အိန္ဒိယ အစိုးရဟာ Cryptocurrency ကို Ban မယ့် အစီအစဉ်ကို ဆက်လက် အကောင်အထည် ဖော်နေပါတယ်။ အစိုးရက ဒစ်ဂျစ်တယ် ငွေကြေးတွေ အပေါ် အမြင်တွေ ပျော့ပြောင်းလာမလားဆိုတဲ့ မျှော်လင့်ချက်တွေ ပြီးခဲ့တဲ့ လအနည်းငယ်က ရှိခဲ့ပေမယ့် အခုတော့ မဖြစ်လာတော့ပါဘူး။ အစိုးရက နည်းပညာကို လေ့လာဖို့ တချို့ Cryptocurrency တွေကို ခွင့်ပြုမှာ ဖြစ်ပြီး ကျန်တဲ့ Cryptocurrency အားလုံးကို ပိတ်ပင်မှာပါ။ အစိုးရက ပိတ်ပင်မယ်လို့ ကြေညာပြီးနောက်မှာ အိန္ဒိယက Cryptocurrency ဈေးနှုန်းတွေ ကျဆင်းခဲ့ပါတယ်။

Indian government set to ban cryptocurrencies - Graphic Online

ဆောင်းရာသီမှာ ပြဌာန်းမယ့် Cryptocurrency and Regulation of Official Digital Currency Bill ရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ အခုလို ပိတ်ပင်တာပါလို့ အစိုးရက ပြောပါတယ်။ အစိုးရပိုင် Reserve Band of India (RBI) ရဲ့ တရားဝင် ဒစ်ဂျစ်တယ် ငွေကြေးကို ဖန်တီးဖို့အတွက် အခုလို တခြား Cryptocurrency တွေကို ပိတ်ပင်တာဖြစ်ပါတယ်။

Govt to ban cryptocurrencies, make way for India's own digital currency.  There's a fine print - Hindustan Times

အစိုးရက Cryptocurrency ကို Ban မယ့် အစီအစဉ်ကို ကြေညာပြီးနောက်မှာ ဒစ်ဂျစ်တယ် ငွေကြေးတွေရဲ့ ဈေးနှုန်းတွေ ကျဆင်းသွားပါတယ်။ WazirX အရောင်းအဝယ် Website မှာ Bitcoin ဈေးနှုန်းဟာ ၁၃ ရာခိုင်နှုန်းကျော်နဲ့ Shiba Inu နဲ့ Dogecoin တို့ဟာ ၁၅ ရာခိုင်နှုန်းကျော် ကျဆင်းသွားပါတယ်။

The Crypto Trader စာအုပ်ကို ရေးသားသူ Glen Goodman က အိန္ဒိယ အစိုးရရဲ့ ဒစ်ဂျစ်တယ် ငွေကြေးကို ပိတ်ပင်မယ့် ကြေညာချက်ကြောင့် တစ်ကမ္ဘာလုံးမှာ အကျိုးသက်ရောက်မှုဟာ အနည်းငယ်ပဲ ရှိမယ်လို့ BBC ရဲ့ World Business Report Radio Programme ကို ပြောပါတယ်။

Ref : bbc