OPPO Myanmar ကနေ အခုအချိန်မှာ မြန်မာနိုင်ငံစျေးကွက်အတွက် Camera ပိုင်း Feature တွေ အများအပြားပါဝင်တဲ့ OPPO Reno5 စမတ်ဖုန်းကို မြန်မာငွေ 499,900 ကျပ်နဲ့ မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Reno5 စမတ်ဖုန်းမှာ အသုံးချထားတဲ့ OPPO ရဲ့ Imaging Technology နဲ့ Camera Feature အသစ်တွေ အကြောင်းကိုလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့တုန်းက Imagine with Reno5 ခေါင်းစဥ်နဲ့ Workshop တစ်ခုကို OPPO Myanmar AED ရဲ့ Assistant Media နဲ PR Manager ဖြစ်သူ မမိုးပွင့်ဖြူက Moderator အဖြစ် ပါဝင်ဆောင်ရွက်ပေးခဲ့ပြီး ဓာတ်ပုံပညာရှင် ကိုပြည့်ဖြိုးသက်ပိုင်နဲ့ OPPO Myanmar AED ရဲ့ Product Manager ဖြစ်သူ ကိုသန်းအောင်တို့လည်း ပါဝင်တက်ရောက်ခဲ့ကြပါတယ်။ အဆိုပါ Workshop မှာ OPPO Reno5 ရဲ့ Camera နည်းပညာတွေအပြင် ရန်ကုန်မြို့မှာရှိတဲ့ အထင်ကရအဆောက်အအုံတွေရဲ့ ဓါတ်ပုံတွေကိုလည်း ပြသဆွေးနွေးပေးသွားခဲ့ပါတယ်။

OPPO Reno5 မှာပါဝင်တဲ့ Imaging Technology အကြောင်းကိုလည်း OPPO Japan Research Center မှာရှိတဲ့ Lead Technical Director ဖြစ်တဲ့ Jun Luo ကိုယ်တိုင်ရှင်းပြခဲ့ပါတယ်။ Imaging Technology ဟာ အမြဲတမ်း OPPO အတွက် အဓိကအာရုံစိုက်တဲ့အချက်ဖြစ်တယ်လို့ သိရပါတယ်။ OPPO Japan Research Center ဟာလည်း OPPO စမတ်ဖုန်းတွေမှာပါဝင်တဲ့ Camera System ၊ Module Innovation ၊ Computation Optimization နဲ့ Algorithm Research တွေအတွက် အဓိကအရေးပါတဲ့နေရာကနေ ပါဝင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ OPPO ဟာ အခုအချိန်မှာ စမတ်ဖုန်းကင်မရာလို့ဆိုလိုက်တာနဲ့ Photography ပိုင်းတင်မဟုတ်ဘဲ Videography ပိုင်းအတွက်ပါ အသုံးပြုသူတွေအတွက် စိတ်ကြိုက်ဖြစ်မယ့် Feature တွေကို အာရုံစိုက်ပြီး တီထွင်စမ်းသပ်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

OPPO အနေနဲ့ အခုလိုမျိူး Photography နဲ့ Videography အပိုင်းတွေကို အဓိက အာရုံစိုက်တာလာတာမျိူးက ဝမ်းသာစရာသတင်းကောင်းပဲဖြစ်ပါတယ်။ နောက်ပိုင်းထွက် OPPO ဖုန်းတွေမှာလည်း အခုလိုမျိူး Imaging Technology တွေ ပါဝင်လာနိုင်ပါတယ်။

OPPO Reno5 မှာဆိုရင် ယခင်တုန်းက အောင်မြင်မှုရရှိခဲ့တဲ့ AI Color Portrait Mode တွေကိုလည်း ပြန်လည်ထည့်သွင်းထားသလို Night Flare Portrait Feature တွေကိုလည်း အလှ Portrait ဓါတ်ပုံရိုက်ကူးရတာကြိုက်တဲ့သူတွေအတွက် ထုတ်ပေးထားပါတယ်။ ဒါတင်မဟုတ်သေးဘဲ Reno5 ဖုန်းမှာ Double Exposure Feature ကို လုံးဝပြန်လည်ဆန်းသစ်ထားတဲ့ AI Mixed Portrait Feature လည်း ထည့်သွင်းလာပါသေးတယ်။ အဆိုပါ AI Mixed Portrait လိုမျိုး Feature ဟာ လုံးဝ Creative ဖြစ်တဲ့ Double Exposure Video နည်းပညာကို အသုံးပြုသူတွေအတွက် အလွယ်ကူဆုံးဖြစ်အောင် ဆောင်ရွက်ပေးထားတာဖြစ်ပြီး အသုံးပြုသူတွေကြားမှာ ရေပန်းစားလာဦးမှာဖြစ်ပါတယ်။

