ဟောင်ကောင် အခြေစိုက် Infinix Company က ကင်မရာနဲ့ ဘက်ထရီ အသားပေးထားတဲ့ ဖုန်း အသစ် ၂ လုံးကို ကြေညာလိုက်ပါတယ်။

Infinix Note 7

Infinix Note 7 ဟာ ဖုန်း ၂ လုံးထဲမှာ စွမ်းရည် ပိုလန်းပါတယ်။ ၆.၉၅ လက်မ 1640x720p LCD မျက်နှာပြင် တပ်ဆင်ထားပြီး 16MP ဆဲလ်ဖီး ကင်မရာ ၁ လုံးကို Punch Hole မှာ ထည့်သွင်းထားပါတယ်။ MediaTek Helio G70 Chipset မောင်းနှင်ထားပြီး Octa-core Processor ပါပါတယ်။ 6GB RAM နဲ့ 128GB Storage ထည့်သွင်းထားပါတယ်။

အနောက်ဘက်မှာ 48MP Main, 2MP Macro , 2MP Depth နဲ့ Low-light Video အတွက် သီးသန့် ဆန်ဆာ ၁ လုံးနဲ့ အရှေ့ဘက်မှာ 16MP ကင်မရာ ၁ လုံး ပါပါတယ်။ 18W Fast Charging ထောက်ပံ့တဲ့ အရွယ်ကြီး 5,000mAh ဘက်ထရီက ရက်များစွာ အသုံးခံမှာပါ။ Android 10 အခြေပြု Infinix X OS မောင်းနှင်ထားပါတယ်။

Infinix Note 7 Lite

Note 7 Lite ရဲ့ အနောက်ကင်မရာနဲ့ 5,000mAh ဘက်ထရီတွေက Note 7 နဲ့ တူပေမယ့် 10W Charging ပဲပါပါတယ်။ ၆.၆ လက်မ 1640x720p LCD မျက်နှာပြင် ထည့်ထားပြီး Punch Hole မှာ 8MP ကင်မရာ တပ်ဆင်ထားပါတယ်။ MediaTek Helio P22 Chipset မောင်းနှင်ထားပြီး 4GB RAM, 128GB Storage ပါပါတယ်။

Infinix က အဲဒီ ဖုန်း ၂ လုံးရဲ့ ဈေးနဲ့ ရောင်းမယ့်အချိန်ကို မပြောသေးပါဘူး။

Ref : gsmarena