အိန္ဒိယမှာ Google Maps ကြောင့် လူ ၃ ယောက် သေဆုံးသွားတဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ လူ ၃ ယောက်ဟာ ကားနဲ့ Uttar Pradesh မှ မင်္ဂလာဆောင်ကို သွားခဲ့ပါတယ်။ သူတို့ဟာ Google Maps ရဲ့ လမ်းညွှန်ချက်အတိုင်း သွားခဲ့တာ ဖြစ်ပြီး ပြုပြင်နေဆဲ တံတားပေါ်ကနေ Ramganga မြစ်ထဲကို ပြုတ်ကျသွားခဲ့ပါတယ်။

Google Maps Faces Probe In India After Car Falls Off Bridge Killing 3

အနီးအနား ပတ်ဝန်းကျင်မှ လူတွေက သူတို့ကို ကယ်တင်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ၃ ယောက်စလုံး အသက်သေဆုံးသွားခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး Google က စုံစမ်းစစ်ဆေးဖို့ အိန္ဒိယ အာဏာပိုင်တွေကို ကူညီပေးသွားမယ်လို့ ပြောပါတယ်။ Google က “ သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေအတွက် အလွန် စိတ်မကောင်း ဖြစ်မိပါတယ်။ အိန္ဒိယ အာဏာပိုင်တွေနဲ့ အနီးကပ် ပူးပေါင်းပြီး ဒီကိစ္စကို စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ပါတယ်။  “ လို့ ကြေညာထားပါတယ်။

3 men in India navigating with Google Maps die after driving car off incomplete bridge - Mothership.SG - News from Singapore, Asia and around the world

အိန္ဒိယ ရဲဌာနက Google Maps မှ တာဝန်ရှိသူ တစ်ယောက်ကို စုံစမ်းမေးမြန်းနေပါတယ်။ ရဲ အရာရှိ တစ်ယောက်က အဲဒီ တံတားရဲ့ အစိတ်အပိုင်း တစ်ခုဟာ ပြီးခဲ့တဲ့နှစ်မှာ ရေကြီးတဲ့အတွက် ပျက်ဆီးသွားတာလို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၁ နှစ်ကလည်း အိန္ဒိယ နိုင်ငံ ကီရာလာမှာ ဆရာဝန် ၂ ယောက်ဟာ Google Maps လမ်းညွှန်ချက်အတိုင်း ကားမောင်းနေရင်း Periyar မြစ်ထဲကို ပြုတ်ကျသေဆုံးသွားခဲ့ဖူးပါတယ်။

Ref : Economictimes