နောက်ထပ်လည်း OPPO ကနေ Reno5 စမတ်ဖုန်းမှာ Camera Experience ပိုင်းကို အကောင်းဆုံးဖြစ်နေအောင် OPPO Full Dimension Fusion (FDF) Portrait Video System ဖြစ်တဲ့ Image Processing engine ၂ ခုထည့်သွင်းပေးထားတယ်လို့ ပြောကြားခဲ့ပါတယ်။ ပထမဆုံးတစ်ခုအနေနဲ့ကတော့ Quality Enhancement Engine ဖြစ်ပြီး ရိုက်ကူးလိုက်တဲ့ ဓါတ်ပုံတွေရဲ့ Overall Image Quality ကို အဆင့်မြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။ ဒုတိယတစ်ခုကတော့ Portrait Perception Engine ဖြစ်ပြီး အခုနက AI Mixed Portrait Feature လိုမျိုး အသုံးပြုသူတွေစိတ်ကြိုက် Creative ဖြစ်တဲ့ ဓါတ်ပုံတွေ၊ Video တွေဖန်တီးနိုင်ဖို့ ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ OPPO ကတော့ Imaging Technology လို့ဆိုလိုက်တာနဲ့ Hardware ပိုင်းက Image Quality ကို အဆင့်တစ်ခုအထိပဲ ဆွဲတင်ပေးနိုင်မှာဖြစ်ပေမယ့် OPPO ရဲ့ အဆင့်အမြှင့်ဆုံး Advanced Algorithms တွေက Image Quality ကို အကောင်းဆုံးဖြစ်တဲ့အထိ ပြောင်းလဲပေးနိုင်မယ်လို့ ယုံကြည်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

ဇန်နဝါရီလ ၁၂ ရက်နေ့တုန်းက ပြုလုပ်ခဲ့တဲ့ Imagine with Reno5 Workshop မှာလည်း ဓါတ်ပုံပညာရှင် ကိုပြည့်ဖြိုးသက်ပိုင်က Reno5 စမတ်ဖုန်းကို အသုံးပြုပြီး ရန်ကုန်မြို့အထင်ကရ အဆောက်အဦးများ၏ ဗိသုကာလက်ရာများကို သွားရောက်ဖန်တီးရိုက်ကူးထားသော လက်ရာမြောက် ဓာတ်ပုံများကို ထုတ်ဖော်ပြသပေးခဲ့သလို Reno5 ရဲ့ AI Mixed Portrait လိုမျိုး Video Feature တွေကိုတော့ Twin Guys ဖြင့် ပူးပေါင်း၍ ရိုက်ကူးပုံဖော်မှုများကို ပြသခဲ့ပြီး ဆွေးနွေးပြောကြားခဲ့ပါတယ်။ ကိုပြည့်ဖြိုးသက်ပိုင်ရဲ့ ပြောကြားချက်အရတော့ Interior Design ကို ရိုက်ရပေမယ့် အလင်းအမှောင်မညီတာမျိုးကို စိတ်ပူစရာမလိုအပ်သလို Dynamic Range HDR ပိုင်းနဲ့ AI Mixed Portrait ၊ Dual-View Video ၊ AI Highlight Video လိုမျိုး Feature တွေလည်း မထင်မှတ်လောက်အောင် ကောင်းနေတာကိုတွေ့ရတယ်၊ စမတ်ဖုန်းနဲ့ Camera Quality ကောင်းကောင်း၊ Video တွေကို ကောင်းကောင်းရိုက်ကူးချင်တဲ့သူတွေအတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်လာမှာပါ ဆိုပြီး ပြောကြားခဲ့ပါတယ်။

ဒါတင်မဟုတ်သေးဘဲ ဓာတ်ပုံပညာရှင် ကိုပြည့်ဖြိုးသက်ပိုင် ရိုက်ကူးပုံဖော်ထားသော ရန်ကုန်မြို့အထင်ကရ အဆောက်အအုံတို့၏ ဗိသုကာ လက်ရာ ပုံရိပ်များဖြင့် OPPO Architecture Gallery ဟူသော Campaign ကိုလည်း စတင်ပါဝင်နိုင်ပြီဖြစ်ကြောင်း OPPO မှ မိတ်ဆက်ကြေညာခဲ့ပါတယ်။ OPPO ချစ်ပရိသတ်များအနေဖြင့် မိမိကြိုက်နှစ်သက်ရာ ဓာတ်ပုံကို ဖော်ပြပါလင့်မှ (https://tinyl.io/3LK2) ရွေးချယ်ပြီး Wallpaper ထားရှိကာ Screenshot ပြုလုပ်၍ OPPO Facebook Page Post (https://tinyl.io/3LJJ) အောက်တွင် ဇန်နဝါရီလ (၂၀) ရက်နေ့ နောက်ဆုံးထားကာ Comment ပေးရုံဖြင့် ပြိုင်ပွဲတွင် ပါဝင်နိုင်မှာပါ။ Random စနစ်ဖြင့် ကံထူးရှင် ၅ ဦးကို ရွေးချယ်ကာ ၅ ယောက်အတွက် ဖုန်းဘေလ် ၅၀,၀၀၀ ကျပ် ကို လက်ဆောင်ပေးအပ်သွားမယ်လို့ သိရပါတယ်။