[Zawgyi]

Xiaomi ဟာ လာမယ့္ ဇူလိုင္လ ၂ ရက္ေန႔မွာ Mi CC9 ကို မိတ္ဆက္ေတာ့မွာ ျဖစ္ပါတယ္။ 48MP အေနာက္ကင္မရာနဲ႔ 32MP အေရွ႕ကင္မရာေတြ ပါဝင္မယ့္ Mi CC9 နဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြကေတာ့ TENAA ေပၚမွာ ျမင္ေတြ႕ ခဲ့ရၿပီး ျဖစ္ပါတယ္။

Xiaomi ဟာ Mi CC9 ကို Special Edition လည္း ထုတ္ဦးမယ္ဆိုတဲ့အေၾကာင္းကို CEO Lei Jun က အတည္ျပဳခဲ့ၿပီး ျဖစ္ပါတယ္။ ဒီေနာက္မွာေတာ့ TENAA မွာ Xiaomi Mi CC9 Meitu Edition ႐ုပ္ပုံေတြကိုလည္း ျမင္ေတြ႕ရၿပီျဖစ္ပါတယ္။ ႐ုပ္ပုံမွာ ျမင္ရတာကေတာ့ နီက်င့္က်င့္အေရာင္ကေန အျပာ၊အစိမ္းဘက္ကို ေရာင္ေျပးေျပာင္းသြားတဲ့ ပုံစံမ်ိဳးလို႔ ဆိုရပါလိမ့္မယ္။ Xiaomi အမွတ္တံဆိပ္ေနရာမွာေတာ့ Meitu ဆိုတဲ့ စာသားကို ေျပာင္းလဲထားရွိတာကို ေတြ႕ျမင္ရပါတယ္။

ထြက္ေပၚခဲ့တဲ့ သတင္းေတြကို ျပန္ၿပီးေကာက္ယူမယ္ဆိုရင္ေတာ့ ဒီေမာ္ဒယ္ဟာ Xiomi Mi CC9e ဒါမွမဟုတ္ ေနာက္ထပ္ CC9 ျဖစ္ဖြယ္ရွိတယ္လို႔ ဆိုရမွာပါ။ TENAA ရဲ႕စာရင္းမွာ Black, Red, Blue, Pink, White, Green, Purple နဲ႔ Gray ဆိုၿပီး အေရာင္အမ်ိဳးအစား ရွစ္မ်ိဳးကိုလည္း ေတြ႕ျမင္ရပါတယ္။

အေျခခံ Meitu Edition ရဲ႕ Specs ေတြကေတာ့ ပုံမွန္ Mi CC9 ျဖစ္တဲ့ 6.39-inch, OLED (1080p), 4/6/8GB of RAM, 64/128/256GB storage နဲ႔ 3,940mAh ဘက္ထရီ စတာေတြနဲ႔ တူညီေနပါတယ္။ ကင္မရာပိုင္းကလည္း စိတ္ဝင္စားစရာပါ။ အေနာက္ဘက္မွာ 48MP အဓိကဆင္ဆာနဲ႔ Selfie ကေတာ့ 32MP ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

Mi CC9 Meitu Edition ရုပ်ပုံတွေကို TENAA မှာတွေ့ရပြီ

Xiaomi ဟာ လာမယ့် ဇူလိုင်လ ၂ ရက်နေ့မှာ Mi CC9 ကို မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ 48MP အနောက်ကင်မရာနဲ့ 32MP အရှေ့ကင်မရာတွေ ပါဝင်မယ့် Mi CC9 နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကတော့ TENAA ပေါ်မှာ မြင်တွေ့ ခဲ့ရပြီး ဖြစ်ပါတယ်။

Xiaomi ဟာ Mi CC9 ကို Special Edition လည်း ထုတ်ဦးမယ်ဆိုတဲ့အကြောင်းကို CEO Lei Jun က အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။ ဒီနောက်မှာတော့ TENAA မှာ Xiaomi Mi CC9 Meitu Edition ရုပ်ပုံတွေကိုလည်း မြင်တွေ့ရပြီဖြစ်ပါတယ်။ ရုပ်ပုံမှာ မြင်ရတာကတော့ နီကျင့်ကျင့်အရောင်ကနေ အပြာ၊အစိမ်းဘက်ကို ရောင်ပြေးပြောင်းသွားတဲ့ ပုံစံမျိုးလို့ ဆိုရပါလိမ့်မယ်။ Xiaomi အမှတ်တံဆိပ်နေရာမှာတော့ Meitu ဆိုတဲ့ စာသားကို ပြောင်းလဲထားရှိတာကို တွေ့မြင်ရပါတယ်။

ထွက်ပေါ်ခဲ့တဲ့ သတင်းတွေကို ပြန်ပြီးကောက်ယူမယ်ဆိုရင်တော့ ဒီမော်ဒယ်ဟာ Xiomi Mi CC9e ဒါမှမဟုတ် နောက်ထပ် CC9 ဖြစ်ဖွယ်ရှိတယ်လို့ ဆိုရမှာပါ။ TENAA ရဲ့စာရင်းမှာ Black, Red, Blue, Pink, White, Green, Purple နဲ့ Gray ဆိုပြီး အရောင်အမျိုးအစား ရှစ်မျိုးကိုလည်း တွေ့မြင်ရပါတယ်။

အခြေခံ Meitu Edition ရဲ့ Specs တွေကတော့ ပုံမှန် Mi CC9 ဖြစ်တဲ့ 6.39-inch, OLED (1080p), 4/6/8GB of RAM, 64/128/256GB storage နဲ့ 3,940mAh ဘက်ထရီ စတာတွေနဲ့ တူညီနေပါတယ်။ ကင်မရာပိုင်းကလည်း စိတ်ဝင်စားစရာပါ။ အနောက်ဘက်မှာ 48MP အဓိကဆင်ဆာနဲ့ Selfie ကတော့ 32MP ဖြစ်ပါတယ်။

Ref: GSMArena