Galaxy Note20 စီးရီးဟာ အခုတစ်ပတ်အတွင်း မိတ်ဆက်လာတော့မှာဖြစ်ပြီး သူတို့ရဲ့ အချက်အလက် တော်တော်များများကို သိရပြီးဖြစ်ပေမယ့် စျေးနှုန်းပိုင်းကိုတော့ လုံးဝ မကြားသိရသေးပါဘူး။ ယနေ့မှာတော့ အိန္ဒိယစျေးကွက် အတွက် သူတို့ရဲ့ သတ်မှတ်စျေးနှုန်း စတင်ပေါက်ကြားလာခဲ့ပါတယ်။

အိန္ဒိယစျေးကွက်က Leak အရတော့ Galaxy Note20 ကို ရူပီး ၇၇,၉၉၉ (မြန်မာငွေ ၁၄ သိန်း) နဲ့ ရောင်းချမှာ ဖြစ်ကာ Note20 Ultra 5G ကတော့ ရူပီး ၁၀၅,၉၉၉ (မြန်မာငွေ ၁၉ သိန်းကျော်ကျော်) လို့ ဆိုပါတယ်။ သတင်းရင်းမြစ်ကတော့ ဒီသတင်းတွေဟာ တရားဝင်ဖြစ်ပြီး အိန္ဒိယမှာ ရောင်းချမယ့် Galaxy Note20 ဟာ 4G ဖြစ်တယ်လို့ ပြောထားပါတယ်။ ဒါပေမယ့် ဖုန်းရဲ့ ဘယ်မန်မိုရီအတွဲလဲ ဆိုတာတော့ မဖော်ပြထားပါဘူး။

ဒီဖုန်းတွေဟာ လွန်ခဲ့တဲ့ လပိုင်းအတွင်းက အိန္ဒိယစျေးကွက်မှာ မိတ်ဆက်ခဲ့တဲ့ စမတ်ဖုန်းတိုင်းထက် စျေးကြီးမြင့်နေတာ သံသယ မရှိပါဘူး။ ဒါပေမယ့်လည်း Samsung Galaxy Note Flagship စီးရီး စစ်စစ် ဖြစ်တာကြောင့် အစတည်းကတော့ စျေးချိုသာဖို့ မျှော်လင့်မထားနိုင်ပါ။ ပိုစျေးချိုတဲ့ Galaxy Note အသစ် လိုချင်သူတွေကတော့ Galaxy Note20 Lite ဗားရှင်း ထွက်လာမှာလားလို့ ဆက်မျှော်လင့်ရမှာပါ။

Galaxy Note20 မှာ 6.7” Flat Screen တစ်ခု ပါဝင်ပြီး 60Hz Refresh Rate နဲ့လာမှာပါ။ အိန္ဒိယစျေးကွက်မှာတော့ Exynos 990 ချစ်ပ်ဆက် ဗားရှင်းကို ရောင်းချမှာဖြစ်ပြီး 8GB RAM/256 GB Storage လို့ဆိုပါတယ်။ ကင်မရာပိုင်းမှာတော့ နောက်ဘက်မှာ 12MP + 12MP + 64MP ကင်မရာသုံးလုံးတွဲကို မြင်ရမှာဖြစ်ပြီး 4,300 mAh ဘက္ထရီ ပါမှာပါ။

Ref – GizmoChina