Infinix က အိန္ဒိယမှာ Hot 9 နဲ့ Hot 9 Pro ကို ကြေညာလိုက်ပါတယ်။ အဲဒီ ဖုန်း ၂ လုံးရဲ့ အစိတ်အပိုင်းတွေဟာ အများစု တူညီပြီး အဓိက ကွာခြားချက်က Pro မှာ 48MP Main ကင်မရာနဲ့ ရိုးရိုး မော်ဒယ်မှာ 13MP ကင်မရာ ထည့်သွင်းထားတာပါ။

ဖုန်း ၂ လုံးစလုံးမှာ ၆.၆ လက်မ HD+ မျက်နှာပြင် ထည့်သွင်းထားပြီး 20:9 Aspect Ratio ဖြစ်ပါတယ်။ မျက်နှာပြင် ဘယ်ဘက်အထက်နားမှာ Punch Hole တပ်ဆင်ထားပြီး အဲဒီမှာ 8MP ဆဲလ်ဖီး ကင်မရာ ထည့်ထားပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာပါလာပြီး Hot 9 မှာ 13MP Main ကင်မရာနဲ့ Pro မှာ 48MP Main ကင်မရာ ထည့်ထားပါတယ်။ နောက် ကင်မရာတွေက 2MP Macro ၊ 2MP Depth နဲ့ Low Light Sensor တို့ ဖြစ်ပါတယ်။

ဖုန်း ၂ လုံးစလုံးမှာ Helio P22 Chipset မောင်းနှင်ထားပြီး 4GB RAM နဲ့ 64GB Storage တွေ ပါပါတယ်။ 10W Charging ပါတဲ့ 5,000mAh ဘက်ထရီ ထည့်ထားပြီး Android 10 အခြေပြု XOS 6.0 ပါလာပါတယ်။ Infinix Hot 9 Series အတွက် အပြာနဲ့ ခရမ်းရောင် ထုတ်လုပ်ထားပါတယ်။ Hot 9 ကို ၈,၄၉၉ ရူပီး သတ်မှတ်ထားပြီး နောက်လ ၈ ရက်နေ့ ရောင်းမှာပါ။ Hot 9 Pro ကို ၉,၄၉၉ ရူပီး သတ်မှတ်ထားပြီး နောက်လ ၅ ရက်နေ့ ရောင်းမှာပါ။ မြန်မာငွေ ၁ သိန်းခွဲနဲ့ ၁ သိန်း ၇ သောင်းလောက် အသီးသီး ကျသင့်မှာပါ။

Ref : gsmarena