ကားထဲက လေပူတွေ အလျင်အမြန် ဘယ်လိုထုတ်မလဲ

ကားကို နေပူထဲမှာရပ်ပြီးကားပေါ်ပြန်တက်ရင် ကြွပ်ကြွပ်တောက် ပူနေတာကို ခံစားမိကြမှာပါ။ ဒီလို အခြေအနေမှာဆိုရင်ကားရဲ့ ခေါင်းခန်းက ပြတင်းပေါက်တစ်ပေါက်ကို လုံးဝဖွင့်ထားပြီး တခြားတစ်ပေါက်ကို ဖွင့်လိုက်ပိတ်လိုက်လုပ်ပေးရင် အမြန်အေးလာပါလိမ့်မယ်။ အဲ့ဒီကျမှ ကားအဲကွန်းဖွင့်ပြီး ကားစတင်မောင်းလို့ရပါပြီ။

ကားဘော်ဒီအပေါ်က အဆင်းရာတွေကို ဘယ်လို ဖျောက်မလဲ

လက်သည်းနီ အကြည်ရောင်က ကားဘော်ဒီပေါ်က အဆင်းရာတွေကို မမြင်ရအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ လက်သည်းနီအကြည်ရောင်ကို အဆင်းရာတွေအပေါ်မှာ ၂ ထပ် ၃ ထပ်လောက် အုပ်ပေးလိုက်ရင် အဆင်းရာတွေ ကြီးလာတော့မှာမဟုတ်ပါဘူး။

စတစ်ကာ အဟောင်းတွေကို အလွယ်တကူ ဘယ်လိုခွာမလဲ

စတစ်ကာ အဟောင်းတွေကို အလွယ်တကူ ခွာနိုင်ဖို့ သတင်းစာ စက္ကူအဟောင်းကို ရေစွတ်ပြီး စတစ်ကာတွေပေါ်မှာ ၁၀ မိနစ်လောက် အုံထားပေးပါ။ဒါဆိုရင် အလွယ်တကူခွာနိုင်သွားပါလိမ့်မယ်။

သားရေကွင်းနဲ့ စမတ်ဖုန်းကို ကားမှာ ချိတ်မယ်

ဖုန်းချိတ်တဲ့အရာမပါလာဘဲ စမတ်ဖုန်းကို ချိတ်ချင်ရင် သားရေကွင်းနဲ့ ချိတ်လို့ရပါတယ်။

သင့်ကားအတွက် အသုံးဝင်မယ့် နည်းလမ်းများ

ကားအရှေ့မီးကြီး အိမ်ကို သွားတိုက်ဆေးသုံးပြီး သန့်ရှင်းလို့ရ

ကားအရှေ့မီးကြီးအိမ်ကို ကြည်ကြည်လင်လင်နဲ့ သန့်ရှင်းသွားချင်ရင် သွားတိုက်ဆေးနဲ့ သန့်ရှင်းရေးလုပ်လို့ရပါတယ်။

ကားတံခါးမှာ အဆင်းရာမထင်ဖို့ ဘယ်လို ကာကွယ်မလဲ

ကားဂိုထောင်ကျဉ်းကျဉ်းလေးမှာ ကားထားနေရသူတွေအတွက် အသုံးဝင်မယ့်နည်းလမ်းပါဘဲ။ ကားတံခါးနဲ့ တိုက်မယ့်နေရာနားမှာ ဖော့လေး ကပ်ထားလိုက်ရင် ကားတံခါးမှာ အဆင်းရာ ထင်တော့မှာမဟုတ်ပါဘူး။

ခရီးဝေး သွားမယ်ဆိုရင်

တခါတလေ ကားနဲ့ Road Trip ထွက်မယ်ဆိုရင် ကားတစ်ခုခုဖြစ်ရင် အသုံးဝင်မယ့် ကားပစ္စည်းတွေ၊ ဖြစ်နိုင်ရင် Keypad ဖုန်း ၁လုံး (Keypad ဖုန်းတွေက ဘက်ထရီ ပိုကြာရှည်ခံပြီး၊ လိုင်းပိုမိတတ်လို့ပါ)၊ ရေနဲ့အစားအစာတချို့၊ လက်နှိပ်ဓာတ်မီး၊ နွေးထွေးတဲ့အ၀တ်နဲ့စောင်တွေ နဲ့ကျန်းမာရေးအတွက်လိုအပ်မယ့် ပစ္စည်းတွေကို အိတ်တစ်အိတ်နဲ့ ထားထားပါ။ အချိန်မတော် လူပြတ်တဲ့နေရာမှာ ကားပျက်ခဲ့ရင်တောင် အသုံးပြုလို့ရပါတယ်။

ကလေးတွေနဲ့ ခရီးသွားရင်

ကလေးတွေနဲ့ ခရီးသွားရင် Diapers၊ Cream နဲ့ နို့ဗူးတို့ကို အလွယ်တကူယူလို့ရအောင် ကားထိုင်ခုံနောက်မှာ ချိတ်ဆွဲထားပါ။