IDC က အိန္ဒိယရဲ့ စက်တင်ဘာလအတွက် Wearable ရောင်းအား စာရင်းကို ထုတ်ပြန်ကြေညာလိုက်ပြီး realme ဟာ နံပါတ် ၁ နေရာကို သိမ်းပိုက်ထားပါတယ်။ realme ဟာ အိန္ဒိယရဲ့ Wearable ဈေးကွက်မှာ ၂၂.၁ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါတယ်။ IDC က ပြီးခဲ့တဲ့ ကွာတား ၂ ခုဖြစ်တဲ့ ဧပြီလကနေ စက်တင်ဘာလအတွင်းမှာ realme Watch ဟာ ရောင်းအား အကောင်းဆုံးလို့ ပြောပါတယ်။ ဧပြီလကနေ ဇွန်လအတွင်း(ကွာတား ၂)မှာ ဈေးကွက်ဝေစု ၂၁.၃ ရာခိုင်နှုန်းနဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်း (ကွာတား ၃) မှာ ၂၄.၁ ရာခိုင်နှုန်း ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။

realme Watch ကို မေလက ကြေညာခဲ့ပြီး ကုမ္ပဏီရဲ့ ပထမဆုံး စမတ်နာရီ အဖြစ် မှတ်တမ်းတင်ထားပါတယ်။ ၁.၄ လက်မ အရောင် မျက်နှာပြင် ပါလာပြီး နှလုံးခုန်နှုန်းနဲ့ သွေးတွင်းအောက်ဆီဂျင် ပမာဏတိုင်းတာပေးနိုင်တာက ကိုဗစ် ကာလမှာ အသုံးဝင်ပါတယ်။ ဘက်ထရီက 160mAh ဖြစ်ပြီး ၁ ခါအားသွင်းထားရင် ၇ ရက်လောက် အသုံးခံပါတယ်။

IDC: Realme Watch most shipped wearable in last two quarters, company topped segment in September 2020

ကုမ္ပဏီက Watch S နဲ့ Watch S Pro ကို မကြာခင် ကြေညာမယ်လို့  အတည်ပြုထားပြီး ဒီလ အစောပိုင်းက ပါကစ္စတန်မှာ Watch S ကို မိတ်ဆက်ခဲ့ပါတယ်။ မကြာခင် အိန္ဒိယနဲ့ ဥရောပမှာ ကြေညာနိုင်ပါတယ်။

Watch S မှာ ၁.၃ လက်မ မျက်နှာပြင် အဝိုင်း  ပါလာပြီး နှလုံးခုန်နှုန်းနဲ့ သွေးတွင်းအောက်ဆီဂျင် ပမာဏတိုင်းတာပေးနိုင်ပါတယ်။ ကိုယ်ထည်ကို အလူမီနီယမ်နဲ့ တည်ဆောက်ထားပြီး လက်ပတ်ကြိုးက Liquid Silicone ဖြစ်ပါတယ်။ လက်ပတ်ကြိုးအတွက် Blue, Orange, Green နဲ့ Black အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Watch S မှာ Sports Mode ၁၆ ခု၊ Sleep Tracking ၊ App & Call Notification နဲ့ Music & Camera Control တွေ ထည့်သွင်းထားပါတယ်။ ရေအနက် ၁ မီတာခွဲအထိ ဝတ်ဆင်နိုင်ပြီး ၁၅ ရက်တောင် အသုံးခံတဲ့ 390mAh ဘက်ထရီ ပါလာပါတယ်။

Ref : gsmarena