Instagram ဟာ လွန်ခဲ့တဲ့တစ်နှစ်ကတည်းက သူ့ရဲ့ပလက်ဖောင်းပေါ်မှာ ဆယ်ကျော်သက်လူငယ်တွေကို ဆုံးရှုံးနေတာကြောင့် ဈေးကွက်ရှာဖွေရေ:ဘတ်ဂျက်ရဲ့ ကြီးမားတဲ့ရာခိုင်နှုန်းကို ဆယ်ကျော်သက်တွေအတွက်ပဲ သုံးစွဲဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒီသတင်းကို The New York Times က အမည်မဖော်ပြထားတဲ့သတင်းရင်းမြစ်ကိုကိုးကားပြီး ဖော်ပြခဲ့တာပါ။

“အကယ်၍ အမေရိကန်ကဆယ်ကျော်သက်တွေနဲ့ စီးပွားရေးခြေကုပ်ယူတာပျောက်သွားရင် ငါတို့စီစဉ်ဆောင်ရွက်နေတာတွေလည်း ဆုံးရှုံးသွားလိမ့်မယ်” လို့ ကုမ္ပဏီရဲ့ မှတ်စုတစ်ခုက ဆိုပါတယ်။ ဒီလအစောပိုင်းမှာ Product engineer ဟောင်း Frances Haugen ကတစ်ဆင့် စာရွက်စာတမ်းအချို့ပေါက်ကြားပြီး The Wall Street Journal ဆီရောက်ခဲ့ပါတယ်။

ပေါက်ကြားသွားတဲ့စာရွက်စာတမ်းတွေအရ Facebook ရဲ့ ကိုယ်ပိုင်သုတေသီတွေရှာဖွေတွေ့ရှိထားတာက Instagram ဟာ သုံးစွဲသူလူငယ်တွေအတွက် အထူးအန္တရာယ်ရှိကြောင်း၊ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်မိန်းကလေးတွေဟာ ဒီ App ကိုသုံးခြင်းကြောင့် စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ခြင်းနဲ့ Develop body-image issues စတာတွေဖြစ်လာနိုင်ကြောင်းတွေပဲ ဖြစ်ပါတယ်။

“Facebook ရဲ့ ထုတ်ကုန်တွေဟာ ကလေးငယ်တွေကို ထိခိုက်စေခြင်း၊ သဘောထားကွဲလွဲမှုကိုလှုံ့ဆော်ပေးခြင်း၊ ဒီမိုကရေစီကို အားနည်းစေခြင်းတွေ ဖြစ်စေတယ်” လို့ Haugen က ကွန်ဂရက်မှာ ထွက်ဆိုသွားခဲ့ပါတယ်။ တစ်ဖက်မှာတော့ Facebook က ဆယ်ကျော်သက်တွေအနေနဲ့ အမြဲကြုံတွေ့နေရတဲ့ပြဿနာတွေနဲ့ရုန်းကန်နေရချိန်မှာ ဒီ App ကို သုံးကြတယ်လို့ သုတေသီတွေကပြောကြောင်း ပြန်လည်ချေပခဲ့ပါတယ်။

၂၀၁၈ ခုနှစ်ကစတင်ပြီး Instagram ရဲ့ နှစ်စဉ်ကမ္ဘာ့ဈေးကွက်ရှာဖွေရေးဘတ်ဂျက်လျာထားအသုံးစရိတ်အများစုဟာ ဆယ်ကျော်သက်တွေကိုပဲ ဦးတည်ထားတာတွေ့ရပါတယ်။ ဒီနှစ်အတွက်ဘတ်ဂျက်က ဒေါ်လာ သန်း ၃၉၀ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့မတ်လတုန်းကတော့ Instagram ပေါ်မှာခွင့်မပြုတဲ့ အသက် ၁၃ နှစ်အောက်ကလေးငယ်တွေအတွက် “Instagram for kids platform” တစ်ခုကို ဖန်တီးနေကြောင်း တွေ့ရှိရပါတယ်။

Instagram for kids မှာတော့ ကြော်ငြာတွေမပါဝင်သလို၊ မိဘတွေရဲ့ထိန်းချုပ်မှုအောက်မှာရှိမဲ့အတွက် လူကြီးဗားရှင်းလိုဒီဇိုင်းမျိုးတော့ မဟုတ်ဘူးလို့မျှော်လင့်ရပါတယ်။ ၁၉၉၈ ကလေးသူငယ်များ အွန်လိုင်းလုံခြုံရေးအကာအကွယ်ဥပဒေအရ ကုမ္ပဏီတွေဟာ အသက် ၁၃ နှစ်အောက်ကလေးတွေရဲ့ ကိုယ်ရေ:ကိုယ်တာအချက်အလက်တွေကို စုဆောင်းခြင်း၊ သိုလှောင်ခြင်းတွေမပြုလုပ်ဖို့ ကန့်သတ်ခံထားရပါတယ်။

Ref: Phone Arena