Zawgyi

Asus ဟာ သူတုိ႔ရဲ႕ ZenFone 6 စမတ္ဖုန္းသစ္ကို အိႏၵိယေစ်းကြက္သို႔ မိတ္ဆက္ဖို႔ ျပင္ဆင္ေနဆဲမွာပဲ တရားဥပေဒပုိင္းအရ တားျမစ္ပိတ္ပင္ျခင္းကို ရင္ဆုိင္ခဲ့ရပါတယ္။ ေဒလီမွ အထက္ရုံးေတာ္ဟာ Asus ရဲ႕ ZenFone ဆုိတဲ့အမည္ဟာ တုိင္းျပည္အတြင္းမွာ လက္ရွိသုံးစြဲေနတဲ့ Zen အမွတ္တံဆိပ္နဲ႔ ညိွစြန္းေနတာေၾကာင့္ ဒီႏုိင္ငံအတြင္းမွာ ျဖန္႔ခ်ိဖို႔ဆုိရင္ ကုမၸဏီဟာ ဖုန္းအမည္ကိုေျပာင္းလဲေပးရမွာ ျဖစ္ပါတယ္။

ZenFone အမည္ကို ကန္႔ကြက္စာတင္ခဲ့တာကေတာ့ အိႏၵိယျပည္တြင္းအမွတ္တံဆိပ္တစ္ခုျဖစ္တဲ့ Telecare Network ကုမၸဏီျဖစ္ၿပီး သူတုိ႔ဟာ Zen Mobile ဆုိတဲ့ အမည္နဲ႔ ဖုန္းေတြထုတ္လုပ္ေရာင္းခ်ေနတာပါ။ သူတုိ႔ရဲ႕ စြဲခ်က္ထဲမွာ Telecare Network ဟာ ၂၀၀၈ ခုႏွစ္ထဲက Zen နဲ႔ ZenMobile အမည္ေတြကို မူပုိင္ခြင့္ ရယူထားတာျဖစ္ၿပီး အခုဝင္ေရာက္လာမယ့္ Asus ရဲ႕ ZenFone ေတြဟာ သုံးစြဲသူေတြကို ရႈပ္ေထြးေစမွာ ျဖစ္တာေၾကာင့္လို႔ ဆုိပါတယ္။

ဒါ့အျပင္ အိႏၵိယကုမၸဏီက Asus ဟာ ၂၀၁၄ ခုႏွစ္မွာ အိႏၵိယေစ်းကြက္အတြင္းသို႔ စတင္ဝင္ေရာက္လာတဲ့ အခါမွာလည္း “Zen” အမည္ရဲ႕အရွိန္ေကာင္းကို စီးနင္းလာဖို႔ ၾကိဳးစားတယ္လို႔ ထပ္မံစြပ္စြဲထားပါတယ္။ တဖက္မွာ Asus ကုမၸဏီကေတာ့ “Zen” ဆုိတဲ့စကားလုံးဟာ ဗုဒၶဘာသာႏုိင္ငံေတြမွာ အသုံးမ်ားတဲ့ စကားလုံးတစ္ခုျဖစ္တယ္ လို႔ ျပန္လည္ေခ်ပထားေသာ္လည္း အိႏၵိယတရားရုံးကေတာ့ ျပည္တြင္းကုမၸဏီကိုပဲ အႏုိင္ေပးခဲ့တာ ျဖစ္ပါတယ္။

ဒီအတြက္ေၾကာင့္ Asus ဟာ လာမယ့္ ဇြန္လ ၁၀ ရက္ေန႔မွာ ၾကားနာျခင္းကို အႏုိင္ရေအာင္ လုပ္ရင္လုပ္၊ မဟုတ္ရင္ သူ႕ရဲ႕ စမတ္ဖုန္းေတြကို အိႏၵိယႏုိင္ငံအတြင္းမွာ ဆက္လက္ေရာင္းခ်ႏုိင္ဖို႔အတြက္ အမည္အသစ္တစ္ခု ေျပာင္းလဲေပးရေတာ့မွာပါ။ အခုဆုံးျဖတ္ခ်က္ဟာ ZenFone 6 ထြက္ခါနီးမွာ အခ်ိန္ကုိက္ထြက္လာတဲ့အတြက္ ဒီဖုန္းရဲ႕ ျဖန္႔ခ်ိမႈကို အရင္ဆုံးသက္ေရာက္ေစမွာျဖစ္ပါတယ္။

