Unicode

၂၀၁၉ ခုနှစ်အတွင်းမှာ စမတ်ဖုန်းတွေဟာ အရှိန်အဟုန်နဲ့ကို တိုးတက်လာတာဖြစ်ပြီးတော့ Megapixel အမြင့်တွေပါဝင်တဲ့ Camera တွေ၊ In-Display Fingerprint Sensor နည်းပညာတွေကို အများအပြားတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒီထဲမှာမှ Under-Display Fingerprint နည်းပညာဟာ OLED Display တွေမှာပဲ အလုပ်လုပ်တဲ့အတွက် Mid Range ဖုန်းအချို့မှာပဲ ပါဝင်ခဲ့တာဖြစ်ပြီး LCD Display ပဲပါဝင်တဲ့အနိမ့်ပိုင်းဖုန်းတွေမှာတော့ ပုံမှန် Fingerprint Sensor ကိုပဲ အသုံးပြုနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် ဒါက ဒီ ၂၀၂၀ ခုနှစ်ထဲမှာတော့ ပြောင်းလဲသွားတော့မှာပါ။

ဘာကြောင့်လဲဆိုရင် တရုတ်နိုင်ငံမှာရှိတဲ့ Goodix Technology ရဲ့ CEO Zhang Fan ကနေ လာမယ့် ၂၀၂၀ မှာ LCD Panel တွေအတွက် အလွန်ပါးလွှာတဲ့ In-Display Optical Fingerprint Sensor ထည့်သွင်းနိုင်တဲ့ နည်းပညာကို အများအပြားထုတ်လုပ်သွားမယ်လို့ ပြောကြားခဲ့တာကြောင့်ဖြစ်ပါတယ်။ ဒီလိုမျိုး In-Display Fingerprint နည်းပညာအသစ်အပြင် ကွေးညွတ်နိုင်တဲ့ OLED Display တွေအတွက် On-Cell Touch Chip နည်းပညာအသစ်ကိုပါ မိတ်ဆက်လာမယ်လို့ သိရပါတယ်။

လောလောဆယ်မှာ ဒီ Goodix Technology ကနေ ၂၀၁၉ ခုနှစ်ထုတ် စမတ်ဖုန်းတွေဖြစ်တဲ့ Huawei Mate 30 Pro ၊ Xiaomi CC9 Pro နဲ့ OnePlus 7T Pro လိုမျိုးဖုန်းတွေအပြင် စုစုပေါင်း ထုတ်ကုန် ၁၀၁ မျိုးအတွက် Under-Display Fingerprint နည်းပညာကို ထောက်ပံ့ပေးခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမယ့် လာမယ့် ၂၀၂၀ မှာမှ LCD Display သုံးထားတဲ့ အနိမ့်ပိုင်းဖုန်းတွေမှာပါ Under-Display Fingerprint နည်းပညာကို ထုတ်ပေးသွားမှာပါ။

ဒီ Goodix Technology အပြင် တခြားသော ကုမ္ပဏီတွေဖြစ်တဲ့ BOE နဲ့ AUO Optronics လို ကုမ္ပဏီတွေကလည်း အလားတူ Optical In-Display Fingerprint အသုံးပြုနိုင်တဲ့ LCD Display တွေကို ထုတ်လုပ်ဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။

Ref – Gizmo China

Zawgyi

၂၀၁၉ ခုႏွစ္အတြင္းမွာ စမတ္ဖုန္းေတြဟာ အရွိန္အဟုန္နဲ႔ကို တိုးတက္လာတာျဖစ္ၿပီးေတာ့ Megapixel အျမင့္ေတြပါဝင္တဲ့ Camera ေတြ၊ In-Display Fingerprint Sensor နည္းပညာေတြကို အမ်ားအျပားေတြ႕ရွိခဲ့ရတာျဖစ္ပါတယ္။

အဲ့ဒီထဲမွာမွ Under-Display Fingerprint နည္းပညာဟာ OLED Display ေတြမွာပဲ အလုပ္လုပ္တဲ့အတြက္ Mid Range ဖုန္းအခ်ိဳ႕မွာပဲ ပါဝင္ခဲ့တာျဖစ္ၿပီး LCD Display ပဲပါဝင္တဲ့အနိမ့္ပိုင္းဖုန္းေတြမွာေတာ့ ပုံမွန္ Fingerprint Sensor ကိုပဲ အသုံးျပဳေနဆဲျဖစ္ပါတယ္။ ဒါေပမယ့္ ဒါက ဒီ ၂၀၂၀ ခုႏွစ္ထဲမွာေတာ့ ေျပာင္းလဲသြားေတာ့မွာပါ။

ဘာေၾကာင့္လဲဆိုရင္ တ႐ုတ္ႏိုင္ငံမွာရွိတဲ့ Goodix Technology ရဲ႕ CEO Zhang Fan ကေန လာမယ့္ ၂၀၂၀ မွာ LCD Panel ေတြအတြက္ အလြန္ပါးလႊာတဲ့ In-Display Optical Fingerprint Sensor ထည့္သြင္းႏိုင္တဲ့ နည္းပညာကို အမ်ားအျပားထုတ္လုပ္သြားမယ္လို႔ ေျပာၾကားခဲ့တာေၾကာင့္ျဖစ္ပါတယ္။ ဒီလိုမ်ိဳး In-Display Fingerprint နည္းပညာအသစ္အျပင္ ေကြးၫြတ္ႏိုင္တဲ့ OLED Display ေတြအတြက္ On-Cell Touch Chip နည္းပညာအသစ္ကိုပါ မိတ္ဆက္လာမယ္လို႔ သိရပါတယ္။

ေလာေလာဆယ္မွာ ဒီ Goodix Technology ကေန ၂၀၁၉ ခုႏွစ္ထုတ္ စမတ္ဖုန္းေတြျဖစ္တဲ့ Huawei Mate 30 Pro ၊ Xiaomi CC9 Pro နဲ႔ OnePlus 7T Pro လိုမ်ိဳးဖုန္းေတြအျပင္ စုစုေပါင္း ထုတ္ကုန္ ၁၀၁ မ်ိဳးအတြက္ Under-Display Fingerprint နည္းပညာကို ေထာက္ပံ့ေပးခဲ့တာလည္းျဖစ္ပါတယ္။ ဒါေပမယ့္ လာမယ့္ ၂၀၂၀ မွာမွ LCD Display သုံးထားတဲ့ အနိမ့္ပိုင္းဖုန္းေတြမွာပါ Under-Display Fingerprint နည္းပညာကို ထုတ္ေပးသြားမွာပါ။

ဒီ Goodix Technology အျပင္ တျခားေသာ ကုမၸဏီေတြျဖစ္တဲ့ BOE နဲ႔ AUO Optronics လို ကုမၸဏီေတြကလည္း အလားတူ Optical In-Display Fingerprint အသုံးျပဳႏိုင္တဲ့ LCD Display ေတြကို ထုတ္လုပ္ဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။

Ref – Gizmo China