[Zawgyi]

အိႏၵိယက အနာဂတ္မွာ ကိုယ္ပိုင္ အာကာသစခန္း တည္ေဆာက္မွာ ျဖစ္ၿပီး ေနနဲ႔ ဗီးနပ္စ္ၿဂိဳလ္မ်ားကို သုေတသနျပဳလုပ္ၾကမွာ ျဖစ္တယ္လို႔ ၾကာသာပေတးေန႔က ေၾကညာလိုက္ပါတယ္။ အိႏၵိယဟာ အာကာသ နည္းပညာ နယ္ပယ္မွာ ထိပ္တန္းေရာက္ေအာင္ ျပဳလုပ္ခ်င္ေနၿပီး လူငယ္မ်ားအား သိပၸံပညာ နယ္ပယ္ကို စိတ္၀င္စားေစခ်င္ေနပါတယ္။

အိႏၵိယရဲ႕ အာကာသ ေအဂ်င္စီက ၂၀၂၂ ခုႏွစ္မွာ အာကာသသို႔ ပထမဆံုး လူသားကို ပို႔ေဆာင္ေပးမယ့္ Gaganyaan စီမံကိန္းၿပီးေနာက္မွာ အာကာသ စခန္းကို တည္ေဆာက္မယ္လို႔ ေျပာပါတယ္။ ၿဗိတိန္ လက္ေအာက္ကေန လြတ္လပ္ေရးရၿပီး ၇၅ ႏွစ္ၾကာ အထိမ္းအမွတ္ပြဲ အမွီ ဒီစီမံကိန္းကို ျပဳလုပ္မွာ  ျဖစ္ပါတယ္။ အစိုးရက Gaganyaan စီမံကိန္းအတြက္ ေဒၚလာ ၁.၅ ဘီလီယမ္ကို ရရွိထားၿပီးပါၿပီ။

အိႏၵိယ အာကာသ ေအဂ်င္စီရဲ႕ အႀကီးအကဲ ျဖစ္သူ K. Sivan က လာမယ့္  ၇ ႏွစ္အတြင္းမွာ အာကာသစခန္းကို တည္ေဆာက္မွာ ျဖစ္ၿပီး ၂၀၃၀ ခုႏွစ္မွာ စတင္ လႊတ္တင္ဖို႔ ရည္မွန္းထားတယ္လို႔ ေျပာပါတယ္။ Sivan က အိႏၵိယဟာ ႏုိင္ငံတကာ အာကာသစခန္းမွာ သုေတသနမ်ားကို ျပဳလုပ္ဖို႔ အစီအစဥ္ မရွိဘဲ ကိုယ္ပိုင္ စခန္းမွာပဲ သုေတသနမ်ားကို ျပဳလုပ္ခ်င္တယ္လို႔ ေျပာပါတယ္။

သူက “ ဒါကြ်န္ေတာ္တို႔ရည္မွန္းခ်က္ပါ။ ကိုယ္ပိုင္ အာကာသစခန္းကို တည္ေဆာက္ခ်င္ပါတယ္။ ကမာၻ႕ ဆြဲငင္အားမဲ့ သုေတသနလုပ္ငန္းမ်ားကို ျပဳလုပ္မွာပါ။ Gaganyaan စီမံကိန္းကေန လူ ႏွစ္ဦးကေန သံုးဦးကို အာကာသမွာ ၇ ရက္ၾကာ ေနထိုင္ေစမွာ ျဖစ္ပါတယ္။ အာကာသယာဥ္ကို အနိမ့္ပိုင္း ကမာၻပတ္ လမ္းေၾကာင္း ျဖစ္တဲ့ ကီလိုမီတာ ၃၀၀ ကေန ၄၀၀ အတြင္းမွာ ေစလႊတ္မွာပါ။ “ လို႔ ေျပာပါတယ္။

Ref : techcrunch

[Unicode]

အိန္ဒိယက ကိုယ်ပိုင် အာကာသစခန်း တည်ဆောက်မည်

အိန္ဒိယက အနာဂတ်မှာ ကိုယ်ပိုင် အာကာသစခန်း တည်ဆောက်မှာ ဖြစ်ပြီး နေနဲ့ ဗီးနပ်စ်ဂြိုလ်များကို သုတေသနပြုလုပ်ကြမှာ ဖြစ်တယ်လို့ ကြာသာပတေးနေ့က ကြေညာလိုက်ပါတယ်။ အိန္ဒိယဟာ အာကာသ နည်းပညာ နယ်ပယ်မှာ ထိပ်တန်းရောက်အောင် ပြုလုပ်ချင်နေပြီး လူငယ်များအား သိပ္ပံပညာ နယ်ပယ်ကို စိတ်ဝင်စားစေချင်နေပါတယ်။

အိန္ဒိယရဲ့ အာကာသ အေဂျင်စီက ၂၀၂၂ ခုနှစ်မှာ အာကာသသို့ ပထမဆုံး လူသားကို ပို့ဆောင်ပေးမယ့် Gaganyaan စီမံကိန်းပြီးနောက်မှာ အာကာသ စခန်းကို တည်ဆောက်မယ်လို့ ပြောပါတယ်။ ဗြိတိန် လက်အောက်ကနေ လွတ်လပ်ရေးရပြီး ၇၅ နှစ်ကြာ အထိမ်းအမှတ်ပွဲ အမှီ ဒီစီမံကိန်းကို ပြုလုပ်မှာ ဖြစ်ပါတယ်။ အစိုးရက Gaganyaan စီမံကိန်းအတွက် ဒေါ်လာ ၁.၅ ဘီလီယမ်ကို ရရှိထားပြီးပါပြီ။

အိန္ဒိယ အာကာသ အေဂျင်စီရဲ့ အကြီးအကဲ ဖြစ်သူ K. Sivan က လာမယ့် ၇ နှစ်အတွင်းမှာ အာကာသစခန်းကို တည်ဆောက်မှာ ဖြစ်ပြီး ၂၀၃၀ ခုနှစ်မှာ စတင် လွှတ်တင်ဖို့ ရည်မှန်းထားတယ်လို့ ပြောပါတယ်။ Sivan က အိန္ဒိယဟာ နိုင်ငံတကာ အာကာသစခန်းမှာ သုတေသနများကို ပြုလုပ်ဖို့ အစီအစဉ် မရှိဘဲ ကိုယ်ပိုင် စခန်းမှာပဲ သုတေသနများကို ပြုလုပ်ချင်တယ်လို့ ပြောပါတယ်။

သူက “ ဒါကျွန်တော်တို့ရည်မှန်းချက်ပါ။ ကိုယ်ပိုင် အာကာသစခန်းကို တည်ဆောက်ချင်ပါတယ်။ ကမ္ဘာ့ ဆွဲငင်အားမဲ့ သုတေသနလုပ်ငန်းများကို ပြုလုပ်မှာပါ။ Gaganyaan စီမံကိန်းကနေ လူ နှစ်ဦးကနေ သုံးဦးကို အာကာသမှာ ၇ ရက်ကြာ နေထိုင်စေမှာ ဖြစ်ပါတယ်။ အာကာသယာဉ်ကို အနိမ့်ပိုင်း ကမ္ဘာပတ် လမ်းကြောင်း ဖြစ်တဲ့ ကီလိုမီတာ ၃၀၀ ကနေ ၄၀၀ အတွင်းမှာ စေလွှတ်မှာပါ။ “ လို့ ပြောပါတယ်။

Ref : techcrunch