Ref – Android Central

Unicode

Asus ဟာ သူတို့ရဲ့ ZenFone 6 စမတ်ဖုန်းသစ်ကို အိန္ဒိယဈေးကွက်သို့ မိတ်ဆက်ဖို့ ပြင်ဆင်နေဆဲမှာပဲ တရားဥပဒေပိုင်းအရ တားမြစ်ပိတ်ပင်ခြင်းကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒေလီမှ အထက်ရုံးတော်ဟာ Asus ရဲ့ ZenFone ဆိုတဲ့အမည်ဟာ တိုင်းပြည်အတွင်းမှာ လက်ရှိသုံးစွဲနေတဲ့ Zen အမှတ်တံဆိပ်နဲ့ ညှိစွန်းနေတာကြောင့် ဒီနိုင်ငံအတွင်းမှာ ဖြန့်ချိဖို့ဆိုရင် ကုမ္ပဏီဟာ ဖုန်းအမည်ကိုပြောင်းလဲပေးရမှာ ဖြစ်ပါတယ်။

ZenFone အမည်ကို ကန့်ကွက်စာတင်ခဲ့တာကတော့ အိန္ဒိယပြည်တွင်းအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Telecare Network ကုမ္ပဏီဖြစ်ပြီး သူတို့ဟာ Zen Mobile ဆိုတဲ့ အမည်နဲ့ ဖုန်းတွေထုတ်လုပ်ရောင်းချနေတာပါ။ သူတို့ရဲ့ စွဲချက်ထဲမှာ Telecare Network ဟာ ၂၀၀၈ ခုနှစ်ထဲက Zen နဲ့ ZenMobile အမည်တွေကို မူပိုင်ခွင့် ရယူထားတာဖြစ်ပြီး အခုဝင်ရောက်လာမယ့် Asus ရဲ့ ZenFone တွေဟာ သုံးစွဲသူတွေကို ရှုပ်ထွေးစေမှာ ဖြစ်တာကြောင့်လို့ ဆိုပါတယ်။

ဒါ့အပြင် အိန္ဒိယကုမ္ပဏီက Asus ဟာ ၂၀၁၄ ခုနှစ်မှာ အိန္ဒိယဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်လာတဲ့ အခါမှာလည်း “Zen” အမည်ရဲ့အရှိန်ကောင်းကို စီးနင်းလာဖို့ ကြိုးစားတယ်လို့ ထပ်မံစွပ်စွဲထားပါတယ်။ တဖက်မှာ Asus ကုမ္ပဏီကတော့ “Zen” ဆိုတဲ့စကားလုံးဟာ ဗုဒ္ဓဘာသာနိုင်ငံတွေမှာ အသုံးများတဲ့ စကားလုံးတစ်ခုဖြစ်တယ် လို့ ပြန်လည်ချေပထားသော်လည်း အိန္ဒိယတရားရုံးကတော့ ပြည်တွင်းကုမ္ပဏီကိုပဲ အနိုင်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီအတွက်ကြောင့် Asus ဟာ လာမယ့် ဇွန်လ ၁၀ ရက်နေ့မှာ ကြားနာခြင်းကို အနိုင်ရအောင် လုပ်ရင်လုပ်၊ မဟုတ်ရင် သူ့ရဲ့ စမတ်ဖုန်းတွေကို အိန္ဒိယနိုင်ငံအတွင်းမှာ ဆက်လက်ရောင်းချနိုင်ဖို့အတွက် အမည်အသစ်တစ်ခု ပြောင်းလဲပေးရတော့မှာပါ။ အခုဆုံးဖြတ်ချက်ဟာ ZenFone 6 ထွက်ခါနီးမှာ အချိန်ကိုက်ထွက်လာတဲ့အတွက် ဒီဖုန်းရဲ့ ဖြန့်ချိမှုကို အရင်ဆုံးသက်ရောက်စေမှာဖြစ်ပါတယ်။

Ref – Android Central