲ့ ဧပြီလကနေ ဇွန်လအတွင်း တရုတ်က ဖုန်းရောင်းအား စစ်တမ်းကို ထုတ်ပြန်လိုက်ပါတယ်။ 5G ဖုန်းရောင်းအားက ၄၃ သန်းကျော်ခဲ့ပြီး တရုတ်က 5G ဖုန်းတွေရဲ့ ပျမ်းမျှဈေးဟာ ဒေါ်လာ ၅၀၀ အောက်ပဲရှိပါတော့တယ်။ တရုတ်မှာ ကွာတား ၂ ရဲ့ စုစုပေါင်း စမတ်ဖုန်း ရောင်းအားဟာ ၈၇.၈ သန်းရှိခဲ့ပြီး အရင်နှစ်ကထက် ၁၀.၃ ရာခိုင်နှုန်းတိုးလာပါတယ်။ IDC က တရုတ် ဖုန်းတွေရဲ့ ထက်ဝက်နီးပါးဟာ 5G ဖုန်းတွေ ဖြစ်တယ်လို့ ပြောပါတယ်။ တရုတ်ဟာ 5G ဖုန်းဈေးကွက် အတိုးတက်ဆုံး နိုင်ငံ ဖြစ်လာပါတယ်။

Huawei ဟာ 5G ဖုန်း ရောင်းအား အကောင်းဆုံး ဖြစ်ပြီး ဈေးကွက်ဝေစု ၄၅.၂ ရာခိုင်နှုန်းရထားပါတယ်။ အရင်နှစ်ကထက် ၉.၅ ရာခိုင်နှုန်း တက်လာပါတယ်။ နံပါတ် ၂ နေရာကို သိမ်းပိုက်ထားတာက Vivo ဖြစ်ပြီး Vivo ဟာ ဈေးအစားစားရှိတဲ့ 5G ဖုန်းတွေကို ထုတ်လုပ်ရောင်းချနေပါတယ်။ ဒါပေမယ့် အရင်နှစ်ကထက် ၁၈ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။

OPPO က နံပါတ် ၃ နေရာကို သိမ်းပိုက်ထားပြီး အလုံးရေ ၁၄.၁ သန်းရောင်းချနိုင်ခဲ့ပေမယ့် အရင်နှစ်ကထက် ၂၂.၇ ရာခိုင်နှုန်း ကျဆင်းသွားတာပါ။ Xiaomi က ၉.၁ သန်း ရောင်းချနိုင်ခဲ့ပေမယ့် အရင်နှစ်ကထက် ၂၁.၉ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။

၂၀၁၉ ခုနှစ် ကွာတား ၃ မှာ ပထမဆုံး 5G ဖုန်း ရောင်းချပြီးနောက် အခုအချိန်အထိ တရုတ်မှာ 5G ဖုန်း အလုံးရေ ၆၇ သန်း ရောင်းချထားနိုင်ခဲ့ပြီးပါပြီ။ Huawei HiSilicon ဟာ တရုတ်ရဲ့ အကြီးမားဆုံး 5G Processor ထုတ်လုပ်သူ ဖြစ်လာပါတယ်။ အဲဒီနောက်မှာ Qualcomm, MediaTek, Samsung တို့က အစဉ်လိုက် ရပ်တည်နေပါတယ်။

Ref : gizchina