Apple ကနေ ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက iPhone 12 Series ကို တရားဝင်မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ ယခုနှစ်မှာ iPhone 12 Series ဖုန်းအကုန်လုံးက 5G Network ကို Support ပြုလုပ်လာပြီး iPhone 12 Mini ၊ 12 ၊ 12 Pro နဲ့ 12 Pro Max ဆိုပြီး ၄ မျိုးအထိ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ iPhone 12 Series ဖုန်းတွေထဲကမှ iPhone 12 နဲ့ 12 Pro ဖုန်းတွေကို အခုအချိန်မှာ စတင်ရောင်းချနေပြီဖြစ်ပါတယ်။ Apple iPhone 12 Pro နဲ့ 12 Pro Max မှာ Triple Camera Setup ပါဝင်မှာဖြစ်တဲ့အပြင် iPad Pro 2020 မှာ ပါဝင်ခဲ့တဲ့ LiDAR Sensor ကိုပါ တပ်ဆင်ထားတဲ့ဖုန်းတွေလည်း ဖြစ်ပါတယ်။

အခုလိုမျိုး LiDAR Sensor ပါဝင်တဲ့အတွက် iPhone 12 Pro ဖုန်းတွေမှာ အသုံးဝင်တဲ့ Feature တစ်ခုကို ရရှိလာပြီဖြစ်ပါတယ်။ ဒါကတော့ လူအရပ်ကို ချက်ချင်း Measure App ကို အသုံးပြုပြီးတော့ တိုင်းတာနိုင်မှာပဲဖြစ်ပါတယ်။

Measure App ဟာ ယခင်ထဲကပါဝင်ခဲ့တာဖြစ်ပေမယ့် iPhone 12 Pro ကို အသုံးပြုပြီးတော့ လူကို Camera နဲ့ ချိန်လိုက်တာနဲ့ ချက်ချင်း အရပ်ကို တိုင်းတာပြီး ဖော်ပြသွားမှာဖြစ်ပါတယ်။ ဒါကလည်း မတ်တပ်ရပ်နေစရာမလိုအပ်ဘဲ ထိုင်ခုံမှာထိုင်နေရင်တောင်မှ တိုင်းတာပေးနိုင်မှာဖြစ်တယ်လို့ Apple ကနေ ပြောကြားထားပါတယ်။

အရပ်ကို တိုင်းတာနေတုန်းမှာလည်း ဓါတ်ပုံအနေနဲ့ ရိုက်ကူးနိုင်မယ့် Shutter Button ကိုပါ ထည့်သွင်းပေးထားပါတယ်။ Measure Unit ကိုလည်း Settings – Measure – Measure Units ကနေ စိတ်ကြိုက်ပြောင်းလဲနိုင်မှာပါ။

ဘာပဲဖြစ်ဖြစ် ယခု Feature ဟာ LiDAR Sensor ကိုအသုံးပြုထားတဲ့အတွက် တိကျမှာဖြစ်သလို iPhone 12 Pro ၊ 12 Pro Max နဲ့ 2020 iPad Pro တွေမှာပဲ အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Ref – Mac Rumors