Infinix ဟာ လက်ရှိအချိန်မှာ စျေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့စမတ်ဖုန်းတွေကို ဆက်တိုက်မိတ်ဆက်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက Infinix ကနေ 160W Fast Charging နည်းပညာကို ပြသခဲ့ပြီး အခုအချိန်မှာတော့ ပိုမိုမြန်ဆန်တဲ့ Fast Charging နည်းပညာအသစ်ကို ထပ်မံပြသလိုက်ပြီဖြစ်ပါတယ်။

အခု Infinix ရဲ့ CEO ဖြစ်တဲ့ Benjamin Jiang ကိုယ်တိုင်က Teaser Video အနေနဲ့ တင်ပြီး ဖော်ပြခဲ့တာဖြစ်ပြီး အခု Charging နည်းပညာကိုတော့ Thunder Charge လို့ နာမည်ပေးထားတာဖြစ်ပါတယ်။ အဆိုပါ Thunder Charge နည်းပညာဟာ အမြင့်ဆုံးအနေနဲ့ 180W အထိ အားသွင်းပေးနိုင်မှာပါ။

ဒါပေမယ့်လည်း Infinix ကနေ ပြသသွားတဲ့ 180W Thunder Charge နည်းပညာဟာ အားသွင်းဖို့အတွက် ဘယ်လောက်အထိ အချိန်ပေးရမလဲဆိုတာကိုတော့ အတိအကျမသိရှိရသေးပါဘူး။ ပြီးခဲ့တဲ့နှစ်တုန်းက Infinix ကနေ ပြသခဲ့တဲ့ 160W Charging စနစ်ဟာ 4000mAh Battery ကို ၁၀ မိနစ်အတွင်း အားသွင်းနိုင်တာကြောင့် အခု 180W Thunder Charge အားသွင်းစနစ်ဟာ ပိုမိုမြန်ဆန်လာနိုင်ပါတယ်။

လောလောဆယ်မှာ Infinix ဟာ Note 12 VIP စမတ်ဖုန်းကို 120W Fast Charging နဲ့ မိတ်ဆက်ထားပြီး အဆိုပါ စမတ်ဖုန်းမှာ 4500mAh Battery ကို ထည့်သွင်းထားတာဖြစ်ပါတယ်။ Infinix Note 12 VIP ဖုန်းဟာ 0-100% အားသွင်းဖို့အတွက် အချိန် ၁၇ မိနစ်ပေးရမှာဖြစ်ပါတယ်။

Ref – GSM Arena